ရုတ်တရပ်ကြီး သူ့ကိုအတင်းဖိကပ်နမ်းနေသည့် Jung Kook ကို Yoongi တွန်းထုတ်နေတော့သည်။ အသိစိတ်လွတ်နေပုံရသည့် Jung Kook ကြောင့် Yoongi ကြောက်လာမိတော့သည်။ အတင်းဖိနမ်းနေသည့်အပြင် လက်တွေကလဲ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သတ်လာတာမို့ Yoongi စိမ်းသက်နေသည့် ခံစားချက်ရော ဖြစ်နေတာကြောင့် မျက်ရည်တွေပါ ဝဲလာမိတော့သည်။
"Jeon Jung Kook!! ငါ့ကိုအတင်းအကြပ်မလုပ်စမ်းနဲ့။
ငါမကြိုက်ဘူး Jeon Jung Kook! အ!"Yoongi ရဲ့ တွန်းထုတ်နေသည့် လက်နှစ်ဖက်ကို အပေါ်သို့မြှောက်ပြီး သူ့လက်နှင့် အားထည့်ကာ ဖိချလိုက်သည်မို့ Yoongi ဆီက Jung Kook နာကျင်သည့် အသံထွက်လာတော့သည်။ ထိုအခါမှသာ Jung Kook အသိစိတ်ဝင်လာတော့သည်။
သူ့ကိုကြောက်လန့်စွာနှင့် ကြည့်နေသည့် မျက်ဝန်းငယ်တွေထဲမှာ မျက်ရည်ဥလေးတွေပါ ရှိနေသည်မို့ Jung Kook စိုးရိမ်သွားမိသည်။ သူဘာတွေ လုပ်မိသွားတာလဲ။ သူသိပ်ချစ်ရတဲ့လူသားကို သူကိုယ်တိုင် နာကျင်အောင်လုပ်မိနေတာလား။ Jung Kook ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတဲ့စိတ်တွေကြောင့် Yoongi အပေါ်က အမြန်ဖယ်ပေးလိုက်တော့သည်။ ထို့နောက် ဒူးထောက်ကာ ခေါင်းစိုက်ကျသွားတော့သည်။
*မင်းဘာတွေလုပ်လိုက်တာလဲ Jeon Jung Kook ရာ။ မင်းရူးသွားပြီလား။ မင်းမြတ်နိုးရတဲ့လူကို နာကျင်အောင် လုပ်လိုက်တာလား"
"မောင်တောင်းပန်ပါတယ်နော်။ မောင် အသက်ကို ထိခိုက်အောင်မလုပ်ချင်ခဲ့ပါဘူး။ မောင့်အနားက ထွက်သွားမယ်ပြောတော့ မောင်စိတ်လွတ်သွားတာပါ။ မောင် တောင်းပန်ပါတယ် ဟင့်။ မောင့်ကိုမမုန်းလိုက်ပါနဲ့နော်။ မောင့်ကိုလဲ မမောင်းထုတ်ပါနဲ့ ဟင့်။ မောင့်မှာ အသက်ပဲရှိလို့ပါ။ မောင့်ကိုမမုန်းလိုက်ပါနဲ့နော်"
ရှိုက်သံတွေနှင့် ပြောလာသည့် Jung Kook ကြောင့် Yoongi လန့်သွားတော့သည်။ ထို့ကြောင့် အောက်ကိုငုံထားသည့် Jung Kook မျက်နှာကို ယူကြည့်လိုက်တော့ တကယ်ပင်ငိုနေသည်။ ခုနကလိုလဲ မျက်ရည်တွေကို သုတ်ပြစ်ခြင်းမရှိပဲ သူ့ကိုတောင်းပန်သည့် မျက်ဝန်းတွေနှင့်သာ ကြည့်လာတော့သည်။
"မောင့်ကိုမမုန်းပါနဲ့နော်။ အသက်ကို နာကျင်အောင် မလုပ်ချင်ခဲ့ပါဘူး။ ရည်ရွယ်ချက်လဲမရှိပါဘူး။
မောင့်ကိုမမုန်းပါနဲ့နော် အသက်"

YOU ARE READING
KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||
FanficMin_TaeHyung93 Comeback With KILLER JEON × MIN #March - 9 - 2023 #September - 14 - 2023