Lisa အိပ်ရာကနိုးလာပြီးမျက်နှာသစ် အဝတ်အစားလဲပြီးအောက်ဆင်းလာခဲ့သည်။သူ့မြင်လိုက်ရတာကိုတောင်သူမယုံနိုင်ဘူး အောက်မှာ Appa နဲ့ Omma ကမနက်စာကိုအတူတူစားနေတယ်လေ။
"Lili ဘာရပ်လုပ်နေတာလဲ မနက်စာလာစားလေ"
"ဟုတ်"
Lisa သူ့နေရာသူဝင်ထိုင်လိုက်ရင်း ဘာမှမပြောတော့ဘဲကော်ဖီသောက်နေလိုက်သည်။
"Li ပြီးရင်သွားကြရအောင်"
"ဟုတ်"
................
Li ကားပေါ်သာပါလာရတာ အမှန်ဆိုသွားမတွေ့ချင်ဘူး အပေးအယူရှိနေလို့သာသွားတွေ့တာ။နောက်တော့သူတို့ကားလေးအိမ်တစ်အိမ်ရှေ့မှာရပ်သွားသည်။သူ့Appa နဲ့ Omma ကအရင်ဆင်းသွားတော့ သူလည်းလိုက်ဆင်းလာခဲ့တယ်။သူတို့ဧည့်ခန်းထဲမှာထိုင်လိုက်တာနဲ့ဦးလေးကြီးတစ်ယောက်က"Hey Manoban မတွေ့ရတာကြာပြီနော်"
"အေးကွာ ငါလည်းအလုပ်တွေရှုပ်နေတာနဲ့မင်းဆီတောင်မရောက်ဖြစ်ဘူး Kim ရာ"
Appa ကသူ့ကိုလက်ဆွဲခေါ်ရင်း
"ဒါငါ့သမီးလေ Lalisa Manoban တဲ့""တွေ့ရတာဝမ်းသာပါတယ် အန်ကယ်"
"အေးအေး အန်ကယ်လည်းတွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ Manoban မင်းသမီးကအချောလေးပဲနော်"
"ဒါပေါ့ ငါ့သမီးပဲဟာ မင်းရဲ့သမီးလေးရောဘယ်မှာလဲ"
သမီးလေး ဒါဆိုသူလက်ထပ်ရမှာမိန်းကလေးပေါ့။
"အပေါ်မှာလေ မိန်းမရေ မင်း သမီးကိုသွားခေါ်လိုက်ပါအုံး"
"သမီးရောက်နေပါပြီ Appa ရဲ့"
သူအသံကြားလို့လှေကားဘက်ကိုလှည့်ကြည့်လိုက်တော့
"Jisoo unnie!!!""Lisa???"
#နောက်တစ်ပိုင်းကိုညကျရင်ထပ် up ပေးပါ့မယ် အခုကတိုမှန်းသိပေမဲ့ Lisa လက်ထပ်ရမဲ့သူကိုသိစေချင်လို့

YOU ARE READING
Until You
Fanfiction18+ လေးတွေပါတဲ့အတွက် 18 နှစ်အောက်လေးတွေရှောင်ကြပါ ပြောမဲ့သာပြောရတာကျွန်တော်လည်း 18 မပြည့်သေးဘူး ဖတ်ရင်လည်းမ bash ကြပါနဲ့ warning ပေးထားပါတယ်ဗျ