အပိုင်း ၁၁ U+Z

2.4K 209 1
                                    

မနက်စောစော Gulf ကို ဝင်ခေါ်ပြီး ကုမာဏီကို စောစီးစွာ ရောက်လာလေသော Mew

ညက Gulf မေမေဆီမှ ခွင့်ပြုချက်နှင့်အတူ ပျေည်ရွင်စွာဖြင့် အလုပ်ဝင်ရန် ရင်ခုန်နေသော Gulf

ကုမာဏီထဲကို နှစ်ယောက်သား ဝင်လိုက်သည်နှင့် လူတွေအားလုံး ရဲ့အကြည့်က နှစ်ယောက်လုံးပေါ်မှ လုံးဝ မရွေ​့ Mew ကိုတော့ ကုမာဏီရဲ့ CEO မှန်းသိကြလို့ သိပ်တော့ မထူးဆန်းတော့ပေမဲ့ Mew နောက်မှ ကပ်ပါလာသော Gulf ကိုတော့ မသွေ မသိမ်းလိုက်ကြည့်နေကြသည်

Gulf မှာ အလုပ်ကို ပထမဦးဆုံး ဝင်ရလို ရင်တုန်တာရော လူတွေ ဝိုင်းကြည့်နေလို ဘယ်လို ထူပူလို ထူပူမှန်မသိ ခေါင်းလေးငုတ်ကာ လမ်းလျောက်လေသည်

Gulf...ကလေး ဘာဖြစ်နေတာလဲ

ရုတ်တရပ် Mew ရပ်လိုက်ပြီး နောက် ကို လှည့်လိုက်ရာ ခေါင်းသာငုတ်လျောက်ပြီး ရှေ့ကို မကြည့်သဖြင့် Mew ရင်ဘက်ကို ခေါင်းလေးနဲ့တိုက်မိလေသည်

အင့်...

ဘာလို ခေါင်းကြီး ငုတ်ထားရတာတုန်း နားသွားသေးလား...

တယုတယ နှဖူးလေးအား လေဖြင့် မူတ်ပေးလေသည်

ဘေးက ကြည့်နေသူတွေမှာ .ပါးစပ် မစိ နိုင်...ဟလျက်သာရပ်ကြည့်နေကြသည်

Phi... လူတွေ ကြည့်နေတယ်လေ

လူတွေကြည့်တော့ဘာဖြစ်လို့လည်း..

Phi..ကလည်း ပထမဆုံး ရက်လေ ပြီးတော့ ကျွန်တော်စိတ်လှုပ်ရှားနေလို့....ပြီးတော့ လူတွေ အုံကြည့်နေတာ...

Mew ဘေးပါဝန်းကျင့်မှ လူတချို့ကို မျက်ဒေါက်နီဖြင့် မော်ကြည့်လ်ုက်ရာ

အကုန်လုံး ကဗျာကယာ ထွတ်သွားကြလေ သည်...

အောက်ကိုပဲ မကြည့်နေနဲ့နော် ကလေးခလုတ်တိုက်မယ် ဘယ်သူမှ မရှိတော့ဘူး

Gulf မော့ပြီးဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တကယ် ဘာ်သူမှ မရှိတော့ခြေ

ဟူးးးး

ပင်ပန်းနေတာလား ကလေး

ဟာ..Phi ကလည်း
ဘာမှတောင်မလုပ်ရသေးပဲနဲ့ ပင်ပန်းစရာလား
နည်းနည်းလေး စိတ်လှူပ်ရှားနေလို့ပါ..

မင်းဖြစ်နေလို့ (Because you are)Where stories live. Discover now