Four

558 18 0
                                    

"Jisoo unnie!!!"

"Lisa???"

Jisoo unnie မျက်နှာကိုမြင်လိုက်တော့သူ့မျက်လုံးထဲတစ်ဆက်တည်းဝင်လာတာက Chaeyoung။

"သမီးတို့ကသိနေကြတာလား"

Mr.kim ရဲ့စကားကိုကြားတော့ Mr.Manoban ကလည်း
"သိနေကြတော့ပိုမကောင်းဘူးလား Kim ရယ် ဟားဟား"

လူကြီးတွေကဝမ်းသာနေပေမဲ့သူဝမ်းမသာနိုင်ဘူး။Jisoo unnie နဲ့စကားပြောရတော့မယ်။

"Unnie စကားခဏပြောရအောင်"

"အင်း ပြောကြရအောင်"

သူတို့နှစ်ယောက်ခြံထဲကိုထွက်လာခဲ့ကြသည်။

"Unnie ဘာလို့ဒီကိစ္စကိုလက်ခံခဲ့တာလဲ Li သိလို့ရမလား"

"Appa ကိုတို့ကသိပ်အလေးထားတယ်လေ သူ့ရဲ့စကားတွေကိုရော"

Unnie ကအဖေချစ်သမီးလေးပဲ။

"Chae ကရော!!!Unnie ကို Chae ကြိုက်နေမှန်းသိတယ်မလား"

"သိပေမဲ့ဘယ်တတ်နိုင်ပါ့မလဲ Lisa ရယ် Appa စကားကိုတို့ကငယ်ငယ်ကတည်းကနားထောင်လာတာ...."

"Li ကလည်း Unnie ကိုမချစ်ဘူး Unnie ကလည်း Li ကိုမချစ်ဘူးလေ ဟုတ်တယ်မလား"

သူမေးလိုက်တဲ့စကားကြောင့် Unnie မျက်နှာတစ်ချက်ပျက်သွားတာသူသတိထားမိလိုက်တယ် ဒါပေမဲ့မကြာပါဘူး သူ့နဂိုအပြုံးလေးနဲ့ပြုံးပြပြီး

"ဒါပေါ့ ကလေးငယ်ကိုလည်း တို့မချစ်ပါဘူး"

"ဒါနဲ့ခုနကဘယ်လိုခေါ်လိုက်တယ်"

"ကလေးငယ်လို့လေ Lisa ကတို့ညီမလေးအရွယ်လောက်ပဲရှိတာကိုး"

သူမခေါ်လိုက်တဲ့နာမည်ကြောင့်ကြောင်သွားတဲ့ကလေးငယ်ကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်သည်။

"အာ....ဟုတ်"

Unnie ကိုခုမှသေချာကြည့်မိတယ် ပြုံးလိုက်ရင်ကွေးညွှတ်သွားတတ်တဲ့အသည်းပုံနှုတ်ခမ်းလေး Unnie ကပြုံးရင်တကယ်လှတာပဲ။Chae ကြိုက်တာလည်းမထူးဆန်းတော့ပါဘူး။

"Li လာလေ ပြန်ရအောင်"

Appa ခေါ်လို့လှည့်ကြည့်လိုက်တော့ Appa တို့ကကားပေါ်တောင်ရောက်နေပြီ။

"ဟုတ် လာပြီ.....Unnie သွားတော့မယ်နော်"

"ကောင်းကောင်းသွားနော် ကလေးငယ်"

"ဟုတ်"

ကလေးငယ်တို့ကားလေးမြင်ကွင်းထဲကပျောက်သွားတဲ့အထိသူမလိုက်ကြည့်နေမိတယ်။သူမဘေးက Appa က

"ဘာလို့မပြောပြလိုက်တာလဲ သမီးငယ် သူ့ကိုချစ်နေတာကို"

"အခုပြောပြလိုက်ရင် သူလက်မခံနိုင်မှာ Ji ကြောက်တယ်"

"ဒါပေမဲ့လည်းတစ်ချိန်ချိန်ကျသမီးပြောပြရမှာပဲလေ တစ်သက်လုံးလျှို့ဝှက်ထားလို့မှမရတာ"

"သူသမီးကိုချစ်လာတဲ့တစ်နေ့သမီးပြောပြလိုက်ပါ့မယ်"

"သမီး သဘောအတိုင်းပါပဲ အိမ်ထဲဝင်ရအောင်လေ"

"ဟုတ် Appa"

Until YouWhere stories live. Discover now