Open your heart
💙7❤
"လန်ရှန်း.....မင်းအဖေ...."
"သူ့ကိုဂရူစိုက်မနေနဲ့....""အာ.....အဲ့လိုမဟုတ်သေးဘူးလေကွာ....သူကမင်းအဖေလေ...."
လန်ရှန်းခြေလှမ်းတွေ ရပ်သွားတော့ သူလည်းလိုက်ရပ်မိသည်။ သူတို့ရှိနေသည့်နေရာက လူသူရှင်းလင်းသည့် တံတားပေါ်တွင်ဖြစ်နေသည့်အပြင် နှင်းတွေကလည်း တဖွဲဖွဲနဲ့ ကျဆင်းလို့နေသည်။ ထိုစဥ်နန်းတွင်းသူတစ်ယောက်က ဝါးထီးလေးတစ်ချောင်း အပြေးအလွှား လာပေး၏။
"ကျေးဇူးပဲ....."
သို့ယွင် ထီးဖွင့်၍ လန်ရှန်းနဲ့သူ့အပေါ်မှာ မိုးလိုက်သည်။ သို့တိုင်အောင် လန်ရှန်းဆီက ဘာစကားမှ ထွက်မလာပေ။ သို့ယွင် လန်ရှန်းခေါင်းပေါ်က နှင်းဖတ်များကို ဖယ်ရှားပေးရင်း
"မင်းတို့အတိတ်မှာဘာဖြစ်ခဲ့လဲငါမသိဘူး....မင်းအခုဘာလုပ်ချင်လဲ....ဘာဖြစ်ချင်လဲ....ငါမင်းဘေးမှာနေပြီးအကုန်လိုက်လုပ်ပေးမယ်ကွာ....စိတ်ကိုလျှော့လိုက်နော်...."
ထို့နောက် သူတို့သည် နန်းဆောင်ငယ်လေးဆီသို့ ရောက်လာခဲ့၏။ နန်းဆောင်ငယ်လေးထဲမှာ စားပွဲတစ်လုံးနဲ့ ခုံတန်းရှည်နှစ်ခုက စားပွဲကိုအလယ်တွင်ထားကာ မျက်နှာချင်းဆိုင်ရှိနေသည်။ သို့ယွင်က နန်းတွင်းသူတစ်ယောက်အား ပြေးခေါ်၍ ထမင်းပွဲတစ်ခုကို ပြင်ပေးရန် တောင်းဆိုလိုက်သည်။
ပြီးနောက် လန်ရှန်းရှိရာသို့ ပြန်ပြေးလာခဲ့၏။
"လန်ရှန်း....မင်းမနက်စာမစားရသေးဘူးမလား....ခဏနေရောက်လာလိမ့်မယ်....မနက်စာစားပြီးတော့မှကျန်တာဆက်လုပ်ကြတာပေါ့...ဟုတ်ပြီလား...."
"မင်းအကုန်ကြားလိုက်တာလား....""??"
"အကုန်ကြားလိုက်တာလား....""အော်....ကြားတယ်လေ....ဘာတဲ့....မျိုးရိုးကြီးထဲကမိန်းကလေးကိုမင်းနဲ့လက်ထပ်ပေးမယ်ဆိုလား...."
"သို့ယွင်....ငါတို့ပြန်ရအောင်....""အာ....."
"ငါဒီမှာမနေချင်တော့ဘူး....""ရတယ်....ပြန်တာပေါ့....ငါလည်းမင်းသူများနဲ့လက်ထပ်သွားမှာတော့မမြင်ချင်ဘူးအဲ့ဒီအစားအတူတူရင်ဆိုင်ကြမယ်...အဟား....မနက်စာရောက်လာပြီ...."
YOU ARE READING
Open your heart (Complete)