ကိုယ်မင်းကိုလာကြည့်တိုင်း..
အခြားတစ်ယောက်ရဲ့..စကားလုံးတွေကိုစိတ်ဝင်တစားနားထောင်နေတဲ့..မင်းရဲ့ပုံစံ..ကိုယ်မင်းအိပ်စက်နေချိန်..အနားလာဖို့ပြင်တိုင်း
အခြားတစ်ယောက်က..ဘေးနားမှာမင်းလက်တွေကိုဆုပ်ကိုင်ထားပြီး..အေးချမ်းစွာအိပ်နေတဲ့မင်းရဲ့ပုံစံ.."Kim Kai"
တကယ်ထင်မထားဘူး..ဂျုံအင်ဆိုတဲ့နာမည်နဲ့ကလေးအနားကိုရောက်လာခဲ့သူက Kim Group ရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူ တစ်ခါမှမမြင်ဖူးကြားဖူးရုံပဲမို့သဘောမထားမိတာကိုယ့်အလွန်တော့မဟုတ်ခဲ့..
Taoပြောပုံအရ Seoulမှာဆို ကလေးအတွက် လိုအပ်တဲ့ဆေးကုသမှုခံဖို့ကစိတ်အခြေအနေအရပိုဆိုးနိုင်လို့
အင်္ဂလန်ကို..သွားဖို့..Kaiကမိသားစုကိုခွင့်တောင်းတယ်တဲ့...ကလေးကလည်း Taeminရှိတာကြောင့်အင်္ဂလန်ကိုပဲသွားဖို့ လက်ခံတယ်တဲ့လေ...မင်းကိုနေ့တိုင်းအရိပ်တကြည့်လာချောင်းပြီးမမြင်ကွယ်ရာက..ရင်တွေနာနေရတဲ့ဒီကောင်ကြီးကျ...ထားခဲ့နိုင်တယ်တဲ့လား...
မင်းမသိနိုင်တဲ့..အဝေးကငေးကြည့်ခွင့်လေးကိုမပေးတော့ဘူးပေါ့...
ကလေး..အဆင်ပြေပြေနဲ့..Seoulကိုပြန်လာခဲ့ပေးမယ့်အချိန်ကိုပဲ ..ကိုယ်စောင့်ပေးရမှာပေါ့..
ပြန်လာတဲ့အခါကျ အရာအားလုံးတစ်ကပြန်စခွင့်ပေးဖို့
ကိုယ်တောင်းဆိုမယ်...ကြိုးစားမယ်...ခုတော့မမြင်ကွယ်ရာကပဲနှုတ်ဆက်ပါတယ်..ကိုယ့်ကလေးလေး..!.....
....."သား..Kai အန်တီတို့..သားငယ်ကိုအပ်ပါတယ်နော်"
"ဟုတ်ကဲ့ပါ...ကျွန်တော်..ဟွန်းကိုအများကြီးဂရုစိုက်ပေးမှာမို့စိတ်မပူဖို့ပြောချင်ပါတယ်"
"မင်းကိုအန်ကယ်တို့ယုံပါတယ်"
"ကျေးဇူးပါဗျာ...ဟိုမှာနှလုံးအစားထိုးကုသဖို့..အလှူရှင်လဲအမြန်ဆုံးပေါ်လာတာနဲ့..ဟွန်းကိုအကောင်းဆုံးကုသပေးပြီး...ပြန်လာခဲ့ပါ့မယ်"