💙6❤

1K 110 5
                                    

Open your heart

                        💙6❤

       အပြာရောင်မီးပုံးပင်လယ်ကြီးအား ငေးကြည့်ပြီးနောက် သူတို့နှစ်ယောက်သည် မြို့ထဲကို လည်ပတ်ရန်အတွက် ထွက်ခွာလာခဲ့သည်။

"မင်းတို့လန်နိုင်ငံရဲ့ရိုးရားပွဲကလှတယ်...."

"လန်ရှန်း....."
"အင်း"

"မင်းတို့နိုင်ငံကလူတွေလက်ထပ်ကြရင်ငါတို့မြို့ကလိုပဲလား...."
"မတူဘူး"

"ဘယ်လိုမတူတာလဲ...."
"ငါတို့ဆီမှာကောင်းကင်ကိုကန်တော့တာတွေ...မိဘကိုဦးညွှတ်တာတွေမလိုဘူး....အရွယ်ရောက်ပြီးသူတိုင်းလက်ထပ်ချင်တယ်ဆိုရင်မြင့်မားရဲတိုက်ကဘုန်းတော်ကြီးဆီမှာသွေးသစ္စာကျိန်ဆိုပြီးကတိဝတ်ပြုလိုက်ရင်ရပြီ...."

"အော်....ရိုးရှင်းလိုက်တာ....ကောင်းတယ်...."

      မြို့စျေးထဲမှာ ယခင်ကထက်ကို လူတွေက စည်းကားနေသေးသည်။ နှစ်ယောက်လုံးက ပျော်ပွဲရွှင်ပွဲမို့ ဓားများကို ထားခဲ့ကြ၏။ ဒီလို လုံခြုံပြီး ပြည်သူအယောက်တိုင်းက သဘောကောင်းကြတဲ့ မြို့မှာ ဘယ်သူကရမ်းကားမှာလဲ။ ရမ်းကားမည့်သူလည်း ရှိမည်မထင်။

      ကလေးစရာအရုပ်များ အစုံအလင်ရောင်းချသူများလည်းရှိသလို လမ်းဘေးစားသောက်ဆိုင်များလည်း ရောင်းလို့မလည်ကြပေ။ လူအုပ်ထဲ တိုးဝှေ့တော့ မိန်းကလေးတစ်ယောက်က သို့ယွင်လက်ကို လာဆွဲသည်။ သို့ယွင်လည်း ပြန်လှည့်ကြည့်ရင်း

"ဘာဖြစ်လို့လဲ....."
"ဒါလေးဝယ်ပါလား...."

      သေချာကြည့်တော့မှ မိန်းကလေးက အသက်၁၂နှစ်သာရှိသေးသည့် ကောင်မလေး ဖြစ်နေသည်။ သူမက ပန်းပွင့်ပုံ မုန့်အဝိုင်းလေးကို သို့ယွင်အား ရောင်းနေ၏။ မျက်လုံးလေးတွေက တောက်ပလို့နေပြီး သို့ယွင် ဝယ်ပါစေလို့ ဆုတောင်းနေသလား မှတ်ရသည်။

       သို့ယွင်ပြုံး၍ ခါးကြားထဲက ငွေတုံးသေးသေးလေး ထုတ်ပေးလိုက်ပြီး

"ဝယ်မယ်...."
"ကျေးဇူးပါနော်....."

"ဒါကဘာမုန့်လဲ...."
"ဒါကဆောင်းဦးပွဲတော်မှာစားတဲ့မုန့်ပါ....ဒီရာသီမှာပဲပွင့်တဲ့နှင်းပန်းနဲ့လုပ်ထားတာချစ်ရသူနဲ့အတူစားရင်ပိုချိုတယ်တဲ့...."

Open your heart (Complete)Where stories live. Discover now