Two

2.3K 117 11
                                    

"rene" သူတိုးတိုးလေးပြောလိုက်မိတယ် သူတွေ့လိုက်တာအခုလက်ရှိသူတွဲနေတဲ့ကောင်မလေး သူ့ကိုမြင်တော့ပြုံးပြပြီးဆိုင်ထဲဝင်လာတယ်။ ကျန်တဲ့သူတွေနဲ့ခဏပဲတွဲခဲ့ပေမဲ့ဒီတစ်ယောက်ကိုတော့‌သူကြာကြာတွဲဖြစ်တယ်။သူမကသူ့ကိုနားလည်ပေးနိုင်တယ်လေ ပြီးတော့သူ့ကိုလည်းတော်တော်လေးချစ်တာ

"Li"

"ဟင်"

သူအတွေးလွန်နေတာ rene သူ့ဘေးမှာလာထိုင်မှန်းတောင်မသိလိုက်ဘူး။
"ဘာတွေစဉ်းစားနေတာလဲ rene ခေါ်နေတာကြာလှပြီ"

"ကိုယ်အတွေးလွန်သွားတာ‌ Sorry ပါ rene ရယ်"

"ဒီည rene ရဲ့မွေးနေ့ရှိတယ် bar မှာလုပ်မှာ Chae ကိုပါခေါ်ခဲ့နော်"

ဘေးက Chae ကိုကြည့်လိုက်တော့သွားမယ်ဆိုတဲ့အထာနဲ့ခေါင်းညိမ့်ပြတယ်။

"ကိုယ်လာခေါ်ရမလား rene"

"ရပါတယ် Seulgi နဲ့ပဲလာခဲ့မယ်"

Seulgi ဆိုတာ rene ရဲ့သူငယ်ချင်း  rene ကိုကြိုက်နေတာသူသတိထားမိပါတယ် ဒါပေမဲ့သူမပြောမိဘူး။ပြောလိုက်ရင်လည်းသူ့ကြောင့်သူငယ်ချင်းသံယောဇဉ်ပျက်သွားမှာသူမလိုလားဘူး။

"ဒါဆိုကိုယ် Chae နဲ့လာခဲ့မယ်လေ"

"အခုတော့ rene သွားတော့မယ် ‌Appa ခေါ်နေပြီ ညကျမှတွေ့မယ်နော် bye Li"

rene ကပြောပြီးတာနဲ့သူ့နှုတ်ခမ်း‌ကိုတစ်ချက်နမ်းတယ်။

"ကောင်းကောင်းသွားနော် rene"

rene သူ့ကိုချစ်တာသူသိတယ်။သူကရော rene ကိုချစ်လားဆိုတာသူအခုထိမသိသေးဘူး။

"Li ပြန်ကြရအောင်.....မ Chae တို့ပြန်တော့မယ်နော်"

"ဒါဆို Li တို့ပြန်တော့မယ်နော် Jisoo shi"

"Jisoo unnieလို့ခေါ်လည်းရပါတယ် ရင်းရင်းနှီးနှီးပေါ့"

"ဟုတ်ကဲ့ Jisoo unnie"

Lisa ထလိုက်ပြီး bill ရှင်းဖို့အလုပ်

"ထားလိုက်ပါ Lisa ရယ် မပေးနဲ့တော့"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေလုပ်မနေနဲ့ နောက်တစ်ခေါက်မှပေးတော့"

Until YouWhere stories live. Discover now