Part-62

7.1K 883 129
                                    

Uni

အခန်းတံခါးကိုကိုင်လိုက်သည့်လက်သည် အထဲမှကွဲသံတစ်ချို့ကြောင့် ပိုမြန်သွားသည်။ ဒါပေမဲ့ တံခါးဖွင့်လိုက်သည့်အခါမှာတော့ သူမ ဒီလုပ်ရပ်အတွက် အပြစ်ရှိသလိုခံစားမိသွားသည်။ အထဲမှာက ခပ်ချောချောကောင်မလေးနှင့် သူဌေးလေးတို့သည် ကုတင်ပေါ်တွင် အတူတူထိုင်နေကာ သူတို့၏ခြေရင်းမှာတော့ ဖန်ခွက်တစ်လုံးသည် ကွဲလျက်တည်ရှိသည်။

“နင်ဘာလုပ်တာလဲ။ တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား။ နေပါဉီး။ နင်က ဘယ်သူလဲ။"

ချောမောလှပပြီးအထက်တန်းစားအဝတ်တွေကို ဝတ်ဆင်ထားသည့် ကောင်မလေးက သူမကို ဆူလိုက်သည်။ ဒါပေါ့။ အမှန်ဆို သူမ တံခါးခေါက်လိုက်သင့်တယ်မဟုတ်ဘူးလား။ အခုတော့ သူမကြောင့် သူဌေးလေးတို့နှစ်ယောက်ရဲ့ ဘယ်လိုကြည်နူးစရာအခိုက်အတန့်တွေများ လွတ်သွားခဲ့မလဲ။ သူမ မသိနိုင်ဘူးလေ။

“တောင်းပန်ပါတယ်မမလေး။ ကျွန်မကွဲသံကြားလို့ နည်းနည်းပျာယာခတ်သွားတာပါ။ကျွန်မက nurse ပါ။ တောင်းပန်ပါတယ်။”

ခါးကိုညွတ်ကာတောင်းပန်လိုက်တာတောင် ကြည့်သည့်အကြည့်တွေက စူးစူးဝါးဝါး။ ဆူယောင်းကလည်း နာရာ့ကိုအရမ်းစိတ်ဆိုးတာမျိုးမဟုတ်ပေမဲ့ စိတ်မကြည်သည့်အခိုက်မှာ ဖြစ်သွားတာမို့ ဒေါသပုံချလို့ရတဲ့လူအပေါ် အကုန်လုံးပုံချလိုက်သည့်သဘောပင်။

“ထားတော့။ အဲဒီဖန်ကွဲစတွေကို သန့်ရှင်းသွားပေးပါ။”

“ဟုတ်ကဲ့။”

“မဟုတ်ဘူး။ အဒေါ်ကြီးကိုခိုင်းလိုက်ပါ။ မင်းမလုပ်ပါနဲ့။”

အနောက်ကထွက်လာသည့် ထယ်နမ့်အသံကြောင့် ဆူယောင်းပိုပြီးစိတ်ရှုပ်သလိုခံစားလိုက်ရသည်။ ဒါပေမဲ့ဘာမှတော့ဆက်မပြောတော့။ ပြောချင်စိတ်လည်းကုန်ခမ်းနေပြီဖြစ်ကာ ငိုလည်းငိုချင်နေမိပြီ။ အခု သူမရဲ့ကံကြမ္မာက ဘယ်လိုမျိုးလဲ ဆိုတာ ဘယ်သူကသိနိုင်တော့မှာလဲ။ ကိုကိုအင်းထယ်က တကယ်သူမကို မချစ်ဘူးဆိုရင် သူမဟာ ဒီမျက်မမြင်နဲ့ပဲ လက်ထပ်ရတော့မဲ့ အခြေအနေမျိုးဖြစ်နေလေပြီ။ သူမရဲ့ဘဝက ဒီလိုပဲအဆုံးသတ်တော့မှာပဲလား။ မတွေးချင်တော့။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now