"Jeon Jung Kook ငါသာမသိခဲ့ရင် မင်းငါ့ကို ဘယ်ချိန်ထိ ဆက်လိမ်နေအုံးမှာလဲ။ မင်းအမြင်မှာ ငါက အဲ့လောက်အနေတာလား
Jeon Jung Kook""အသက် မောင်အဲ့လိုမတွေးခဲ့ပါဘူး။
မောင်က ကြောက်နေခဲ့ရုံပါ""ငါ့ကိုအဲ့လိုမခေါ်စမ်းနဲ့ Jeon Jung Kook။ ငါမင်းကို တကယ်ကြောက်နေမိပြီ"
ထိုစကားကြောင့် Jung Kook နှလုံးသားဟာ နာကျင်လာမိနေသည်။ Yoongi က လေပြေအေးအေးလေနဲ့သာ သူ့ကိုပြောနေပေမယ့် စကားလုံးတိုင်းကတော့ သူ့နှလုံးသားကို အဆိပ်သင့်စေသည်။
စိတ်ဆိုးနေသည့် လူတစ်ယောက်က အော်ဟစ်သောင်းကျန်းတတ်ကြပေမယ့် စိတ်ပျက်သွားသည့် လူတစ်ယောက်ကတော့ တိတ်ဆိတ်ခြင်းနှင့် အေးစက်ခြင်းကိုသာ ဖော်ပြလေ့ရှိသည်လေ။
"မောင့်ကိုစိတ်ပျက်သွားတာလားဟင်။
မောင်က အသက်ကို မလိမ်ညာချင်ခဲ့ပါဘူး။ မောင်...မောင်က ကြောက်နေခဲ့ရုံပါ""မင်းလိုလူက ကြောက်နေတာတဲ့လား။ လာမညာစမ်းနဲ့ Jeon Jung Kook။ မင်းမှာ နှလုံးသားရော ရှိသေးရဲ့လား။ လူ ၂၂ ယောက်ကို မင်းဘယ်လိုစိတ်နဲ့များ သတ်နိုင်ရတာလဲ Jeon Jung Kook။ ငါ့ကိုရော မင်းဘာလို့ ဒီလိုလုပ်ရက်ရတာလဲ"
ထိုစကားပြောအပြီးမှာ Yoongi ရင်ဘတ်ထဲက နာကျင်နေရတော့သည်။ မျက်ရည်မကျလာအောင် Yoongi မနည်းထိန်းထားရတာပင်။ သူမျက်ရည်တွေကျလာရင် Jung Kook ဟာ ထပ်လှောင်ရယ်နေလိမ့်ဦးမည် မဟုတ်လား။
*မင်းလုပ်ရက်နိုင်လိုက်တာ Jung Kook ရာ။ မင်းကိုသိပ်ချစ်တဲ့ ငါ့ကိုမှလေ*
"မောင် လူတွေသတ်ခဲ့တယ်ဆိုတာ မောင်ဝန်ခံပါတယ်။ ဒါပေမယ့် အသက်ကို တကယ် ကစားခဲ့တာမဟုတ်ပါဘူး။ လူသတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြတစ်ခုတည်းနဲ့ မောင့်အချစ်တွေကိုပါ မဖျက်စီးပြစ်လိုက်ပါနဲ့။ မောင် အသက်နဲ့ တူတူရှိလာတဲ့ နေ့ရက်တိုင်းမှာ အသက်ကို အတုအယောင်တစ်ခုတောင် မပေးဖူးပါဘူး"
"မင်းပေးခဲ့တာပဲလေ Jeon Jung Kook။ ငါ့နားမှာရှိခဲ့တဲ့ မင်းရဲ့ဖြစ်တည်မှုကိုက အတုအယောင်လေ။ မင်းက ငါငယ်ငယ်တုန်းက သိကျွမ်းခဲ့တဲ့ ကောင်ငယ်လေးမဟုတ်တော့ဘူး
Jeon Jung Kook။ အခု မင်းက...မင်းက..."
YOU ARE READING
KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||
FanficMin_TaeHyung93 Comeback With KILLER JEON × MIN #March - 9 - 2023 #September - 14 - 2023