💙2♥

1.3K 145 2
                                    

Unicode
Open your heart

                         ♥2💙

        သို့ယွင် လှမ်းတားချိန်လေးတောင် မရလိုက်ပေ။ သို့ယွင် မုန့်ပုံးကိုဖွင့်ပြီး လန်ရှန်းဘေးချထားကာ မုန့်တစ်ခုကို နှိုက်ယူလိုက်သည်။ သူထိုင်နေတာက အပေါက်နဲ့ မျက်နှာချင်းဆိုင်မှာမလို့ တစ်လှမ်းနှစ်လှမ်း လျှောက်လိုက်တာနဲ့ အပေါက်ဝသို့ ရောက်သွား၏။

       ပိတ်သားစကို ဖယ်ပြီး

"အင့်....စားကြည့်...."
"မင်းဘာသာဝအောင်စားပါ...."

"ပုံးထဲမှာအများကြီးရှိသေးတယ်....ထွက်လာတာလည်းခရီးတစ်ဝတ်ကျိုးနေပြီဟာကိုမင်းဆာနေမှာပေါ့....ရော့....စားစမ်းပါကွာ....မူမနေပါနဲ့..."

       ဝူကျုံ့အန့် လှမ်းယူ၍

"ကျေးဇူး...."
"အဟက်....."

       သို့ယွင် အနောက်ကိုပြန်လှည့်ကာ ထိုင်လျက်ကနေ မုန့်ထပ်ယူလိုက်သည်။ လန်ရှန်းက ခုံတန်းရှည်၏အလယ်တည့်တည့်မှာ ထိုင်နေတာကြောင့် သို့ယွင် ခုံကိုလက်တစ်ဖက်ကထောက်ပြီး လန်ရှန်းဟိုဘက်က မုန့်ပုံးဆီလက်လှမ်းလိုက်တော့ သူနဲ့လန်ရှန်းရဲ့အကွာအဝေးက နီးကပ်သွားကာ မသိရင် သူကလန်ရှန်းကို ဖက်ချင်နေသလို ဖြစ်နေပြီ။

       သို့ယွင် သူ့လုပ်ရပ်သူ ပြန်သတိထားမိသွားပြီး လန်ရှန်းကိုကြည့်မိတော့ ထိုသူကလည်း သူ့ကိုပြန်ကြည့်နေ၏။ သို့ယွင် မလုံမလဲ စပ်ဖြဲဖြဲလေး လုပ်ပြကာ မုန့်ထပ်ယူ၍ လှည်းမောင်းတဲ့ ကောင်လေးအား ပေးလိုက်သည်။

       မုန့်ပေးပြီးသော်လည်း သို့ယွင် အနောက်ကိုပြန်လာမထိုင်ဘဲ ထိုနေရာ၌သာ ထိုင်ပြီး ခေါင်းအပြင်ဘက်ထွက်ကာစကားတပြောပြောနဲ့ နေ၏။

"ငါတို့ထွက်လာတာဘယ်လောက်ကြာပြီလဲ...ဝူကျုံ့အန့်..."
"ငါးနာရီလောက်ကြာပြီထင်တယ်...."

"အဲ....မင်းရဲ့ရှမျန်းကိုအကြောင်းကြားခဲ့ပြီးပြီလား...သူတောင်ပေါ်ပြန်လာလို့မင်းကိုမတွေ့ရင်ဒေါပွနေအုံးမယ်...."
"ငါတို့ကအဆက်အသွယ်မပြတ်ဘူး...မင်းကောင်လေးကိုသာမင်းဂရုစိုက်စမ်းပါ....မူနေပြီတော့...."

Open your heart (Complete)Where stories live. Discover now