EXTRA

667 57 8
                                    

[ ကောင်လေးတွေကို ထိခိုက်လိုစေချင်တဲ့စိတ် မရှိပါဘူးနော်။ အသုံးအနှုန်းတွေနဲ့ ဇာတ်လမ်းပုံစံက အမြင်မသင့်တာမျိုး ဖြစ်တာမို့လို့ အဆင်ပြေမှ ဖတ်စေချင်ပါတယ်ဗျ။ နောက်ပြီး ဒီအတိုင်း ဇာတ်လမ်းလို့ပဲ မြင်စေချင်ပါတယ်ဗျ။ ]
________

"အသက် ဘာလိုချင်လို့လဲ"

Jung Kook ဒိုက်ထိုးနေတာကို ကျောကုန်းပေါ် တက်ထိုင်လာသည့် Yoongi ဟာ ထိုသို့လုပ်ရတာကို သဘောကျနေပုံပင်။

"ဘာမှမလိုချင်ပါဘူး။ မင်း လေ့ကျင့်ခန်း ဆက်လုပ်လေ။ ငါဒီအတိုင်းလေး ထိုင်ချင်လို့"

ထိုကြောင့် Jung Kook Yoongi ကို ကျောကုန်းပေါ်တင်ကာ ဒိုက်ထိုးတာကို ဆက်လုပ်နေတော့သည်။ Yoongi ခန္ဓာကိုယ်က ပေါ့တာကြောင့် Jung Kook အနေနှင့် မခက်ခဲသလို ကျင့်သားလဲရနေပြီပင်။

"မင်းကအရမ်းမိုက်တာပဲ။ ငါ့ကိုတောင် တင်ထားနိုင်တယ်။ မင်းခန္ဓာကိုယ်ကိုကြည့်ပြီး ငါမနာလိုတောင်ဖြစ်လာပြီ"

"ဘာကိုမနာလိုစရာရှိလဲ အသက်ရယ်။ အသက်ပိုင်တာပဲကို"

ထိုစကားကြောင့် Yoongi သဘောတကျ ရယ်လိုက်သည်။

"ငါပိုင်တာမှန်ပေမယ့် ငါ့ခန္ဓာကိုယ်က မင်းလိုမှမဟုတ်တာ။ ဒါနဲ့ မင်းဒိုက်ထိုးနေတာ ဘယ်နှစ်ခါရှိပြီလဲ"

"၁၀၀ကျော်နေပြီထင်တယ်။ အသက်မရောက်ခင်အထိပဲ မောင်မှတ်ထားတာ"

Yoongi ခေါင်းငြိမ့်ရင်းနှင့် Jung Kook ကျောကုန်းပေါ်က ဆင်းပြီးတော့ Jung Kook အောက်မှာလှဲချလိုက်တာမို့ လေ့ကျင့်ခန်းလုပ်နေသည့် Jung Kook နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။

"အသက်က ကိုယ့်အန္တရာယ်တွင်းထဲ ကိုယ်ဆင်းဝင်လာတာပဲ။ မောင့်လက်က လွတ်မယ်မထင်နဲ့နော်"

လေ့ကျင့်ခန်းလုပ်ထားတာကြောင့် ဆံပင်တွေနှင့် မျက်နှာမှာ ချွေးတွေရှိနေတာတောင် ကြည့်ကောင်းနေသည့် Jung Kook မျက်နှာဟာ အပြုံးခပ်သဲ့သဲ့နှင့် မျက်ဝန်းက နူးညံ့မှုတွေကိုပါ ပေါင်းထည့်လိုက်ရင် သေလောက်အောင် ကြည့်ကောင်းနေတာမို့ Yoongi မှာ ရင်ခုန်သံတွေမြန်ကာ နားရွက်တွေပါ နီရဲလာတော့သည်။

KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||Where stories live. Discover now