2

1K 91 45
                                    

"မင်း!...Jung Kook"

Jung Kook ဟာ Yoongi ကို ဖြတ်ကျော်သွားကာ ထိုအခန်းထဲကိုဝင်ပြီးတော့ အပြုံးမမည်သောအပြုံးတစ်ခုကို ပြုံးလိုက်တော့သည်။

"ငါသက်ညှာထားတာကို မင်းကအခွင့်အရေးယူတာလား"

ဒဏ်ရာများစွာရှိသည့်အပြင် ကြိုးနှင့်တုပ်နှောင်ခံထားရသည့် မိန်းကလေးရဲ့ ဆံပင်ကို Jung Kook ဆွဲလိုက်တော့သည်။ ထိုပုံစံ၊ Yoongi မမြင်ဖူးသည့် Jung Kook ရဲ့ ကြောက်စရာကောင်းသည့်ပုံစံကြောင့် Yoongi ကြောင်အပြီးသာ ရပ်ကြည့်နေတော့သည်။

"အ! တောင်းပန်ပါတယ် ကျွန်မကိုလွှတ်ပေးပါ။ မသတ်ပါနဲ့။ ကျွန်မ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး"

တိုးတိုးလေးနှင့် ဖြည်းညင်းစွာ ပြောလာသည့် သူမစကားကို Jung Kook က လှောင်ပြုံးသာပြုံးလာသည်။

"မင်းပြောကြည့် တခြားသူတွေသိသွားမှာကို ငါကစောက်ဂရုစိုက်မယ့်ပုံပေါ်လား။ အခုမှနောင်တမရနဲ့ မင်းအစတည်းက ငါပြောတာကိုလက်ခံလိုက်သင့်တာ"

Jung Kook က အေးအေးလူလူနှင့် စကားပြန်ပြောပြီး ညာဘက်ခြမ်းမှာ သေသပ်စွာထားထားသည့် လက်နက်တွေနားကို သွားလိုက်တော့သည်။ ထိုအခါမှ Yoongi သတိဝင်လာတော့သည်။

"Jung Kook မင်းဘာလုပ်နေတာလဲ။
ဒါကရော ဘာတွေလဲ"

သူ့နားကိုရောက်လာကာ ရှုပ်ထွေးနေသည့်ပုံစံနှင့် လာမေးသည့် Yoongi ရဲ့ ခါးကို Jung Kook ဆွဲဖက်လိုက်ကာ....

"အမှန်အတိုင်းသိချင်ရင် ကျွန်တော့်ကိုနမ်း"

Jung Kook ရဲ့ စကားကို Yoongi နားမလည်နိုင်တော့ပေ။ ဒီအခြေအနေမှာတောင် ဒီစကားတွေ ဒီကောင်လေးပြောနိုင်သေးတာလား။

"ဘာ! Jeon Jung Kook!"

ထိုအချိန်မှာ ခုနကမိန်းကလေးဆီကနေ အသံထွက်လာတော့သည်။

"ရဲမှူး Min Yoongi ကျွန်မကိုကယ်ပါ"

ထိုစကားကြောင့် Yoongi လှည့်ကြည့်လိုက်သည့်အခါမှာတော့ Jung Kook မျက်နှာဟာ လုံးဝကိုတည်တင်းသွားတော့သည်။

"ကျစ်! စောက်စကားများလိုက်တာကွာ။ ဘာတွေလာလောနေတာလဲ ပြီးရင် မင်းကိုသတ်ပေးမှာပဲကို"

KILLER JEON × MIN ||ʏᴏᴏɴᴋᴏᴏᴋ||Where stories live. Discover now