Part 1

45.4K 2.2K 444
                                    

Uni

Wish this love system

Start time=15.8.2020 11:28am

ကျွန်တော်သေသွားပြီ!

ဟုတ်တယ်။ သေချာပါတယ်။ ဘာမှအဖြစ်မရှိဘဲ သူသေသွားခဲ့တယ်။ အဖြစ်မရှိဘူးဆိုလို့ သူ မကောင်းဘူး။ ညံ့တယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။

သူဟာ သဘောကောင်းပြီး ချောမောတဲ့ အနုပညာရှင်တစ်ယောက်။ အလှူအတန်းတွေလည်းလုပ်သလို ခြင်တောင်မသတ်တဲ့ အဖြူရောင်ကောင်လေး။ သူကခြင်သတ်ဖို့နေနေသာသာ ပုရွက်ဆိတ်တွေ ရေထဲမှာယက်ကန်ယက်ကန် ဖြစ်နေရင်တောင်ကယ်ဆယ်ရေးလုပ်တတ်တဲ့ လူကောင်းလေး။ ဥစ္စာပေါ၊ ရုပ်ချော၊ သဘောကောင်းလေးပါ။

ဒါပေမဲ့...ဒါပေမဲ့ပေါ့လေ။ သူကသေသွားတဲ့အချိန်အထိ FAဖြစ်နေခဲ့တယ်။ ဒါကရင်နာဖွယ်အမှန်တရားပါပဲ။

ဒီအတွက် သူ မြှားနတ်မောင်ဆိုတဲ့ သတ္တဝါကို အကြိမ်ကြိမ် သောက်ပြစ်ပြောခဲ့ပေမဲ့ ရလဒ်က FAအဖြစ်နဲ့ သေသွားတာပဲ။ သူသေတာ ဘာမတော်တဆကြောင့်မှ မဟုတ်ဘူး။ သူ့ရဲ့လက်တွဲဖော်ကို စောင့်ရင်းအဘိုးကြီးဖြစ်ကာ သေရခြင်းပင်။ သူ့မှာ သူ့ရဲ့ လူပျိုဘဝလေးကိုတောင် အသုံးမချလိုက်ရဘူး။ ရင်နာစရာ။

ဒါပေမဲ့ သူကအကောင်းဘက်က တွေးလိုက်ပါတယ်။ ဒီဘဝ မိန်းမ မရလည်း နောက်ဘဝ ရနိုင်ပါသေးတယ်လေ။ သေတာက ဒီလောက်ထိမဆိုးပါဘူး။

“အဟွန်း အဟွန်း”

ရှေ့က ချောင်းဟန့်သံကြားမှ သူရောက်နေတဲ့နေရာကို သတိပြုမိသည်။ တိမ်တွေကြားထဲမှ နေရာတစ်ခု။ လေပြင်းတွေက သူ့ကိုဖြတ်ပြီးတဟူးဟူးမြည်နေကြသည်။

“မင်းက Saint Supapongနော် “

သူ့ရှေ့က ဆံပင်ပန်းရောင်နဲ့ လူငယ်က သူ့ကိုကြည့်ရင်းမေးလာသည်မို့ သူအမြန်ခေါင်းညိတ်ပြလိုက်သည်။သူခေါင်းညိတ်လိုက်တာနဲ့တပြိုင်နက် ထိုလူငယ်လေး၏မျက်နှာမှာ ရှုံ့မဲ့သွားကာ သူ့ကိုလည်း သံသရာအဆက်ဆက်မှ ရန်သူအားတွေ့လိုက်ရသည့် မျက်နှာနှင့် မကျေမနပ် ကြည့်နေလေသည်။

ခဏအကြာမှ ထိုလူငယ်က သူ့ရဲ့ ငွေရောင်ဝတ်ရုံအား တစ်ချက်ခါကာ စတင်ပြောကြားလေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Donde viven las historias. Descúbrelo ahora