Five

1.7K 111 6
                                    

3 နှစ်ကြာပြီးနောက်
(Surprise လာလုပ်တာ😝😝)









"Jiyoung.... Park Jiyoung ရေချိုးမယ် ပုန်းနေတဲ့နေရာကနေခုချက်ချင်းထွက်လာနော် Omma စိတ်မဆိုးချင်ဘူး"

Jisoo ရဲ့‌စကားကိုကြားတော့  5 နှစ်အရွယ်ကလေးလေး Jiyoung ခေါ် young လေးမျက်နှာငယ်လေးနဲ့ထွက်လာပါသည်။

"Omma သားသားဒီမှာ"

"Aigoo သားသားကလိမ္မာပါတယ် သားသားရေချိုးရင် ‌Omma တို့ခဏနေတစ်နေရာသွားကြမလား ဒေါ်ဒေါ်တစ်ယောက်ကိုသွားကြိုကြမယ်လေ"

"တကယ်နော် Omma"

"ဒါပေါ့......ဟုတ်တယ်မလား မောင်"

"ဟုတ်တာပေါ့ သားသားရ Appa တို့သွားကြမယ်နော် အရင်ဆုံးရေသွားချိုး သွား ညစ်ပတ်နေရင်မခေါ်ဘူးနော်"

"Omma ရေသွားချိုးရအောင်"

"Ok"

...................
Chaeyoung' pov

ရေချိုးခန်းထဲကိုဝင်သွားတဲ့သားအမိကိုကြည့်ပြီးသူပြုံးလိုက်မိတယ်။အခုဆိုသူ့အသက်တောင် 25 နှစ်ရှိနေပြီ အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့။
လက်ထပ်ပွဲပျက်သွားတဲ့ မ ကိုနှစ်သိမ့်ပေးရင်းသူ့ရဲ့အချစ်တွေကိုမြင်အောင်ပြခဲ့တယ်လေ။Lisa ကို မ ချစ်နေမှန်းသိပေမဲ့သူလက်မလျှော့ဘဲကြိုးစားခဲ့တာလွန်ခဲ့တဲ့ 2 နှစ်လောက်ကသူတို့တွေလက်ထပ်ဖြစ်ကြတယ်။သားသားကတော့သူတို့‌မိဘမဲ့ကျောင်းကနေမွေးစားခဲ့တာ။

Lisa လား?လွန်ခဲ့တဲ့ 3 နှစ် သူ့ရဲ့လက်ထပ်ပွဲမှာထွက်ပြေးသွားတာ အခုထိဘယ်ရောက်နေမှန်းမသိဘူး။Li ရဲ့မိဘတွေ‌ကလွန်ခဲ့တဲ့နှစ်ကပဲ Car Accident ကြောင့်ဆုံးသွားပြီ။အခုသူ့ခမျာသူ့မိဘတွေရဲ့ Company ကတစ်ဖက် Li ရဲ့ Company ကတစ်ဖက်တာဝန်ယူထားရတာ။အဲ့မျောက်ပြန်ရောက်တဲ့တစ်နေ့မှအတိုးရော အရင်းရောပေါင်းခိုင်းမယ်လို့သူတွေးခဲ့ပြီးသား။

..................

"မောင်.....လာလေ ဘာလုပ်နေတာလဲ Nini ကိုသွားကြိုရအုံးမှာလေ"

"လာပါပြီ မရဲ့ မောင်ကားသွားထုတ်လိုက်အုံးမယ်နော်"

သူကားထုတ်ပြီးတော့မတို့သားအမိက Lover seat မှာလာထိုင်တယ်။

"ဒါဆိုသွားကြရအောင်"

15 မိနစ်လောက်ကြာတော့အင်ချွန်းလေဆိပ်ကိုရောက်သွားလေပြီ။ခဏအကြာတော့သူတို့ဘက်ကိုလာနေတဲ့ပုပု‌သေးသေးကောင်မလေးတစ်ယောက် ပါးစပ်ကလည်းတစ်ခုခုပြောနေသေးတယ်။

"Nini Unnie တို့ဒီမှာ"

"Unnie"

Jennie လက်ပြလိုက်ရင်း Jisoo Unnie ရှိရာကိုပြေးသွားလိုက်တယ်။

"Unnie လက်ထပ်ပွဲကိုမလာနိုင်တဲ့အတွက်တောင်းပန်ပါတယ်"

"ရပါတယ် ဒါနဲ့ခုနကဘာလို့ပွစိပွစိဖြစ်နေရတာလဲ"

"ဟိုတစ်ယောက်ပေါ့ ဝင်လည်းတိုက်သေးတယ် တောင်းလည်းမတောင်းပန်သွားဘူး ဟွန့် မုန်းစရာလူကြီး"

"Nini ကလည်းအခုဆိုအသက် 22 တောင်ရှိနေပြီလေ အခုထိကလေးဆန်နေတုန်းလား"

"ထားလိုက်ပါတော့ အိမ်ပြန်ရအောင်လား ပင်ပန်းနေပြီ"

"ပြန်ကြတာပေါ့"

.................
At Park Mansion

"Nini နားချင်နေပြီ အခန်းကဘယ်မှာလဲ"

"အပေါ်ထပ်မှာ Unnie လိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့"

Unnie Ji လိုက်ပို့တဲ့အခန်းထဲရောက်တော့ Nini ကုတင်ပေါ်အိပ်ချလိုက်တော့ လေဆိပ်ကလူကြီးကအတွေးထဲရောက်လာတယ်။မိန်းကလေးဖြစ်ပြီးဝတ်ပုံစားပုံကလည်း ယောကျာ်းလေးအတိုင်းပဲ။နောက်ပြီးလည်စိကလည်းရှိသေးတယ်။ဆံပင်လေးကယ်လို့ မဟုတ်ရင်တစ်စက်မှ မိန်းကလေးနဲ့တူမှာမဟုတ်ဘူး။

"အား Kim Jennie နင်ဘာဖြစ်လို့သူ့အကြောင်းတွေတွေးနေတာလဲ ရူးနေပြီ အခုမှပထမဆုံးတွေ့တဲ့လူကိုအဲ့လောက်ထိ ဝေဖန်တတ်တာငါ့ စတိုင်မဟုတ်ဘူးလေ"

တစ်ယောက်တည်းပြောရင်းအိပ်ပျော်သွားသော Kim Jennie ရယ်ပါ။
....................

လက်ထပ်ပွဲနေ့မှာLuggage တစ်လုံးဆွဲ Camera တစ်လုံးကိုင်ပြီး Thai ကိုထွက်လာခဲ့တာ 3 နှစ်ပြည့်တဲ့အခါမှာတော့သူ Korea ကိုပြန်လာခဲ့ပြီ။ပြန်ရောက်ရောက်ချင်း Chae ဆီသွားမလို့စဉ်းစားလိုက်ပေမဲ့ မနက်ကျမှ Surprise လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီညတော့ Hotel တစ်ခုခုမှာဝင်အိပ်ရမှာပေါ့။

Until YouWhere stories live. Discover now