💙3♥

1K 112 2
                                    

Unicode
Open your heart

                          💙3♥

        ဝူကျုံ့အန့်က တောကောင်ကို သူ့ကျောပေါ်တင်ကာသယ်ဆောင်လာသည်။ နံဘေးမှာတော့ လေးနဲ့မြှား ကိုင်ဆောင်လာတဲ့ သို့ယွင်က သူတို့ကိုအပြင်ထွက်စောင့်နေသည့်သူအား ကြောင်ကြည့်နေမိ၏။ ဝူကျုံ့အန့်က ပြုံးစိစိလုပ်၍သာ ဂူထဲဝင်သွားလေသည်။ လန်ရှန်းက ဓားကိုခါးတွင်ချိတ်ဆွဲထားလိုက်ပြီး

"ငါ့ကိုပေး...."
"ဟင်...."

       သို့ယွင် ကြောင်အန်းနေဆဲအချိန်မှာပင် လန်ရှန်းက ဆွဲယူသွားပြီး ဂူထဲဝင်သွားလေရာ သူလည်းအနောက်ကနေ ပြေးလိုက်ရတော့သည်။ အထဲမှာတော့ ထုံးစံအတိုင်း အစားသရဲ ဝူကျုံ့အန့် နဲ့ အစ်စဘယ်က တောကောင်ကိုအရည်စုပ်ကာ ဆားအနည်းငယ်ဖြူး၍ ကင်ရန်ပြင်ဆင်နေ၏။

       မီးပုံကြောင့် ဂူထဲမှာ နွေးနေသည်။ လျိုဝမ်ကျူးနှင့်ကျင့်ဟုန်က သူတို့လမ်းမှာ တွေ့ခဲ့သော ထူးထူးဆန်းဆန်း ရှုခင်းတွေအကြောင်းပြောရင်း ရယ်မောလို့။ ဝူကျုံ့အန့်မှာလည်း ချစ်ရမယ့်သူ ရှမျန်းရှိတာမို့ သို့ယွင် နဲ့ လန်ရှန်းကို သူမလှောင်ရက်ပါ။ ယောကျ်ားဖြစ်စေ မိန်းမဖြစ်စေ အချစ်ကိုခံစားတတ်ကြတာချည်းပဲလေ။

       ယောကျ်ားလေး အချင်းချင်း ချစ်တော့ကော ဘာဖြစ်လဲ။ အဲ့ဒါလည်း အချစ်ပဲမဟုတ်လား။ အစ်စဘယ်က အစကတည်းက သူတို့အား စိတ်ထဲမထားသူမို့ အေးအေးဆေးဆေးပင်။ လျိုဝမ်ကျူးတို့သုံးယောက်က ပိုဆိုးသည်။ သူတို့ဆက်ဆံရေးကို ဟိုးအရင်ကတည်းက သတိထားမိပြီးသားမို့ နားလည်ပေး ထားပြီးသားဖြစ်၏။

        သူတို့အားလုံး မီးပုံအနားမှာ ဝိုင်းထိုင်လိုက်ကြသည်။ လှည်းမောင်းသူ လှည်းသမားများကိုလည်း အထဲသို့ခေါ်လိုက်၏။ အအေးဓာတ်က ပိုလာပြီမို့ ကိုယ်စီအနွေးဝတ်ရုံများခြုံလျက် မီးလှုံနေကြစဥ် သို့ယွင်တို့နှစ်ယောက်က ဘေးချင်းကပ်ရပ်။

       သို့ယွင် ခဏခဏဆိုသလို ဘေးကလူကို ချောင်းကြည့်မိသည်။ ခဏခဏ ဆိုတာထက်ကို များလာပြီ။ သို့သော် လန်ရှန်းကမသိသလိုပဲ သူ့ကို လုံးဝလှည့်မကြည့်ချေ။ ခဏကြာတော့ ညစာရပြီမို့ ရလာတဲ့ရေနွေးနဲ့ အသားကင်ကို ဝိုင်းစားကြတော့သည်။

Open your heart (Complete)Where stories live. Discover now