"Nini နိုးပြီလား"
"ဟုတ် Unnie Jiyoung ရော"
"အိပ်နေတုန်းပဲလေ"
"အာ.....ဟုတ်"
"လာလေ မနက်စာလာစား"
"မစားတော့ဘူး Unnie သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတယ်"
"ကောင်းကောင်းသွားနော် ကားလည်းဖြေးဖြေးမောင်းအုံး"
"ဟုတ်"
.....................
At Park Group
"Lalisa ရော သူဘယ်မှာလဲ"
"ရုံးခန်းထဲမှာပါ CEO"
အတွင်းရေးမှူးလေးရဲ့စကားကိုကြားကြားချင်း ရုံးခန်းထဲကိုဝင်လိုက်တော့ ဆိုဖာပေါ်မှာရုပ်တည်ကြီးနဲ့ထိုင်နေတဲ့မျောက်စုတ်။
"Lisa ya"
မတွေ့ရတာကြာတဲ့အလွမ်းတွေကိုတိုးပြီးဖက်လိုက်တော့အလိုက်သင့်ဖက်ပေးရှာပါတယ်။
"Chae ya လွှတ်....လွှတ်တော့ ငါအသက်ရှူကြပ်နေပြီ"
"ပြန်လာရင်လည်းငါ့ကိုပြောရောပေါ့ ဘာလို့တိတ်တိတ်လေးပြန်လာတာလဲ"
"ဘာပဲဖြစ်ဖြစ်ပါဟာ အခုငါပြန်ရောက်နေပြီပဲ ဒါနဲ့နင်အခုအားလား"
"အားပါတယ် ဒီနေ့အရေးကြီးလုပ်စရာတွေမရှိဘူး"
"ဒါဆို Coffee ဆိုင်တစ်ဆိုင်လောက်သွားရအောင် စကားလေးဘာလေးလဲပြောရင်းပေါ့"
"သွားရအောင် ဒီနားမှာ Coffee ကောင်းကောင်းရတဲ့ဆိုင်တစ်ဆိုင်သိထားတယ်"
..................
"နင်ဘယ်တုန်းကပြန်ရောက်တာလဲ Nini"
"မနေ့က"
"........."
"ဘာလို့တိတ်သွားတာလဲ"
"ဟိုမှာကြည့်ကြည့်လေ နင့်ယောင်းမ မဟုတ်လား ကောင်မလေးတစ်ယောက်နဲ့"
Nayeon မေးငေါ့ပြတဲ့အဝင်ဝကိုကြည့်လိုက်တော့ Unnie Chae ရယ် မနေ့ကဝင်တိုက်တဲ့ငပိန်ကောင်ရယ် ကိုတွေ့လိုက်တယ်။Nini ကိုတွေ့တော့ Unnie Chae ကပြုံးပြတယ်။ဟိုငပိန်ကောင်ကျရုပ်တည်ကြီးနဲ့နေနေတာ မသိရင်တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ရုပ်နဲ့။

YOU ARE READING
Until You
أدب الهواة18+ လေးတွေပါတဲ့အတွက် 18 နှစ်အောက်လေးတွေရှောင်ကြပါ ပြောမဲ့သာပြောရတာကျွန်တော်လည်း 18 မပြည့်သေးဘူး ဖတ်ရင်လည်းမ bash ကြပါနဲ့ warning ပေးထားပါတယ်ဗျ