My Lord Unicode 9

137 13 0
                                    

My Lord
Sehun ❤️Kai
🐣❤️🐻

အိပ်ယာလေးထဲ Jongin
သူ့ရင်ခွင်ထဲတိုးဝင်ဖက်ထားကာနွေးထွေးမိတယ် ဘာလိုလိုနဲ့ သူနဲ့ ဒီဘဝမှာ အတူတူရှိနေခဲ့တာ ၃နှစ်ရှိပြီ
တခါတလေ သူပျောက်ပျောက်သွားတတ်တာကလဲ သူ ခနပြန်သွားလို့ဆိုတာသိနေလေပြီ သူ့မှာကလဲ သွားသာသွားရတာ jongin ကိုစိတ်မချ
ဒီ၃နှစ်အတွင်း Baekhyun နဲ့ Chanyeol လဲ လက်ထပ်လိုက်ကြကာ သူကိုလဲ baek က Jongin လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ ကနေဒါမှာနေတဲ့သူ Jongin နဲ့ FB မှာစတွေ့ပြီး ခင်မင်ရင်းနှီးခဲ့ကာ jongin ကိုချစ်လွန်းလို့ကနေဒါနိုင်ငံ ကနေ ဒီမှာလာနေတဲ့သူအနေနဲ့သိနေလေပြီ chanyeolနဲ့ သူဆိုလျှင် တကယ်ကို ငယ်ပေါင်းသူငယ်ချင်းတွေလိုပင်ဖြစ်နေပြီ အရာရာကိုသိလွယ်တတ်လွယ်တဲ့သူမို့အစစအရာရာ က အဆင်တပြေပြေသာ

သူက ချောကလဲအရမ်းချောလွန်းတာမို့
Jonginမှာ သဝန်တိုရတာကလဲရှိသေးပေမယ့် သူကိုတော့စိတ်မပူ ကိုယ်တွေအချစ်က သံသရာအဆက်ဆက် ခိုင်မြဲလာတာမို့ ယုံကြည့်မှု့ရှိနေတယ်

အခုလဲ chanyeol နဲ့အပြင်ထွက်ဖို့ပြင်နေတဲ့သူက သိပ်ကိုကြည့်ကောင်းနေတာ ဒီဖက်ခေတ်စတိုင်အတိုင်း ဝတ်စားထားတဲ့ သူကိုကြည့်ပြီးရင်းကြည့်ချင်နေလောက်အောင် သူက ချောနေတာရယ်

ဆံပင်လေးက တိုတိုလေးနဲ့ မျက်နှာနုနုက တကယ်ကို လိုက်ဖက်နေကာ လုံးဝကို gentleman ပုံပင်
Jongin မှာတော့ အိမ်နေရင်း အဝတ်အစားနဲ့သာ ရှိနေတာမို့ ကိုယ်ဘာသာပြန်ငုံ့ကြည့်တော့
"အချစ်ကလေး ကိုယ်ရင်ထဲမှာ မင်းလေးပဲရှိတာသိတယ်မလား သွားမယ် ထ လိုက်ခဲ့"
"ဒီပုံနဲ့လား"
"ရေသုံးသပ် အဲ ရေချိုးပြီးသားမလား"
Jonginရီလိုက်တယ် သူစီက ရှေးခေတ်ကအခေါ်အဝေါ်လေးတွေ တခါတလေ ထိန်းထားရက်သားနဲ့ကို ထွက်ထွက်လာတတ်တယ် အဲဒီလိုမျိုးစကားအသစ်အဆန်းလေးတွေပြောတတ်တာကြောင့် စာရေးဆရာတစ်ယောက်ဖြစ်နေတဲ့ chanyeol နဲ့သူက သူငယ်ချင်းတွေဖြစ်လာရတာပင်
Yeol က သူလို မိတ်ဆွေတစ်ယောက်ရလိုက်တာကိုပင် ဂုဏ်ယူမဆုံး ဖြစ်နေရင်း တသက်လုံး FA ဖြစ်မယ့်ကောင်လို့ သူတို့ chanbaek အတွဲက Jongin ဆိုအမြဲပြောနေကြကိုး အခုလိုအခြေအနေမျိုးဆိုတော့ နှစ်ကောင်စလုံးက ဝမ်းလဲသာနေကြရင်း  Jongin ရဲ့ အေးစက်စက်ပုံကို သူတို့အားမရကြပါ သူတို့နှစ်ကောင်အမြဲပြောနေကြစကားက
"မင်းဟာတဲ့ ဘာတဲ့ ရလာတဲ့ ရတနာရွှေထုတ် ကို ကြက်ကြော်နဲ့လဲစားမယ့် 🐻ကောင်တဲ့ "

My Lord (SeKai ) (zawgyi+unicode)Où les histoires vivent. Découvrez maintenant