💙5❤

1K 77 2
                                    

Unicode
Open your heart

                         💙5❤

        အနမ်းက မမျှော်လင့်ဘဲ ရောက်လာတာကြောင့် သို့ယွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေဆဲ။ သူ အမြန်ပဲ လန်ရှန်းရင်ခွင်ထဲကနေ ထွက်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ ပေါက်ကွဲထွက်မတတ်ခုန်နေတဲ့ ရင်ဘတ်ကြောင့် သူ့ပါးပြင်တွေ နီရဲလာတာခံစားမိတော့ လက်ကအလိုအလျောက် ပါးပြင်ကို စမ်းသပ်မိသွားသည်။

("ငါ့ပါးတွေပူနေပါလား?")

"သို့...."
"လန်ရှန်း...."

       လန်ရှန်း မခေါ်ခင်သူကအရင် ပြောလိုက်သည်။ မျက်နှာကတော့ လုံးဝလှည့်မကြည့်ချေ။ အေးလှတဲ့ ဆောင်းတွင်းမှာ သူကတော့ ပူနေသလိုတောင် ဖြစ်လာသည်။

"လန်ရှန်း....ငါ....ငါအိမ်ပြန်ရတော့မယ်ထင်တယ်....ငါ....ဟို...ဟိုနားကိုခဏသွားလိုက်အုံးမယ်...."

      သူ ခြေလှမ်းတစ်ချက် လှမ်းလိုက်တယ်ဆိုရင်ပဲ လန်ရှန်းက အနောက်မှသူ့ခါးကို ဖက်တွယ်လာ၏။ သို့ယွင် အပူတို့ပျောက်ရှကာ တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားရပြန်သည်။ လန်ရှန်း ပါးပြင်ကသူ့နားရွက်ကို လာထိသည်။

"သို့ယွင်.....မင်းငါ့ကိုစိတ်ဆိုးသွားတာလား"
"မဟုတ်....ဟို....ငါ...."

"ငါအရမ်းမြန်သွားတယ်....တောင်းပန်ပါတယ်....ငါ့ကိုစိတ်ဆိုးသွားပြီလား..."
"မဆိုးပါဘူး....ဟို....ရုတ်တရက်ကြီးဆိုတော့ငါပြင်ဆင်ချိန်မရလိုက်လို့...."

       သို့ယွင်ခါးပေါ်က လက်သည် တဖြည်းဖြည်း တင်းကျပ်စပြုလာပြီးနောက် သို့ယွင်တစ်ယောက် တစ်ဖက်ရင်ခွင်ထဲ ကပ်သွားရပြန်သည်။ အခုအချိန်ထိ သူဘယ်လိုဆက်လုပ်ရမလဲမသိ၊ ဘာပြောရမှန်းလည်း မသိဖြစ်နေတာကြောင့် ထိုအတိုင်းသာ ရပ်နေမိ၏။ သူသိတာက သူအခုနှလုံးခုန်နေတာ တော်တော်လေးမြန်နေတယ်ဆိုတာပင်။

       သို့ယွင်ရဲ့ခါးသေးသေးလေးက လန်ရှန်းလက်ထဲ ပြည့်သွား၏။

"သို့ယွင်.....မင်းငါ့အပေါ်ခံစားချက်ရှိနေပြီဆိုတာငါသိတယ်တယ်...."

("မင်းကဘယ်လိုကြောင့်သိလိုက်တာတုန်းဟ")

"ငါလည်းမင်းအပေါ်ထပ်တူခံစားတယ်....မဟုတ်ရင်....ငါမင်းကိုနမ်းမှာမဟုတ်ဘူးလေ..."

You've reached the end of published parts.

⏰ Last updated: Nov 22, 2020 ⏰

Add this story to your Library to get notified about new parts!

Open your heart (Complete)Where stories live. Discover now