Part 5

14.1K 1.6K 37
                                    

Uni

ပိုင်ယွင်လု တစ်ယောက် တော်ဝင်နန်းဆောင်ထဲ ဟိုလျှောက်လိုက်သည်လျှောက်လိုက် ဖြစ်နေသည်။ မနက်ရောက်တော့ အဆိပ်သင့်တာမရှိတာကြောင့် ပြန်လွှတ်ပေးလိုက်ပေမဲ့ ကုန်းကုန်းကြီးနေရာမှာနေ၍ ဘုရင့်ကိုပြုစုရမည့်ရာထူးကို auto ရသွားလေသည်။ ဘာတဲ့ "မင်းအရည်အချင်းကို သဘောကျလို့ ခန့်တာ" ဆိုပဲ။ ဘာအရည်အချင်းလဲ။

သရဖူကိုတောင်းတဲ့ အရည်အချင်းလား။ ရေကန်ထဲပြုတ်ကျတဲ့ အရည်အချင်းလား။ အား......မသိတော့ဘူး။ ဒီဘုရင် ငါ့ကိုဒုက္ခပေးဦးမယ်လို့ ထင်နေတုန်းပဲ။ ဒါပေမဲ့........ငါ့တာဝန်က သူ့ကိုမြူစွယ်ရမှာမဟုတ်လား။ ဇီးကွက်ကောင် ပြောတဲ့အတိုင်းဆို မင်းသမီးက မနက်ဖြန်ပဲ နန်းတော်ကို ရောက်လာတော့မှာ။ ဘုရင်က မင်းသမီးကို ချစ်သွားလို့မဖြစ်ဘူးလေ။ ပိုင်ယွင်လုနဲ့ ပဲချစ်ရမှာပေါ့............။

"ဟေး ရက်ချ် ။ ငါ့တာဝန်က ပိုင်ယွင်လုနဲ့ ဘုရင်ရန်ပိုင်ရှင်းနဲ့ လက်ထပ်ပြီးရင် ပြီးပြီမလား။"

"ဟုတ်ပါတယ်။ လက်ထပ်ဖို့ပါပဲ။"

"နောက်ကမ်ဘာပြောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ ကြိုပြောထား။"

"ကိုယ့်ဟာကိုယ်သတ်သေလိုက်ပါဗျ။ ခင်ဗျားသေရင် နောက်ကမ်ဘာတန်းပြောင်းသွားမှာ။"

"ဟွန်း..........မသက်သာပါလားဟယ်။"

"ဒီလိုဆိုခင်ဗျားက ရန်ပိုင်ရှင်းကို စပြီးမြူဆွယ်တော့မှာပေါ့။"

"ဒါပေါ့။ ငါလုပ်နိုင်မှာပါ။ ဟုတ်တယ်။"

Saint က မရှိသည့် မုတ်ဆိတ်မွှေးကို တသသပွတ်ရင်း တွေးတွေးဆဆနှင့် ပြောသည်။

"ခင်ဗျားကို တစ်ခုသတိပေးချင်သေးတယ်။"

"အင်း။ ပြောပါဦး"

"ဒီကစားပွဲကလူတွေက Game ထဲက data တွေမဟုတ်ဘူးနော်။ တကယ့်လူတွေမို့လို့ တကယ့်လောက ကလို အသိဉာဏ်ရှိကြတယ်။ မင်း ရန်ပိုင်ရှင်းရဲ့စိတ်ကို လွယ်လွယ်နဲ့ရမယ်မထင်ဘူး။"

"အင်းပါကွာ"

ဒါပေါ့။ သူသိတာပေါ့။ ဒါပေမဲ့ သူ ရန်ပိုင်ရှင်းကို မြူဆွယ်တယ်ဆိုတာကလဲ ရန်ပိုင်ရှင်း သူ့ကို ချစ်လာဖို့မှ မဟုတ်ပဲ။ ဒီတိုင်း သူ့ကို လက်ထပ်ချင်ရုံလောက်ဆို ရပြီလေ။ တကယ်လို့ ရန်ပိုင်ရှင်းကို သူ မမြူဆွယ်နိုင်ရင်တောင် သူ့ကိုလက်ထပ်နိုင်မဲ့ တခြားနည်းလမ်းတွေ ရှိပါသေးသည်။အရင်ဆုံးတော့ မြူဆွယ်တဲ့နည်းလမ်းကို သုံးကြတာပေါ့။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now