My Lord unicode 8

135 18 0
                                    

My Lord
Sehun🧡Kai
🐣🧡🐻

ဖြာကျလာတဲ့ လရောင်အောက်မှာ ရပ်နေတဲ့ Darling က သူစီလှည့်ကြည့်လာကာ တလှမ်းချင်းစီလှမ်းလာရင်းသူရင်ခွင်ထဲ
ပွေ့ဖက်လိုက်တယ် ခဏချင်းမှာပင် မထိတွေ့ရတဲ့ သိပ်ကြာနေတဲ့ နုတ်ခမ်းပါးပါးလေးက Jongin နုတ်ခမ်းအိအိလေးကိုဆွဲငုံရင်း စတင်လာတဲ့အနမ်းပွင့်တွေ ချိုမြိန်လေရဲ့
နုတ်ခမ်းနုနုလေးတွေကို အချင်းချင်း ပွတ်တိုက်ဆွဲငုံလို့နေရင်း အသက်ရှူရခက်ခဲလာတဲ့အခြေအနေ ကြောင့် သူ့ရင်ဘတ်ကိုအသာအယာတွန်းတော့ ချစ်ရသူက အလိုက်တသိလွတ်ပေးတယ် jongin အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက်လို့ ကုတင်လေးပေါ်လှမ်းတင်လေရဲ့ ခြေရင်းကစောင်လေးလှမ်းဆွဲကာ နှစ်ယောက်လုံးလုံအောင်ခြုံရင်း အေးစက်နေတဲ့ Jongin ကိုယ်လေးကိုခပ်တင်းတင်းဖက်ပွေ့ကာနွေးထွေးစေတယ် အခုမှ သူရင်ခွင်ထဲတိုးဝင်ကာ ဖက်ထားရင်း မျက်ရည်လေးတွေကျလာခဲ့တယ်
"လွမ်းနေခဲ့တာ အချစ်ရယ် ကိုယ် အရူးလိုပဲ "
"တောင်းပန်ပါတယ် ဘာမှမမှတ်မိခဲ့လို့ တောင်းပန်ပါတယ် ဒီ နှစ်သန်းပေါင်းများစွာအတွက် အခုကစပြီး အချစ်က darling ကိုပိုချစ်ပေးပါ့မယ်"
"အချစ်ရယ် ကိုယ်လေ အချစ်ကို ....အရမ်းလွမ်းနေခဲ့တာ"

ဆို့နစ်လာတဲ့ Sehun အသံကြောင့် Jongin  က Sehun ကိုဖက်ထားရင်း နုတ်ခမ်းပါးပါးလေးကို နမ်းလိုက်ကာ "darling ခဏအိပ်လိုက်ပါနော် လာ အချစ်ဖက်ထားမယ်"
"အင်း ကိုယ်အိပ်ချင်တယ် အခုမှ နှစ်ခြိုက်စွာအိပ်စက်ရတော့မယ်ထင်ပါရဲ့"
ရင်ခွင်ထဲတိုးဝင်လာတဲ့ Sehun ကိုခပ်တင်းတင်းပွေ့ပိုက်ထားလိုက်တယ် အိပ်မောကျသွားတဲ့ သူကို သေချာငေးကြည့်မိရင်း
မျက်ခုံးကတွန့်နေတာကြောင့်လက်ချောင်းလေးတွေဖြေလျော့ပေးနေမိတယ် အရင်ကလဲအဲဒီလိုတွေလုပ်ပေးခဲ့ဖူးတာကိုသတိရမိတော့ နုတ်ခမ်းလေးကပြုံးမိတယ်
"ချစ်တယ် darling"
"ကိုယ်ကပိုချစ်တယ်အချစ်"
Darling ရဲ့ နုတ်ခမ်းပါးပါးလေးစီဖိကပ်နမ်းလိုက်ရင်း Jongin ခပ်တိုးတိုးလေး သီချင်းတပုဒ်ဆိုကာ sehun ကျောပြင်လေးကိုပွတ်ပေးလိုက်တယ်
ခဏအကြာ ပျံ့လွှင့်လာတဲ့ ငိုသံသဲ့သဲ့လေး နဲ့
သီချင်းသံလေး ကလိုက်ဖက်ညီနေလေရဲ့

