3

916 87 32
                                    

"မင်းစီးကရက်တွေ ခိုးသောက်လာတာလား
Jung Kook"

"မဟုတ်ပါဘူး အသက်ရဲ့"

နှာခေါင်းတရှုံရှုံနှင့် သူ့နားကိုကပ်လာသည့် Yoongi ကြောင့် Jung Kook ပြုံးလိုက်သည်။ ချစ်သူဆိုသည့် အဆင့်တက်ပြီးကတည်းက Jung Kook ဟာ သူ့အိမ်မှာ Yoongi ကို လာပြောင်းနေခိုင်းခဲ့သည်။ အစကတော့ Yoongi ဟာ ငြင်းပေမယ့် Yoongi မပြောင်းမချင်း လုပ်နေသည့် Jung Kook ရဲ့ ဂျစ်တစ်တစ် အပြုအမူတွေကြောင့် လက်ခံကာ ပြောင်းနေလိုက်ရတာပင်။

Yoongi ဟာ စီးကရက်သောက်ဖို့မပြောနှင့်။ အနံ့ကိုတောင် မုန်းသည့်လူပင်။ Jung Kook ကတော့ တခါတလေသောက်လေ့ရှိသည်။ Yoongi က မကြိုက်တာကြောင့် Jung Kook စီးကရက်သောက်လာတာနှင့် တစ်ညလုံးထိုင်ရစ်တော့သည်။ ထို့အပြင် အနားတောင်အကပ်မခံပေ။ ထို့ကြောင့် Jung Kook မှာ စီးကရက်သောက်ချင်ရင်တောင် ရှောင်နေလိုက်သည်။

"မလိမ်နဲ့နော် Jung Kook။ မင်းကိုယ်ပေါ်မှာ စီးကရက်အနံ့တွေနဲ့..."

"မောင်မလိမ်ရပါဘူး အသက်ရယ်။ ဒီစီးကရက်အနံ့တွေက ဧည့်သည်တွေနဲ့ တွေ့တုန်းက သူတို့က စီးကရက်ထုတ်သောက်ကြတယ်လေ။ အဲ့တာကြောင့် မောင့်စီမှာပါ အနံ့ပါလာတာဖြစ်မှာပါ"

"ဟုတ်ပါပြီ။ မင်းမသောက်ဘူးဆိုရင်လဲ ပြီးတာပါပဲ Jung Kook"

"အသက် စီးကရက်အနံ့ကို မကြိုက်ဘူးဆိုရင် မောင်ရေသွားချိုးလိုက်မယ်နော်။ ပြီးရင် အသက်က မောင့်ကိုနမ်းပေး အဆင်ပြေလား"

"အင်း မကြာစေနဲ့ ဖျားမယ် Jung Kook"

Jung Kook ပြုံးလိုက်ပြီး ရေချိုးခန်း သွားလိုက်တော့သည်။ Yoongi Jung Kook ရေချိုးနေတုန်း အလုပ်ကိစ္စတွေကို စီစဉ်နေလိုက်သည်။ လူသတ်သမားက တော်တော်ငြိမ်နေတာကြောင့် Yoongi တို့အဖွဲ့က ထိုအမှုကိုမလွတ်စေသလို တခြားဆေးအမှုတစ်ခုကိုလည်း လိုက်နေသည်။

နစ်နာသူနောက်ဆုံးတစ်ယောက်ကိုသာ ရှာဖွေဖို့ကျန်တော့သလို လူသတ်သမားကိုလည်း အနည်းငယ် အရိပ်အမွှက်လေးရလာပြီပင်။ အင်း လူငယ်ပိုင်း၊ ယောကျာ်းတစ်ယောက်ပင်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် ဒီလောက် သဲလွန်စရလာတာကိုပင် ကျေးဇူးတင်ရမည်။

KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||Where stories live. Discover now