"အသက်ထတော့လေ။ မနက်စာ စားတာ နောက်ကျသွားရင် အစာအိမ်တစ်ခုခုဖြစ်မယ် အသက်"
Yoongi ပါးအိအိလေးကို လက်ညိုးလေးနှင့် ခပ်ဖွဖွထိုးကာ နှိုးနေသည့် Jung Kook ကြောင့် Yoongi ဟာ အင်း၊ အဲတောင် ပြုလုပ်ခြင်းမရှိပဲ ဆက်အိပ်နေဆဲပင်။
"အသက် မောင် အလုပ်နောက်ကျတော့မယ်ဗျ။ အသက် အလုပ်မလိုက်တော့ဘူးလားဗျ"
Yoongi နားကိုကပ်ကာ ပြောလိုက်တာကြောင့် အိပ်ချင်မူးတူးနှင့် ထထိုင်လိုက်တော့သည်။ ထိုအခါ Jung Kook Yoongi ပါးလေးကို ဖိကပ်နမ်းလိုက်တော့သည်။
"ပြန်မအိပ်နဲ့တော့နော်။ မောင်
အောက်မှာ စောင့်နေမယ်""အင်း ခဏနေ ဆင်းလာခဲ့မယ် Jung Kook"
Jung Kook Yoongi ကို အဝတ်အစား ထုတ်ပေးပြီး အောက်ဆင်းသွားလိုက်တော့သည်။ Yoongi သန့်ရှင်းရေး မြန်မြန်လုပ်လိုက်ကာ Jung Kook ထုတ်ပေးထားသည့် အဝတ်အစားတွေကို ဝတ်ရင်းနှင့် အောက်ဆင်းသွားလိုက်တော့သည်။
ထမင်းစားပွဲကို ရောက်တော့ Jung Kook ဟာ သူ့ကို အရင်လို အဆင်သင့် ဇွန်းနှင့်ခပ်စားရုံသာ ပြင်ဆင်ပေးထားတော့သည်။ ဆံပင်ရှည်တွေကို မစည်းပဲ ချထားတာတောင် Jung Kook ဟာ မျက်စိမရှုပ်စေပဲ ကြည့်လို့ကောင်းနေဆဲပင်။ သူတို့နှစ်ယောက်က အနက်ရောင်တွေသာ ဝတ်တာများသည်မို့ အခုလဲ နှစ်ယောက်လုံး အနက်တွေနှင့်ပင်။ Jung Kook က ကိုယ်ကျပ်အနက်ရောင် အင်္ကျီနှင့် စတိုင်လ်ဘောင်းဘီ အနက်ရောင်ကို တွဲဝတ်ထားကာ သွားခံနီးမှ ကုတ်အရှည်ထပ်သွားမည့်ပုံပင်။
Yoongi က Jung Kook ထုတ်ပေးထားတာကို ဝတ်ထားသည်မို့ ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီလက်ရှည်အနက်နှင့် ဘောင်းဘီရှည် အနက်ရောင်ကို တွဲဝတ်ထားတော့သည်။ Jung Kook သူ့ကို ဘယ်တော့မှ အတိုတွေ ပေးမဝတ်ခဲ့ပေ။
"မောင်ခွံ့ကျွေးရမလား အသက်"
Yoongi ခေါင်းငြိမ့်ပြလိုက်သည်။ သူဒီနောက်ပိုင်း တကယ်ကို ပျင်းလာတာပင်။ ဘယ်အရာမဆို Jung Kook ပါမှ ပြီးသည်။ မဟုတ်ရင် တို့စိတို့စိလုပ်နေကာ အချိန်တော်တော်ကြာတဲ့အထိကို မပြီးမစီးနိုင်ပေ။ အကြောင်းသိသည့် Jung Kook က Yoongi နားက မခွာတော့ပဲ အကုန်လုံးကို စိတ်ရှည်စွာ ထိုင်လုပ်ပေးတော့သည်။
YOU ARE READING
KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||
ФанфикMin_TaeHyung93 Comeback With KILLER JEON × MIN #March - 9 - 2023 #September - 14 - 2023