Uni
အခန်းထဲတွင် အလွန်ချောမောခန့်ညားသော ကောင်လေး၏ပုံများမှာနေရာအပြည့်ယူလို့ထားသည်
နံရံတွင်လဲ ထိုကောင်လေးပုံများ တံခါးတွင်လဲ ထိုကောင်လေးပုံများ စားပွဲခုံပေါ်တွင်လဲ ထိုကောင်လေးနဲ့ပတ်သက်သည်များနှင့် စိုးမိုးလို့နေသည်
ထိုကောင်လေးကား မည်သူမှမဟုတ် Koreaတွင်နာမည်ကျော်ကြားနေ
ပါသော idol Jeon JungKook ပင်ဖြစ်သည် Jeon JungKook သည်ယခုဆိုလျှင် BY Ent. မှ Solo Artist အဖြစ် Debut ပြီးသည်မှာ၃နှစ်ပင်ကျော်ပြီ
အမည်အရင်းမှာ Jeon JungKook ဖြစ်ပြီး Stage name မှာ Jaykay (JK) ဖြစ်၏
အသက်မှာ 24 နှစ် 17 နှစ်လောက်ကပင်
Audition မြောက်များစွာကိုဖြေရင်း 19 နှစ်တွင် BY ent တွင်စတင် training ဆင်းရသော်လဲအကြောင်းအမျိုးမျိုးကြောင့် 20 ကျော်လောက်မှ Debut ခွင့်ရသည်ထိုအခန်းပိုင်ရှင်ကား Jeon JungKook ၏ fanboy လေး Bunny's (Jk's fandom name) ၏အခန်းပင်ဖြစ်သည်
"Ahhhhhh!!!! Jeon JungKook!!!"
"Kim Taehyung!!! နင့်လင်နာမည်ကိုတစ်အိမ်လုံးကြားအောင် ေအာ်မနေနဲ့!!"
Eomma၏အသံသည်သူ၏အသံအားဖုံးလွှမ်းကာထွက်လာသည်
Jeon Jungkook ၏ခန့်ညားမှုမှာကြွေဆင်းသွား၍ မသိစိတ်ကအော်မိလိုက်သောကြောင့် eomma ၏အဆူကိုခံလိုက်ရသော ကျွန်တော်ပါလေ😞
"Eomma ကလဲ"
"ဘာ eomma မှ မလဲဘူး လာစမ်း ပန်းကန်ဝိုင်းဆေးပေး ဟင်းမချက်တတ်လို့ဆိုပြီး ငါကချက်ပေးပြီးပြီ အခုနင့်အလှည့်လာဆေး"
*Miyan ပါ Taeလေးရယ်🤧*
Taehyungလဲ နှုတ်ခမ်းတစ်တောင်လောက်ထော်ကာ eommaဆေးခိုင်းသောပန်းကန်များကိုဆေးလိုက်သည်
ပန်းကန်ဆေးတော့လဲ အေးအေး ဆေးဆေး မဆေး JungKook ၏ "EUPHORIA" သီချင်းအား အသံ ခပ်သြသြ ဖြင့်ဆိုရင်းဆေးနေလေသည်
Taehyungလေးက အဆိုကောင်းနေသောကြောင့်eomma ၏ထုခြင်းမှ ကင်းဝေးနေခြင်းပင်
ထို့နောက် ဖင်လုံးလုံးလေးကို ခါတာ ခါတာ ဖြင့် အခန်းထဲသို့ဝင်သွားသော အမောင် ကိုတင်လုံး အဲ့လေ ကို Kim Taehyung
Taehyung ကိုသူ၏eommaဖြစ်သူ လိုက်ကြည့်ရင်းခေါင်းခါမိသည်
တော်ပါသေးသည် Taehyung appa က အလုပ်သွားနေလို့ပေါ့ မဟုတ်ရင် ထိုတင်လုံးလုံးလေး အကန်ခံရမည်ဖြစ်သည်
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fanfictionမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...