"အကိုဂျုံအင်ကမလာသေးတာလား ဘာလို့လဲခါတိုင်းဆိုအစောကြီးရောက်နေကြကို"
ဆယ်ဟွန်းတွေးနေမိတာကကျောင်းဆင်းထိရောက်မလာသေးတဲ့ အကိုဂျုံအင်..
ခုဆိုဆယ်ဟွန်းကျောင်းတက်ချိန်ရောက်လို့ကျောင်းတက်တာတစ်လတောင်ကျော်ပြီ.." လူကြီးငှါးပေးတဲ့ driver လေးကလည်းငယ်ပြီးသဘောကောင်းတော့အားလုံးအဆင်ပြေတယ်...
လူကြီးနဲ့ကကျကျောင်းစတက်ကတည်းကကောင်းကောင်းဆုံဖြစ်တယ်မရှိ ညဘက်မှာတွေ့ရတာကိုအာ့လူကြီးကအလုပ်တွေနဲ့ဆိုတော့..ကျွန်တော်ကအရင်အိပ်ပျော်သွားတဲ့ညတွေကခပ်များများ...ဟူး...ကျောင်းတစ်ဖက်နဲ့နည်းနည်းပင်ပန်းနေတာကလွှဲလို့ ခင်ဗျားဘေးနားမှာနေရတာ ပျော်တယ်""တီ...တီ..တီ......
"အမလေး....ဟင် လူကြီး"
"တက်မြန်မြန်"
"ဟမ်..ဟုတ်..ဟုတ်ကဲ့"
အူကြောင်ကြောင်လေးနဲ့ကားပေါ်တက်လာတဲ့ပေါက်စကတကယ်အသဲယားစရာ...
"ရားး...ပတ်ချန်းယောလ်မင်းခုဘယ်လိုတွေးလိုက်တာလဲ".....ဆ်ာဟွန်းကားပေါ်ရောက်တာနဲ့ထွက်ခွာလာတဲ့ကားလေး
<လူကြီးကဘာမှပြောစရာမရှိဘူးလားဒီနေ့ဘာလို့သူလာကြိုရတာလဲဆိုတာကို>"ဟို..လူကြီး...အကိုဂျုံအင်ကဘာလို့လာမကြိုတာလဲ"
"ကိုယ်လာကြိုလို့လေ"
"အာ...အရမ်းရှင်းသွားတာပဲ..ဒါနဲ့ခုကအိမ်ကိုသွားတဲ့လမ်းမဟုတ်ဘူးမဟုတ်လား"
"စကားမများနဲ့ကွာ"
ဆယ်ဟွန်းတစ်ချက်လောက်ငေါက်ခံရရင်လူကအလိုလိုငြိမ်ကျသွားတက်တာအကျင့်ဖြစ်နေပြီ...
"ဟိတ်...ရောက်ပြီဆင်းတော့"
"အာ..Nae"
ဆယ်ဟွန်း..စားသောက်ဆိုင်တစ်ခုရှေ့ရပ်လိုက်တာကြောင့် နည်းနည်းတော့ရိပ်မိလိုက်ပါပြီ...
"ခုကလူကြီးနဲ့ညနေစာအတူတူစားရမှာပေါ့..ပျော်လိုက်တာ"