My Lord
Sehun 🧡 Kai
🐣🧡🐻ခဏတာတိတ်ဆိတ်သွားတဲ့ နန်းတော်ကြီးတခုလုံး
"ထွက်သွားကြ"
မိုးကြိုးတွေပစ်ချသလို ထစ်ချုံးတဲ့ အသံကျယ်ကြီးကြောင့် ပုရွတ်ဆိတ်တွင်းထဲ ရေလောင်းချလိုက်သလိုမျိုး ချက်ချင်းအလျင်အမြန် ပြေးလွှားနေကြလေရဲ့🐣❤️🐻
ညီလာခံဆောင်နဲ့မတူညီစွာ စာအုပ်တွေအများကြီးရှိနေပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းတွေကြီးစိုးနေတဲ့ ဘုရင်ရဲ့ စာကြည့်ဆောင်
"ပုရောဟိတ်ကြီး အမှန်တရားကို ကိုယ်တော်သိချင်တယ် "
သက်ပြင်းတချက်ကို ချလို့ ဘုရင်မင်းမြတ်ဆီသို့ အမှန်တရားကိုလျှောက်တင်ဖို့ ဘုရင်မင်းမြတ်ကို မော့ကြည့်လိုက်တယ်
"မင်းကြီး ဒီတလောအတွင်း ကြင်ယာတော်နဲ့ အတူတူနေပြီးတိုင်း အစွမ်းတန်ခိုး တခုခုရရှိသလိုလို ဖြစ်နေတယ်မလား "
Sehun စဉ်းစားမိရင်း သူ NiNi နဲ့ အချစ်ကြမ်းမိတိုင်း အချစ်ကြမ်းတိုင်း နောက်တနေ့တွေဆို အိပ်ယာပေါ်ကမထနိုင်တော့လောက်အောင် အားပြတ်နေတဲ့ပုံရိပ်ဖြူဖြူဖျော့ဖျော့လေး သူကတော့ အဲဒီလိုနေ့တွေတိုင်း ခါတိုင်းထက် အင်အားတွေစီးဝင်နေသလို ဖြစ်နေတတ်တာ
ပုရောဟိတ်ကြီးကဆက်လျှောက်ထားလေသည်
"
အဲဒါက ကြင်ယာတော်က မင်းကြီး စီကို သူ့ စွမ်းအင်တွေ သူ့ရဲ့ သက်တမ်းတွေပေးနေတာပါ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကောင်းကင်မှာ တာရာ တွေ လမ်းကြောင်းပြောင်းလဲကြတယ် တာရာအသစ်တွေ နက္ခတ်အသစ်တွေလဲပေါ်လာကြတယ်မင်းကြီး အဲဒီတာရာတွေထဲမှာ ကံကြမ္မာဆိုးတွေကိုသယ်ဆောင်လာတဲ့ စေတန် ကြယ်တရာ သစ်တခုပါလာခဲ့တယ် အဲဒီတာရာက မင်းကြီးနဲ့ ကြင်ယာတော်တို့နှစ်ယောက်ရဲ့ နက္ခတ်လမ်းကြောင်းထဲမှာခံနေတယ် ဒါဟာ မင်းကြီးတို့နှစ်ယောက်ထဲက တစ်ယောက်က သေဆုံးပေးရလိမ့်မယ်ဆိုတဲ့သဘောကိုဖော်ဆောင်တယ် ဒါကို အစကထဲက နက္ခတ်တာရာတွေကို စိတ်ဝင်စားပြီးလေ့လာလိုက်စားတဲ့ မင်းကြီးခမည်းတော်နဲ့ မင်းကြီးကြင်ယာတော်က ကျွန်တော်မျိုးမ လျှောက်တင်ချက်အပြီးမှာတော့ ဒီအခြေအနေကိုတွန်းလှန်မယ်ဆို ကြိုးစားကြတယ်
နောက်ဆုံးမှာတော့ ကြင်ယာတော် ခါအီက မင်းကြီးစီကို သူ့အသက်ကိုဘယ်လိုနည်းနဲ့ပေးရင် ရမလဲဆိုတဲ့လျှို့ဝှက်ချက်ကို စာပေကျမ်းဂန်တွေထဲမှာတွေ့ရှိသွားတာမို့ အဲဒီထဲကနည်းလမ်းတွေအတိုင်း မင်းကြီးနဲ့အတူတူနေပြီး သူ့အသက်သူ့အစွမ်းတွေကိုပေးခဲ့တာပါ "
တိတ်ဆိတ်သွားတဲ့ နန်းတော်ကြီးတခု
မကြာခင်မှာကြီးမားတဲ့မုန်တိုင်တခုဝင်တော့မယ့်အလားA/N ရေးချင်သလိုတွေရေးထားတာကြောင့်မို့ အသေးစိပ်လာမမေးကြပါနဲ့နော်ရှက်လို့ပါ 😷
နောက်တပိုင်းမျှော် ညကြရင် တင်မယ့်
နောက်တပိုင်းက ရှည်မယ်
ဒီတပိုင်းကတိုသွားတယ်
🐣❤️🐻
Words 755
