ပြတင်းပေါက်ကနေကျရောက်နေသောနေရောင်ခြည်ကြောင့်သူနိုးလာခဲ့ရသည်။သူဆိုသည်မှာ Lalisa Manoban။သူ့ Appa ကအလှကုန်တွေထုတ်လုပ်နေတဲ့ Li group ပိုင်ရှင် Korea ရဲ့အချမ်းသာဆုံး group သူ့ Omma ကတော့သူတို့မိသားစုပိုင်ဝိုင်လုပ်ငန်းကိုဦးစီးနေတဲ့ Business woman တစ်ယောက်။
အတွင်းကျကျမသိတဲ့သူတစ်ယောက်ဆိုရင်သူဟာရွှေဘုံပေါ်ကမင်းသမီးလေးတစ်ယောက်ဖြစ်ကောင်းြဖစ်နေလိမ့်မယ်။အတွင်းသိလူတွေအတွက်တော့သူဟာအရမ်းသနားစရာကောင်းနေနိုင်မှာပဲလေ။ဒါပေမဲ့ဘယ်သူမှသူ့အကြောင်းတွေကိုအပြင်မှာထုတ်မပြောရဲကြဘူး။သူ့ရဲ့မျက်နှာထားကြောင့်ဖြစ်နိုင်သလို သူ့ရဲ့လက်သီးကိုမထိချင်တာကြောင့်လည်းဖြစ်နိုင်တာပဲ။
သူ့ Appa ဟာညဘက်တွေပြန်မလာပဲသူ့မယားငယ်နဲ့ပျော်ပါးနေတဲ့အချိန်မျိုးတွေ သူ့ Omma ကလည်းသူ့ငယ်ချစ်ဦးဆိုသူနဲ့ကြည်နူးနေတဲ့အချိန်မျိုးတွေဆိုသူဟာတစ်ယောက်တည်းပဲ။ကြာတော့လည်းသူတစ်ယောက်တည်းနေတတ်တဲ့အကျင့်ဖြစ်လာတာပဲ။
သူ့မိဘတွေကိုအရွဲ့တိုက်တဲ့အနေနဲ့
သူဟာမိန်းကလေးတွေထည်လဲတွဲတယ်။ယောကျာ်းတွေကိုမယုံလို့အပျော်တွဲကြည့်ရာကမိန်းမတွေကိုပဲသဘောကျသွားတာ ရည်းစားတစ်ယောက်ကို 2 ရက်လောက်ပဲတွဲတာမျိုးတွေရှိပေမဲ့သူတွဲခဲ့တဲ့မိန်းကလေးတိုင်းကသူ့ကိုအခုထိသူ့ကိုစွဲလန်းနေကြတုန်း။
သူဟာရှင်းရှင်းပြောရရင် Player တစ်ယောက်ပဲ။'Ha How you like that'
" Hello "" Yar Manoban မထသေးဘူးလား "
ID ကိုကြည့်စရာတောင်မလိုဘူး သူ့ကိုအော်ရဲတာ Chae တစ်ယောက်ပဲရှိတယ်။
" ထပြီ Chae ရ ဘာလုပ်မလို့လဲပြော "
" Coffee ဆိုင်သွားမလို့ အသင့်ပြင်ထား "
"နင်နေ့တိုင်းသွားနေတာလေ"
" ဟီး Lisa ကလည်း "
" Lisa ကလည်းလာလုပ်မနေနဲ့ စောင့်နေမယ်"
" ငါလာခေါ်မယ်နော် ချစ်သူငယ်ချင်းလေး "
" Omm "
Lisa လည်းဖုန်းချပြီးတာနဲ့မျက်နှာသစ် အဝတ်အစားလဲပြီးအောက်မှာစောင့်နေတယ်။ Chae အဲ့ဆိုင်ကိုညွှန်းနေတာတော်တော်ကြာပြီ။သူတစ်ခါမှတော့မသွားဖြစ်သေးဘူး။အခုတော့ Chae ကောင်းမှုနဲ့သွားရတော့မှာပေါ့။Chae ခဏခဏသွားနေတာ Coffee ကြိုက်လို့မဟုတ်ဘူး ဆိုင်ပိုင်ရှင်အမကြီးကိုသဘောကျလို့တဲ့လေ။စသိတုန်းကဆို သူအံ့ဩသွားတယ် Chae မိန်းကလေးတွေသဘောကျတတ်မှန်းသူမသိခဲ့ဘူးလေ။
![](https://img.wattpad.com/cover/239777441-288-k695036.jpg)
YOU ARE READING
Until You
Fanfic18+ လေးတွေပါတဲ့အတွက် 18 နှစ်အောက်လေးတွေရှောင်ကြပါ ပြောမဲ့သာပြောရတာကျွန်တော်လည်း 18 မပြည့်သေးဘူး ဖတ်ရင်လည်းမ bash ကြပါနဲ့ warning ပေးထားပါတယ်ဗျ