Part_37

8.5K 1K 110
                                    

Uni

သူများတွေက အဖြူရောင်၊ ပန်းရောင်လေးတွေနဲ့ လှပနေကြချိန် အနက်ရောင်ဂါဝန်နဲ့တစ်ဦးတည်းသော သူမကို လူတွေက ထူးဆန်းသလိုကြည့်သည်။ တကယ်လို့ဒီပွဲသာ dinner ဆိုအနက်ရောင်ဝတ်တာကိစ္စမရှိပေမဲ့ ခုကစေ့စပ်ပွဲကြီးဖြစ်နေသလို ဝတ်လာသည့်လူကလဲ ပီယာနှင့်မတည့်သည့် လီလီဖြစ်နေတာကြောင့် အကုန်လုံး၏မျက်စိထဲမှာ မင်္ဂလာယူရမည့်ပွဲကို တမင်ရွဲ့ကာ ဝတ်လာတာမျိုးနှင့်ပိုတူနေသည်။

လီလီကတော့ သူမကို ကြည့်နေသည့် ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ထဝီနှင့်လက်ချင်းချိတ်ထားသော ပီယာ့ဆီကိုသာ အပြုံးလေးတစ်ခုနှင့် တန်းတန်းမတ်မတ်လျှောက်သွားသည်။ လီလီ ပီယာ့အနားရောက်သည်နှင့် လူတွေအကုန်လုံး၏ စိတ်ဝင်တစားအကြည့်တွေက သူမတို့နှစ်ယောက်ဆီကို စုပြုံလာသည်။

လီလီက အနောက်မှာ ဝှက်ထားသည့်နှင်းဆီအနက်ရောင်လေးကို ပီယာ့ထံကမ်းပေးပြီး ခပ်ရွဲ့ရွဲ့အပြုံးတို့နှင့် ဗိုလ်ချုပ်ထဝီကို လှမ်းကြည့်သည်။
ဗိုလ်ချုပ်ထဝီက အပြစ်လုပ်မိသလို ခံစားရတာမို့ အားနာကြည့်နှင့်သာ ပြန်တုံ့ပြန်သည်။

“မင်္ဂလာရှိပါစေ ပီယာ။ ဒီနှင်းဆီနက်က ရှားတာကြောင့် သေချာဂရုစိုက်သိမ်းနော်”

မဲ့ပြုံးနှင့်အတူ ဧည့်ခံသည့်နေရာကို ခပ်ဆတ်ဆတ်ခြေလှမ်းတို့နှင့်သွားလိုက်သည်။ သို့ပေမဲ့ ပီယာကအနောက်ကဆွဲထားတာကြောင့် သူမခြေလှမ်းတွေရပ်သွားရသည်။ ပီယာက ဘာမှမပြောပဲ သူမခေါင်းပေါ်ရှိ တစ်ခုထဲသောကလစ်လေးမှာ နှင်းဆီပန်းကိုချိုး၍ ပန်ပေးသည်။ ပြီးမှ နားနားကပ်ကာ ခပ်တိုးတိုးလေးပြောသွားသည်။

“နင်နဲ့ပိုလိုက်တယ်........”

သူမ အားတင်းထားသမျှ ဟန်ဆောင်ထားသမျှအကုန်လဲပြိုကုန်သည်။ ဒီနှင်းဆီနက်သည် ရှားပါးပြီးတန်ဖိုးရှိသလို သူမအတွက် ပီယာကလဲ တန်ဖိုးရှိသည်။ သူမ ပီယာမရှိတဲ့ဘဝကို လုံးလုံးမတွေးရဲပါ။ နောက်ပြီး သူမရှေ့မှာ ဒီလိုမျိုးတစ်ပါးသူနဲ့ တွဲနေတာကိုလဲ လုံးဝမမြင်ချင်။ အဲဒီအစား သူမမျက်လုံးတွေကိုသာ ဖောက်ထုတ်ချင်ပါတော့သည်။ သူမက ရူးရူးမိုက်မိုက်ဆုံးဖြတ်ချက်တစ်ခုကိုချကာ ပီယာ့ရှေ့မှာဒူးထောက်ချလိုက်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now