Zawgyi
Open your heart💙4❤
လန်ရှန်း အိပ်ခုတင်နားဆီသို့ ရောက်ရှိသွားသည်။ သူက ခေါင်းအုံးအောက်က အနွေးဓာတ်ပေးကျောက်တုံးတစ်တုံးကို ထုတ်ယူကြည့်လိုက်စဉ် သို့ယွင်ထံကနေ နှာချေသံတစ်ချက် ကြားလိုက်ရသည်။
"ဟက်ချိုး....အား......ငါနှာစေးတော့မယ်ထင်တယ်...."
လန်ရှန်း ကျောက်တုံးကိုခုတင်အောက်သို့ အသာပြန်ထိုးထည့်လိုက်ပြီး ဧည့်ခန်းဘက်ဆီ ထွက်လာခဲ့သည်။ အပြာရောင်အဆင်တန်ဆာများအောက် အနီရောင်ဓားတစ်လတ်ကတော့ ဖျားတော့မည်။
(Author note - သို့ယွင်ကိုအနီရောင်ဓားတစ်လတ်အဖြစ်တင်စားလိုက်တာပါ")
အခန်းနံရံနဲ့ကပ်နေတဲ့ ဗီဒိုသေးသေးလေးထဲမှ ကြွေပုလင်းတစ်လုံးကို လန်ရှန်း ဆွဲထုတ်လိုက်ပြီး ဆေးတစ်လုံးကိုပါ လက်ထဲထည့်လိုက်သည်။ ပြီးနောက် စားပွဲမှာထိုင်နေတဲ့ သို့ယွင်ထံ လျှောက်လာ၍ ဆေးလုံးလေးကို ပေး၏။
"သောက်....."
"ဟင်....ဆေးလုံးကြီး....""ဆေးကမင်းလက်မလောက်တောင်မရှိဘူး...."
"ကြီးတယ်....ငါ....ငါမသောက်ဘူးလန်ရှန်း...."သို့ယွင် သွတ်သွတ်ခါအောင်ငြင်း၍ မျက်နှာလွှဲသွားသည်။ လန်ရှန်းက သူ့ဓားကိုစားပွဲပေါ်တင်လိုက်ပြီး သူ့ရှေ့ကလူသားရဲ့လက်ကိုစောင့်ဆွဲကာ ထစေလိုက်၏။ သို့ယွင် ရုတ်တရက် အဆွဲခံလိုက်ရတာကြောင့် ရှောင်ချိန်မရလိုက်ပေ။ သူကိုယ်တိုင်ကလည်း မရှောင်ချင်တာပါလိမ့်မည်။
လန်နိုင်ငံဆိုတာ လုံခြုံတယ်လေ။ ပြီးတော့ လန်နိုင်ငံရဲ့ထိပ်တန်းသိုင်းသမား လန်ရှန်းလည်းရှိနေတော့ သူပေါ့ပျက်ပျက်နေလိုက်တာ။ အခုတော့ ကျားကြီးပါးစပ်ဝရောက်သွားပြီ။ လက်ရှိပုံစံမှာ လန်ရှန်းက သူ့ခါးကိုဖက်ထားပြီး အနေအထား နီးကပ်နေသည့် အခြေအနေပင်။ အရပ်ကသိပ်မကွာတာမို့ မော့ကြည့်နေစရာမလိုသော်လည်း အနီးကပ်မှ သူ့ကိုယ်သူနည်းနည်းလေးနိမ့်နေမှန်းသိလိုက်ရလေသည်။
"လန်....လန်ရှန်း...."
"ဒီဆေးသောက်ထားလိုက်....""ငါ....ငါတကယ်မသောက်ရဲတာပါကွာ....တကယ်ပါ....ငါငယ်ငယ်တုန်းကငါ့အမေနဲ့အစ်ကိုအဆိပ်ကြောင့်သေခဲ့ရဖူးတယ်....ငါအဲ့ကတည်းကဆေးဆိုတာကိုကြောက်သွားတာ....ဘယ်လောက်အစွမ်းထက်တဲ့ဆေးဖြစ်ဖြစ်ငါမသောက်ရဲဘူး...."
YOU ARE READING
Open your heart (Complete)