"ကလေး..ဆေးသောက်ပြီးပြီလား"
"...
"ကလေး..ဘာလို့မဖြေတာလဲ"
"သွားပါ လူကိုတစ်နေ့လုံးပစ်ထားခဲ့ပြီး"
သူ့ကြောင့်..လူကမထနိုင်ဖြစ်ရတာကိုနေ့ခင်းအစည်းအဝေးဆိုပြီး Jaehyungဖုန်းဆက်တော့ချက်ချင်းထသွားတာ..စိတ်နည်းနည်းဆိုးမိတယ်...
"ကိုယ်ပင်ပန်းလာတာကိုကွာ..မဆိုးစမ်းနဲ့"
"ခင်ဗျား...ဟင့်..."
အစည်းအဝေးမှာ အဆင်မပြေမှုရှိခဲ့တာမို့
ကလေးရှေ့ လည်းစိတ်ဆိုးနေတဲ့ပုံမပေါက်အောင်နေ
ရဖို့ဆိုပေမယ့်..မျက်နှာကမပြေလျော့သေးတဲ့အနေအထားမို့..ရှေ့ကအကောင်ပေါက်ကဘာအထာကောက်လိုက်တယ်မသိ..ထငိုပါလေရော..."ကျစ်..အိုဆယ်ဟွန်းရေ..
ငါ့ကိုနည်းနည်းလောက်နားလည်ပေးပါလား""ငါ...ဘာအဆင်မပြေလာတာလဲဆိုတာ
မသိဘူးမလား..မင်းကိုဆူငေါက်နေတာလဲ
မဟုတ်ဘူး..ဂရုမစိုက်တာလဲမဟုတ်ဘူးကွာ
ခုက...company မှာ ပြဿ နာလေးရှိခဲ့လို့"ကိုယ်စိတ်ထဲဖြစ်နေတာတွေအကုန်ပြောပြီးတော့
မျက်နှာလေးငုံ့သွားပြီး..အငိုတိတ်သွားတာတော့အမှန်ပဲ!အလိုလိုက်လွန်းရင်လဲကဲလှတယ်!
"ကိုယ်ရေသွားချိုး အုံးမယ်"
ပြန်မဖြေမှာသိလဲပြောရသေးတာအရူးလိုပဲ
ဒီကလေးနဲ့က...ပြီးမှသေချာလေးပြောပြပြီး..ချော့မယ်ဆိုတဲ့အတွေးနဲ့
ရေချိုး ဖို့ပြင်ရတော့သည်.......
....ညဝတ်အင်္ကျီ ..ယူဝတ်ပြီး မခြောက်သေးတဲ့ခေါင်းကိုလဲ
စိတ်ရှည်ရှည်မသုတ်ချင်တော့...အိပ်ပျော်နေတာလားအိပ်ချင်ယောင်ဆောင်နေတာလားမသိတဲ့ကလေးအနားအမြန်ဘေးဘက်ကကပ်ပြီး
ထိုင်လိုက်တာ...ချောင်ကျသွားတဲ့ပါးလေးနှစ်ဖက်က
ဟိုးအရင်ကကိုယ်ခိုးပြီးကိုင်ခဲ့ဖူးသလိုတော့
အိအိဖောင်းဖောင်းလေးဖြစ်မနေသော်ငြားလည်း
ထိတွေ့ချင်လာတာနဲ့....
![](https://img.wattpad.com/cover/230377827-288-k478568.jpg)