My Lord
SeKai
🐣❤️🐻Sehun ရင်ခွင်ထဲက အိပ်မောကြနေတဲ့ကောင်ငယ်လေးရဲ့ နုတ်ခမ်းထူထူ အိအိ လေးကို စုပ်ယူလိုက်တယ် လည်တိုင်လေးကို အစုန်အဆန် နုတ်ခမ်းလေးနဲ့စုပ်ယူနမ်းရင်း
လျှာဖျားလေးကို စုပ်ယူဖို့ နုတ်ခမ်းလေးကို ဖိကပ်တိုးဝင်လိုက်စဉ်
ရလာတဲ့ စိတ်ကျေနပ်မှု့တွေက သူ့ခန္ဓာကိုယ်အတွက် အင်အားတွေ
အနမ်းတွေပိုပြင်းထန်လာလေ ကောင်လေးကို ပို တပ်မက်လာလေ
အမှောင်ချထားတဲ့ အခန်းလေးထဲ လရောင်ကဖြာကျလာလေ Sehun အနမ်းတွေပို ပြင်းထန်လာလေ ပွတ်တိုက်မိတဲ့ အထိအတွေ့တွေက သူ့အတွက် အင်အားတွေအဖြစ်စီးမျောကာ သူ့ နှလုံးအိမ်ထဲက သွေးတွေ ပွက်ပွက်ဆူလာတယ်အခန်းထောင့်တနေရာမှ အက်ကွဲကြောင်းတခုအစိမ်းရောင်တွေ လင်းလက်လာတာကြောင့် ထလိုက်ရင်း အဲဒီဒေါင့်တနေရာစီ တိုးဝင်ထွက်သွားပြီးချိန် နံရံက ဘာမှမရှိတော့
တဖက်ကိုခြေချလိုက်စဉ်
ရွှေတွေ လမ်းခမ်းထားတဲ့ နန်းတော် ရှေ့ သို့ အရောက် ခန္ဓာကိုယ်ပေါ်မှာ ပုဝါအမည်းအရှည် ခေါင်းပေါ်ကို လှမ်းယူ အုံ့မိုးလို့ Sehun ခပ်သွက်သွက်လှမ်းလိုက်တယ်
ရွှေရောင်တွေနဲ့ ခင်းကျင်းထားတဲ့ နေရာတွေက ရုတ်တရက် မှောင်မိုက်တိတ်ဆိတ်သွားလေရဲ့
ကျောက်သံပတ္တမြားတွေနဲ့စီခြယ်ထားတဲ့ ပလ္လင်ပေါ်မှာထိုင်လိုက်ရင်း ခန်းမစီ မျက်လုံးတချက်ဝင့်ကြည့်လိုက်ရင်းက
![]()
Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin. တည်ငြိမ်အေးစက်နေတဲ့ လေသံ
"ညီလာခံစမယ်"ခဏအကြာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေတခုကြားထဲ အေးစက်စွာထွက်ပေါ်လာတဲ့အသံ
"ရာဇဝတ်သားကို သတ်ပစ်လိုက်ကြ"🐣❤️🐻
ကျောင်းတက်နေရပေမယ့် ခုတလောက ကျောင်းပိတ်ရက်နီးလာပြီဆိုတော့ ကျောင်းမှာလူသိပ်မရှိကြတော့
Jong in နောက်နားမှာ ပတွတ်ပတွတ်နဲ့ ပူးကပ်နေကြတဲ့ chanyeol နဲ့ Baekhyun ကို မျက်စိတွေကနောက်လာလေရဲ့
လက်ထဲက စာအုပ်နဲ့ လှမ်းပစ်တော့ ခေါင်းထိသွားပုံရတဲ့ chanyeol
သူစီကို ဒေါသထွက်နေတဲ့ Baekhyun အကြည့်တွေရောက်လာတာကို မျက်စောင်းထိုးကာ ထထွက်လာလိုက်တယ်
Chanyeolကလှမ်းမေးတယ်
"ဘယ်လဲ Jongin"
"Toilet "
