My Lord Unicode 10

249 19 0
                                    

My Lord ending pt
Sehun 🧡Jongin
🐣🧡🐻

"ခုဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့ အချစ်ကလေးမသိချင်ပါနဲ့အုန်း လာ ပြန်သွားသင့်ပြီ အချစ်"
Jongin ကိုထွေးပွေ့ထားတဲ့ sehunရင်ခွင်ထဲတိုးဝင်ရင်း အလာတုန်းကအတိုင်းပဲ မျက်လုံးတွေမှိတ်လိုက်တယ် လက်သန်းကြွယ်မှာ တခုခုစွပ်ခံရသလိုမို့ မျက်လုံးတွေကိုဖွင့်ကြည့်တော့ နောက်ထပ် အခန်းစီရောက်နေလေရဲ့ ရှေးခေတ်ကလက်ရာလို့ထင်ရတဲ့တန်ဖိုးကြီးလွန်းတဲ့ တခါမှမတွေ့ဖူးပေမယ့်ကြားရုံပဲကြားဖူးတဲ့ ပန်းရောင် စိန် နဲ့ လုပ်ထားတဲ့လက်စွပ် နဲ့ ရတနာတွေ က အဲဒီအခန်းထဲ တောင်လိုပုံလေရဲ့ 
"ဒီ အခန်းထဲက ရတနာပစ္စည်းတွေက အချစ်လေးအပိုင်တွေမို့ ဘာယူသေးချင်လဲအချစ်"

"ဟင့်အင်း"
ခေါင်းခါပြတဲ့အချစ်ကလေးပါလေ


Jongin သူလက်ချောင်းပေါ်ကလက်စွပ်ကိုကြည့်ပြီး အံ့သြတကြီး ဖြစ်နေလေတယ်
"အဲဒါလဲ အချစ်အပိုင်ပဲ မို့ အချစ်ဝတ်လို့ရတာပါ"
Jongin မျက်နှာလေးအံ့သြတကြီးရယ် ဖြစ်နေရင်း "darling သွားမယ်လေ " လို့ဆွဲခေါ်နေတာမို့
"ခဏ အချစ် လာ အချစ်ကိုပြစရာနောက်ထပ် ထပ် ရှိသေးတယ်"
Jongin လက်ကလေးကိုတယုတယ ဆွဲခေါ်သွားတဲ့ Sehun ခန်းမကျယ်ကြီးတခုထဲအရောက်
"ဟင် "
ပါးစပ်ဟောင်းလောင်းလေးဖြစ်လာကာ အံ့သြတကြီးဖြစ်နေတဲ့ အချစ်ကလေးရယ်ပါ

Jongin
အံ့သြတကြီးဖြစ်သွားရတာက နတ္ခတာရာကြည့်တဲ့အခန်းဖြစ်နေကာ ခါအီ ပြုလုပ်စီမံပေးခဲ့တဲ့ Sehun ပညာတွေသင်ခဲ့ရတဲ့အခန်း
အခန်းကျယ်ကြီးနဲ့ စာအုပ်တွေက စင်တွေနဲ့အပြည့်
ကောင်းကင်ကြီးက ဟာလာဟင်းလင်းပြင်လို့ထင်ရပေမယ့် အမိုးကြီးပေ
ခေါင်းလေး
မော့ကြည့်လိုက်ချိန် ကြယ်တရာတွေ နာမည်တွေ သူတို့ရဲ့ လမ်းကြောင်းတွေ ကိန်းဂဏန်းတွေနဲ့ ကြီးမားလွန်းတဲ့ space ပုံတူ အမိုးကြီး

အံ့သြတကြီး မျက်လုံးလေးပြူးကာ လိုက်ကြည့်နေတဲ့ အချစ်ကလေး ကို Sehun သဘောကျစွာရီပြုံးပြီးကြည့်နေမိတယ်

အချစ်ကလေးဆိုသည်မှာလဲ အမြဲ အချစ်ကလေးပါပဲ ခုနက ရတနာပစ္စည်းတွေကိုပြခဲ့စဉ်က စိတ်မဝင်စားခဲ့တဲ့ မျက်ဝန်းလေးက ခုတော့ တလက်လက်နဲ့တောက်ပလင်းလက်လို့ တခုချင်းစီသေချာလိုက်ကြည့်နေလေတယ် ကောင်းကင်ကိုမော့ကြည့်လိုက် အောက်က အသေတပ်ဆင်ထားလေတဲ့ စက်ပစ္စည်းတွေ နဲ့ ပတ်ဝန်းကျင်ပတ်ပတ်လည်ကမှန်တွေကိုလှည့်ကြည့်လိုက်နဲ့ ပင်အလုပ်တွေရှုပ်နေတာကို Sehun သဘောတကျငေးကြည့်မိတယ်
စားပွဲခုံလေးပေါ်မှာတင်ထားတဲ့
ခါအီရဲ့ Sehun လေ့လာဖို့ ရေးသားပေးခဲ့တဲ့ နက္ခတတာရာတွေအကြောင်း စာအုပ်ကလေးကိုမြင်စဉ် မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာရင်း စာအုပ်ကလေးကိုလှမ်းယူကာပွေ့ပိုက်ဖက်တွယ်ထားမိတော့သည်

My Lord (SeKai ) (zawgyi+unicode)Where stories live. Discover now