ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် Yoongi အားနေတာမို့ ဖုန်းသုံးရင်းနှင့် တက်လာသည့် ပုံတစ်ချို့ကြောင့် ဒေါသထွက်သွားတော့သည်။ သူ့မျက်လုံးတွေတောင် သူမယုံနိုင်ပေ။
"အား! Jeon Jung Kook!"
"ဗျာ...မောင့်ကိုခေါ်တာလား"
"အေး မင်းကိုခေါ်တာ။ ငါ့နားကိုလာခဲ့စမ်း"
Jung Kook သူ့အနားရောက်လာတော့ Yoongi ဖုန်းကိုထိုးပေးလိုက်တော့သည်။ ရုတ်တရက်ကြီး ဒေါသထွက်နေသည့် Yoongi ကို ကြည့်ရင်
Jung Kook တံတွေးသာမြိုချမိနေသည်။ အင်း သူတော့ ဘယ်ချိန်လည်မျိုနင်းခံရမလဲမသိ။ ဒေါသအိုးလေးကို ချစ်မိတာလဲ မလွယ်ပါလားနော်။"ဒါဘာတွေလဲ Jeon Jung Kook!"
Yoongi ဒေါသထွက်နေသည့်ပုံစံကြောင့် Jung Kook ဖုန်းကိုကြည့်လိုက်တော့ သူ့ရဲ့အသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့သည်။ ဟိုတလောကမှ လက်ခံလိုက်သည့် ကြော်ညာပင်။ အပေါ်ပိုင်းကို ဂျင်းအင်္ကျီအရှည်နှင့် အောက်ခံရှပ်မပါတာကြောင့် သူ့ရဲ့ကြည့်ကောင်းသည့် ခန္ဓာကိုယ်ကို ဖော်ပြထားသည့် ပုံတွေပင်။ ပြောရရင်
Calvin Klein Brand ရဲ့ Model လုပ်ထားသည့် ပုံတွေပင်။"အသက်ရယ် ဒါကလုပ်ငန်းသဘောအရပါ။ ပြီးတော့ မောင်အပေါ်ပိုင်းပဲ ဖော်ထားတာပါ အသက်ရဲ့"
"မင်းက အောက်ပိုင်းကိုပါ ဖော်ချင်လို့လားဟမ်။ မင်းအဲ့ပုံစံနဲ့ ဘယ်နှစ်ယောက်ကို ဆွဲဆောင်ပြီးပြီလဲဟမ် Jeon Jung Kook"
သဝန်တိုကာ သူ့ကိုဆူပူနေသည့် Yoongi ကြောင့် Jung Kook အသံထွက်အောင် ရယ်မိသွားသည်။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ။ Yoongi ကတော့ Jung Kook ရယ်သံကြောင့် မျက်မှောင်ကျုံ့လာတော့သည်။
"ရယ်ရလားဟမ်။ ရယ်စရာပါတယ်ပေါ့
Jeon Jung Kook"ထိုစကားကြောင့် Jung Kook မှာ ရယ်နေတာကို အရှိန်သတ်လိုက်ရသည်။ သူ့ဒေါသအိုးလေးကိုတော့ သူကြောက်ပါသည်။
"သဝန်မတိုနေပါနဲ့ဗျာ။ မောင့်ကိုအသက်ပဲပိုင်တာ။ ဒါကအလုပ်သဘောအရပဲ။ မောင့်နှလုံးသားကတော့ အသက်ဆီမှာပဲ"
Jung Kook Yoongi ဘေးဝင်ထိုင်ပြီး ကပ်ချွဲကာပြောနေတော့သည်။ Yoongi ကတော့ မကျေနပ်သေးပေ။ ဘယ်လောက်ပဲ အလုပ်သဘောဆိုဆို သူသဝန်တိုသည်။ သူ့ကောင်လေးရဲ့ အစိတ်အပိုင်းတွေကို တခြားသူကြည့်မှာကိုတောင် သူတွန့်တိုသည်။ သူပိုင်တဲ့ဟာတွေကိုတဲ့....အဲ့လိုကြီး ရက်ရက်ရောရောပြလို့ ဖြစ်မလားလို့။
YOU ARE READING
KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||
FanficMin_TaeHyung93 Comeback With KILLER JEON × MIN #March - 9 - 2023 #September - 14 - 2023