My Lord
Sehun ❤️Kai
🐣❤️🐻အိပ်ယာလေးထဲ Jongin
သူ့ရင်ခွင်ထဲတိုးဝင်ဖက်ထားကာနွေးထွေးမိတယ် ဘာလိုလိုနဲ့ သူနဲ့ ဒီဘဝမှာ အတူတူရှိနေခဲ့တာ ၃နှစ်ရှိပြီ
တခါတလေ သူပျောက်ပျောက်သွားတတ်တာကလဲ သူ ခနပြန်သွားလို့ဆိုတာသိနေလေပြီ သူ့မှာကလဲ သွားသာသွားရတာ jongin ကိုစိတ်မချ
ဒီ၃နှစ်အတွင်း Baekhyun နဲ့ Chanyeol လဲ လက်ထပ်လိုက်ကြကာ သူကိုလဲ baek က Jongin လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ ကနေဒါမှာနေတဲ့သူ Jongin နဲ့ FB မှာစတွေ့ပြီး ခင်မင်ရင်းနှီးခဲ့ကာ jongin ကိုချစ်လွန်းလို့ကနေဒါနိုင်ငံ ကနေ ဒီမှာလာနေတဲ့သူအနေနဲ့သိနေလေပြီ chanyeolနဲ့ သူဆိုလျှင် တကယ်ကို ငယ်ပေါင်းသူငယ်ချင်းတွေလိုပင်ဖြစ်နေပြီ အရာရာကိုသိလွယ်တတ်လွယ်တဲ့သူမို့အစစအရာရာ က အဆင်တပြေပြေသာသူက ချောကလဲအရမ်းချောလွန်းတာမို့
Jonginမှာ သဝန်တိုရတာကလဲရှိသေးပေမယ့် သူကိုတော့စိတ်မပူ ကိုယ်တွေအချစ်က သံသရာအဆက်ဆက် ခိုင်မြဲလာတာမို့ ယုံကြည့်မှု့ရှိနေတယ်အခုလဲ chanyeol နဲ့အပြင်ထွက်ဖို့ပြင်နေတဲ့သူက သိပ်ကိုကြည့်ကောင်းနေတာ ဒီဖက်ခေတ်စတိုင်အတိုင်း ဝတ်စားထားတဲ့ သူကိုကြည့်ပြီးရင်းကြည့်ချင်နေလောက်အောင် သူက ချောနေတာရယ်
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. ဆံပင်လေးက တိုတိုလေးနဲ့ မျက်နှာနုနုက တကယ်ကို လိုက်ဖက်နေကာ လုံးဝကို gentleman ပုံပင်
Jongin မှာတော့ အိမ်နေရင်း အဝတ်အစားနဲ့သာ ရှိနေတာမို့ ကိုယ်ဘာသာပြန်ငုံ့ကြည့်တော့
"အချစ်ကလေး ကိုယ်ရင်ထဲမှာ မင်းလေးပဲရှိတာသိတယ်မလား သွားမယ် ထ လိုက်ခဲ့"
"ဒီပုံနဲ့လား"
"ရေသုံးသပ် အဲ ရေချိုးပြီးသားမလား"
Jonginရီလိုက်တယ် သူစီက ရှေးခေတ်ကအခေါ်အဝေါ်လေးတွေ တခါတလေ ထိန်းထားရက်သားနဲ့ကို ထွက်ထွက်လာတတ်တယ် အဲဒီလိုမျိုးစကားအသစ်အဆန်းလေးတွေပြောတတ်တာကြောင့် စာရေးဆရာတစ်ယောက်ဖြစ်နေတဲ့ chanyeol နဲ့သူက သူငယ်ချင်းတွေဖြစ်လာရတာပင်
Yeol က သူလို မိတ်ဆွေတစ်ယောက်ရလိုက်တာကိုပင် ဂုဏ်ယူမဆုံး ဖြစ်နေရင်း တသက်လုံး FA ဖြစ်မယ့်ကောင်လို့ သူတို့ chanbaek အတွဲက Jongin ဆိုအမြဲပြောနေကြကိုး အခုလိုအခြေအနေမျိုးဆိုတော့ နှစ်ကောင်စလုံးက ဝမ်းလဲသာနေကြရင်း Jongin ရဲ့ အေးစက်စက်ပုံကို သူတို့အားမရကြပါ သူတို့နှစ်ကောင်အမြဲပြောနေကြစကားက
"မင်းဟာတဲ့ ဘာတဲ့ ရလာတဲ့ ရတနာရွှေထုတ် ကို ကြက်ကြော်နဲ့လဲစားမယ့် 🐻ကောင်တဲ့ "
