My Lord
Sehun 🧡Jongin
🐣🧡🐻"အဲဒါဆို အဲဒါဆို"
Sehun စိတ်ထဲ အတူတူနေပြီးတိုင်းမျက်နှာလေးဖြူဖျော့ကြကာမောပန်းနေတဲ့ ခါအီမျက်နှာလေး
"ခုကော ခု ဘာဖြစ်မှာလဲ "
တိတ်ဆိတ်နေကြတဲ့ ဘုရင်စာကြည့်ဆောင်
"ကြင်ယာတော် နိုးလာပါပြီ "လို့ လာလျှောက်ထားတဲ့ နန်းတွင်းသမားတော်စကားကြောင့် ချက်ချင်း ထသွားလိုက်တယ်
"Darling "
ဖြူဖျော့နေတဲ့မျက်နှာနုနုလေး နဲ့ ပါးလျလျ ကိုယ်လုံးလေး သူပွေ့ယူကာ ပေါင်ပေါ်တင်ရင်း
"အချစ် ကိုယ်ရှိတယ်နော်"
"ချစ်တယ် darling"
"အချစ်ရယ် ဘာလို့ ဘာလို့" ဆို့နစ်တိမ်ဝင်သွားတဲ့ Sehun အသံကြောင့် Darling မျက်နှာပေါ်က မျက်ရည်တွေကို နမ်းလိုက်ကာ "ချစ်လို့ပါ darling အရမ်းချစ်လို့ပါ "
Sehun စိတ်တွေကထိန်းမရတော့စွာ ငိုကြွေးမိတယ်
"မငိုပါနဲ့ ခါအီ ပြန်လာမှာပါ နောက်ထပ်နှစ်သန်းပေါင်းများစွာကိုဖြတ်သန်းပြီးရင် darling စီကို ပြန်လာပါ့မယ် "
ခါအီ ကိုယ်လုံး ဖျော့ဖျော့လေးကိုပွေ့ပိုက်ဖက်ထားကာ "ကိုယ်မလိုချင်ဖူးအချစ် ကိုယ်မင်းကို မရရအောင်ပြန်ကယ်မယ် မင်းဟာ ကိုယ့်နဲ့ပဲအမြဲအတူတူနေရမယ် "
"Darling ရယ် အချစ်ကို သိပ်ချစ်တာပဲလား ဟင် အချစ်ကို ချစ်ရင် စကားနားထောင်နော် နောင်ထပ်ဘဝတွေများစွာကိုဖြတ်သန်းပြီး Darling စီအချစ်ပြန်လာခဲ့မယ်နော် အချစ်ကိုစောင့်နေနော် အချစ်ကိုနမ်းပါအုန်း"
မျက်ဝန်းလေးတွေမှိတ်ကြတော့မယ့်အချစ်ကိုယ်လုံးလေးကို ပွေ့ပိုက်ထားရင်း ငိုကြွေးမိတယ် အချစ်မရှိတော့တဲ့ ဒီသံသရာနှစ်ပေါင်းများစွာကို ဘယ်လိုဖြတ်သန်းရမလဲအချစ်ရယ်
အချစ်နုတ်ခမ်းထွေးထွေးအိအိလေးကို ဆွဲငုံလို့ အနမ်းတွေကြဲမိတယ်အချစ်မျက်ဝန်းလေးပြန်ဖွင့်ကြည့်လာရင်း
"Darling နဲ့အတူတူနေချင်တယ်"
"မရဖူးအချစ် ဒီတိုင်းပဲကိုယ့်အနားမှာ အချစ်နေပါ လာ အချစ်ကိုပွေ့ဖက်ထားမယ်"
"NiNi က hun ကိုအရမ်းချစ်တယ်ဆိုတာ hun သိတယ်မလား နောက်ပြီး NiNi မရှိတော့ရင် NiNi ကြွင်းကျန်ရစ်တဲ့ ခန္ဓာကိုယ် ကို ပုရောဟိတ်ကြီး စီမံခန့်ခွဲတာကိုလက်ခံလိုက်ပါ hun နော် "
အသံတိုးတိုးလျလျလေးနဲ့ သူကို မှာကြားနေတဲ့ NiNi ကြောင့်မို့ သူ မျက်ရည်တွေကိုသုတ်လိုက်တယ်
"အင်းပါ အချစ်ကလေးရယ် မောနေမယ် စကားတွေမပြောနဲ့တော့နော်"
"Hun ရေ NiNi တို့ နက္ခတ်တာရာတွေကြည့်ကြရအောင် NiNi ပြန်လာရမယ့်အချိန်ကို hun ကိုပြောပြခဲ့ချင်တယ်"
ကြင်ယာတော်လေးအလိုကျ ပြင်ဆင်ပေးနေကြတဲ့ နန်းတွင်းက အမတ်တွေလဲမျက်ရည်မဆဲနိုင်ကြ
ခဏအကြာ နက္ခတ်တရာတွေကြည့်ဖို့အသင့်ဖြစ်ချိန် hun ရင်ခွင်ထဲက ထိရှလွယ်တဲ့ အချိန်မရွေးကြွေကြသွားနိုင်တဲ့ ပန်းလေး NiNi ကို နူးညံ့စွာ အသာအယာထွေးပွေ့လို့ နန်းတော်ရဲ့ အကောင်းဆုံး နက္ခတ်တာရာကြည့်တဲ့နေရာစီသို့ အရောက်
"လာ darling...NiNi ပြောပြမယ် NiNi တို့ အခုနေတဲ့ နေရာကို ကမ္ဘာလို့ခေါ်တယ် အဲဒီကမ္ဘာတခုဖြစ်လာဖို့နှစ်တွေ သန်းနဲ့ချီကြာခဲ့တယ်နောက်ထပ်လဲသန်းနဲ့ချီကြာအုန်းမှာမို့ NiNi က ဒီကမ္ဘာထဲမှာပဲရှိနေအုန်းမှာ
အဲဒီတော့ NiNi က သေချာပေါက်ကိုပြန်လာမှာမို့ NiNi မရှိတော့ဖူးလို့မတွေးပါနော် နောက်ပြီး ဟိုမှာတွေ့လား အဲဒါက NiNi ရာသီခွင် ဒီနားလေးက hun ရဲ့ ရာသီခွင် တာရာ Hun ရဲ့ ကြယ်တာရာက NiNi ရာသီခွင်တာရာနဲ့ နီးကပ်လာမှာ တချိန်ချိန်မှာ ပိုပြီးနီးကပ်လာမယ့်တနေ့ ရှိလာအုန်းမှာ အဲဒီလိုနီးကပ်လာရင် NiNi က hun စီကို ပြန်လာမယ်နော် " လေသံတိုးတိုးလေးတွေနဲ့ရှင်းပြနေတဲ့
မောပန်းနေတဲ့အချစ်ကို ကြည့်ရင်း
Sehun ရင်ခွင်ထဲက ကိုယ်လုံးနုနုလေးကို ဖက်တွယ်ရင်းမျက်ရည်ကျမိတယ်
"မငိုပါနဲ့ Hunရယ် "မျက်ရည်တွေကိုသုတ်ပေးနေတဲ့ ချစ်ရသူ
"ချစ်တယ် hun "
"ကိုယ်ကပိုချစ်တယ်NiNi"
Hun ရဲ့ နုတ်ခမ်းလေးကို ခပ်ဖွဖွနမ်းလို့ မျက်ဝန်းလေးတွေကမှိတ်ကျသွားတယ်
