Part_56

7.6K 897 22
                                    

Uni

ကားအနက်လေးတစ်စီးသည် ကျယ်ဝန်းလှသော ယာမြေကြီးတစ်ခုဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ ကားတံခါးအဖွင့်တွင် ဆံပင်ကုတ်ဝဲနှင့် အတွင်းရေးမှုးဝတ်စုံလေးဝတ်ဆင်ထားသော ခပ်တစ်တစ် ကောင်မလေးတစ်ယောက်အရင်ဆင်းလာလေသည်။ သူမက နောက်ခန်းက ဝှီးချဲကိုကူထုတ်ပေးကာ ကားတံခါးကိုဖွင့်၍ သူမသူဌေးလေးကို ဝှီးချဲပေါ်တက်နိုင်ရန်ကူညီပေးလိုက်သည်။

“အဆင်သင့်ဖြစ်ပြီလား”

ဝှီးချဲပေါ်ကလူငယ်လေးသည် သူ့နောက်ကကောင်မလေးဆီလှမ်းမေးသည်။ သက်တော်စောင့်နှစ်ယောက်က သူမတို့နှစ်ယောက်ဘေးတွင် ခြံရံလျှက်ရှိသည်။ ကောင်မလေးက အဆင်သင့်ဖြစ်ကြောင်း ပြောလိုက်သည်နှင့် ထိုဝှီးချဲလေးသည် ခြံကျယ်ကြီးထဲသို့ဝင်ရောက်သွားတော့သည်။ ခြံထဲတွင်တော့တစုတရုံးတည်းတည်ရှိနေသော ယာသမားတွေကို မြင်တွေ့နိုင်သည်။ သူတို့သည် ထယ်နမ်ကိုစောင့်နေကြတာဖြစ်ကာ ဆုံးဖြတ်ချက်တစ်ခုခုချဖို့လည်း မျှော်လင့်နေကြသည်။

ဝှီးချဲလေးသည် ယာသမားလူစုရှေ့တွင်ရပ်သွားသည်။ ဒီခြံကျယ်ကြီးသည် မကြာသေးခင်ကပင် ထယ်နမ်ကိုယ်တိုင် ဝယ်ယူခဲ့သောခြံကျယ်ကြီးဖြစ်သည်။ စားသောက်ဆိုင်တွေအများကြီးပိုင်တာမို့ ဟင်းသီးဟင်းရွက်ကိစ္စရပ်တစ်ခုအနေနှင့် ကိုယ်ပိုင်စိုက်ပျိုးနိုင်ဖို့အရေးကို သူမျှော်လင့်ခဲ့တာဖြစ်သည်။ ကိုယ့်ဟင်းသီးဟင်းရွက်နှင့်သာဆိုလျှင် ပိုပြီးဈေးသက်သာမှာဖြစ်သလို ကျန်းမာရေးနှင့်လည်း ကိုက်ညီနိုင်သည်။ ဒီရည်ရွယ်ချက်ကောင်းဖြင့် ခြံထဲမှာပင် နေအိမ်အသေးလေးများဆောက်ပေးကာ အများကြီးအကုန်အကျခံ၍ ယာသမားတွေကိုငှားရမ်းခဲ့သည်။

သို့သော်တစ်လပြည့်လို့ လစာပေးရမည့်အချိန်ကျမှ မန်နေဂျာက ငွေတွေယူပြီးထွက်ပြေးသွားလေသည်။ သူက လူရွေးချယ်ရာမှာ သေချာရွေးတတ်သူဖြစ်ပေမဲ့ ဒီမန်နေဂျာကတော့ သူ့အမေရဲ့မောင်ဖြစ်ကာ သူ့အမေရဲ့တိုက်တွန်းမှုကြောင့် ခန့်အပ်ထားခဲ့ရတာဖြစ်သည်။ အခုတော့ ကိစ္စကြီးပေါ်ပေါက်လာခဲ့ပြီ။ အမေက ဒီကိစ္စကိုမသိသေးတာကြောင့် ဖြေရှင်းဖို့နေနေသာသာ သူ့မောင်ကိုလိုက်ရှာတာနှင့်ပင် အချိန်ကုန်နိုင်သည်။ အလုပ်သမားတွေက လစာမရသေးတာကြောင့် ဆူပူနေကြပြီး အစပထမလလည်းဖြစ်တာကြောင့် အလုပ်ရှင်အပေါ် နားလည်ယုံကြည်မှုနည်းကြသည်။ ဒီတော့ ကျိန်းသေဖြေရှင်းရမည့်တာဝန်က ထယ်နမ့်ခေါင်းပေါ်ကျရောက်လာတော့သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now