အိပ်မောကျသွားတဲ့ Sehun ကို Jongin ငေးကြည့်နေမိတယ် ပိုချောလာလိုက်တာ darling က အရင်ကထက်ပိုချောမောလာတယ်လို့ထင်နေမိတယ်
နုတ်ခမ်းပါးပါးနီတာရဲလေးက အရင်ကအတိုင်း သေးသေးလေးနဲ့ သူကို စွဲလမ်းစေတုန်းပဲ
ဒီမျက်ခုံးက အခုခေတ်မှာသာဆို ဇင်ယောင်တောင်မျက်ခုံးဆိုနာမည်ကြီးမှာသေချာ
ဒီမျက်နှာ ချောချောက ခုခေတ်မှာဆို ဘာမှမလုပ်ပဲ ig မှာပုံတင်ရင်တောင်အစစ်မတွေကြွေကြမှာ ဟွန့် မပြပါဖူး
ဒီ လည်တိုင်လေးပေါ်ကမှဲ့လေး အဲ ရှိသေးတယ်  (ဪ ခါအီရယ် ဖြစ်ရလေ မှဲ့က မှဲ့ပဲပေါ့ဟ )
လည်တိုင်ပုခုန်းကြား မျက်နှာလေးအတင်းနေရာယူကာ ကြည့်လိုက်တော့ ရှိသေးတာကြောင့် ဖွဖွလေးနမ်းလိုက်တယ်
အိပ်ပျော်နေတဲ့သူကတွန့်ကနဲဖြစ်သွားတာမို့ လန့်ကာ ပုခုန်းလေးကို ပုတ်သိပ်ပေးရသေး
သူ့အနားမှာပဲနေချင်နေတဲ့စိတ်တွေကြောင့် ဘာလုပ်ရမလဲမသိစွာသူကိုပဲထိုင်ကြည့်နေလိုက်တယ်
စဉ်းစားစရာတွေကလဲသိပ်များလာတယ် အခုဒီဘဝကနေ သေရအုန်းမှာလား ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးနဲ့ သူနဲ့အတူတူနေရမှာလဲ သူကကော ဘယ်လိုဖြစ်စေချင်တာလဲ ဟူး တွေးမိတိုင်း စိတ်ထဲတင်းကျပ်လာတယ်
ခါးလေးကို ရစ်ပတ်ဖက်တွယ်လာတဲ့သူ့လက်မောင်းတွေ ကြောင့် သူရင်ခွင်စီခေါင်းတိုးဝင်လိုက်တော့ ကျောပြင်လေးစီကိုပွေ့ပိုက်ဖက်ထားရင်း သူလက်သွယ်သွယ်တွေက Jongin ကျောပြင်စီ ပွတ်သပ်ပေးနေခဲ့တယ်
"ဘာမှတွေးစိတ်မပူပါနဲ့အချစ်လေး အချိန်တန်ရင်သူဘာသူဖြစ်လာလိမ့်မယ် ကိုယ်အချစ်စီလာခဲ့သလိုပေါ့"
"ချစ်တယ် darling အချစ်ကို"
ရှက်နေတဲ့မျက်နှာနီလေးကလဲ အရင်ကအတိုင်းပါပဲ Sehun ငေးကြည့်မဝပါ
Jongin ကို ချစ်တဲ့ Sehun နှလုံးသားထဲက အနန္တ အဆုံးမဲ့အကြင်နာတွေ သိပ်ကြီးမားလွန်းတယ် နှစ်တွေ အင်္သချေ ကြာနေပေမယ့် မြင်လိုက်တိုင်း ထိတွေ့လိုက်တိုင်း နှလုံးသွေးပွက်ပွက်ဆူရတယ် ရင်ခုန်ရတယ်
"ချစ်တယ် အချစ်"
"အချစ်လဲ ချစ်တယ် darling"

🐣❤️🐻

A/N

ဘာလိုလိုနဲ့ အပိုင်းတွေအရမ်းများလာပြီ
ကိုယ်ကလေ ဘာလို့ updateမြန်ရသလဲဆို ဇာတ်တခုက်ုစဉ်းစားနေတာ ဘာမှမစရသေးခင်သာ ကြာတာ တကယ်တမ်းချရေးရင် ဘာမှမကြာဖူး  အဲဒါကြောင့် ကိုယ့် daily update ဖြစ်နေတာပါ
အခုလဲ My lord က စဉ်းစားထားတာက အပိုင်း၃ပိုင်းလောက်နဲ့ပြတ်မယ်ထင်နေတာ ကိုယ်ရဲ့ ကွန့်ချင်တဲ့စိတ်ကြောင့်အပိုင်း ၁၀ကျော်တော့မယ် 😭
မပြီးစေချင်သေးတဲ့သူတွေ ပျော်လို့ရပါပြီလို့
ကိုယ်ကတော့ပြီးစေချင်ပြီ မပျော်ဖူး 😜🤣😂
ဘယ်လို့ပဲပြောပြော ကျေးဇူးတင်ပါတယ်လို့ အခုမှ ကိုယ်ကိုစသိတဲ့သူတွေကော
အရင်ကထဲကသိတဲ့သူတွေကော
အားလုံးကို ကျေးဇူးတင်ပြီးချစ်ပါတယ်လို့

My Lord (SeKai ) (zawgyi+unicode)Where stories live. Discover now