💙8❤Final

1.9K 125 6
                                    

Open your heart

                          💙8❤Final

"လန်ရှန်း......"
"သို့ယွင်....ဘာဖြစ်တာလဲ"

"ရုတ်တရက်ကြီးငါ့ခန္ဓာကိုယ်ကပူလာလို့....မနေနိုင်တော့ဘူး...."

       သူပြောရင်းဆိုရင်း လန်ရှန်းရေစိမ်နေသည့် ကန်ကြီးထဲ ခုန်ချလိုက်လေတော့သည်။ ယောကျ်ားလေးချင်းပဲမို့ လန်ရှန်းစိတ်ထဲ ဘာမှမထားသော်လည်း သို့ယွင်၏ပူလိုက်တာဟူသော စကားအပေါ်တော့ အနည်းငယ် သံသာဝင်မိ၏။ သူတို့အခန်းက အောက်ထပ်မှာပဲ ယူလိုက်တာမို့ ရေချိုးကန်ကြီးကြီး ရလိုက်လေသည်။

       သို့ယွင်က သူ့ခေါင်းကိုရေထဲနစ်ချလိုက်ပြီး တစ်ခါပြန်ဖော်သည်။ လန်ရှန်းကတော့ သူလုပ်သမျှကို ခဏစူးစမ်းကြည့်နေ၏။ သို့ယွင် မျက်နှာပေါ်ဖြာကျနေသော ဆံနွယ်များကို ဖယ်ရှားပစ်လိုက်ပြီး လန်ရှန်း ဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

"သို့ယွင်အဆင်ပြေရဲ့လား"
"ဒါ....ဒါအဆိပ်မဟုတ်ဘူး"

       နောက်ဆုံးတော့ သူနားလည်သွားပြီ။

"အဆိပ်ထက်ဆိုးတဲ့ဟာ...."
"မင်းဘာဖြစ်သွားသေးလဲ"

       လန်ရှန်း ထလာမည်အပြု သို့ယွင်ကလက်ကြီးဆန့်ကာ အနားမလာရင် တားမြစ်လေသည်။

"မလာနဲ့....."

      မလာနဲ့လို့သာပြောနေတာ လန်ရှန်းရဲ့ဖြူဖွေးပြီး မို့မောက်နေတဲ့ ရင်အုပ်ကြွတ်သားတို့ကို ခိုးကြည့်မိတိုင်း ရေဆာသလိုလိုတောင် ဖြစ်လာလေ၏။ လန်ရှန်း သူနဲ့မနီးမဝေးက လူကိုအကဲခတ်နေတုန်းရှိသေး ထိုလူက သူအနားကို ရောက်လာလေတော့သည်။

"လန်ရှန်း.....ငါ....."

       ရေအောက်ရှိ လန်ရှန်းကိုယ်တစ်ပိုင်းက တင်ပျဥ်ခွေထိုင်ထားတာဖြစ်ပြီး သို့ယွင်ဒူးကလေးကျုံ့ကာ ရောက်လာတော့ ဒူးနှစ်ဖက်ကသူ့ခြေသလုံးကို လာထိလေ၏။ သို့ယွင်ပုံစံက တဖြည်းဖြည်း ပိုဆိုးလာရာ လန်ရှန်းကပဲ လက်တစ်ဖက်ဆန့်လျက် သို့ယွင်ခါးကိုဆွဲယူလိုက်သည်။

"လန်....."

       လန်ရှန်း ကျန်လက်တစ်ဖက်ဖြင့် သို့ယွင်မေးကိုဆွဲမော့ကာ

Open your heart (Complete)Where stories live. Discover now