* Unicode *
* လရောင်လွှမ်းတဲ့ အချစ်အိပ်မက် *
* အပိုင်း ၀၁ *"မင်္ဂလာသတိုးသားမှ မင်္ဂလာသတိုးသမီးကို အကြင်နာပေးနိုင်ပါပြီ ခင်ဗျ "
ဖာသာကြီးရဲ့စကားသံအဆုံး ပရိတ်သတ်တွေဆီက ကောင်းချီးဩဘာလက်ခုပ်သံတွေ တစ်ဟုန်ထိုးဆူညံသွားသည်။ သို့ပေမဲ့ အရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ မျက်မှန်ဝိုင်းဝိုင်းနဲ့ကောင်လေးမပါ။ အကြင်နာပေးနေကြတဲ့ ထိုစုံတွဲကိုသာ အသွေးသားတွေ တစ်ဆတ်ဆတ်တုန်သည်အထိ သူစိုက်ကြည့်သည်။ အမုန်းတရားနဲ့ ချစ်ခြင်းမေတ္တာတွေ ရောစပ်ပေါင်းယှက်ထားတဲ့ သူ့အကြည့်တစ်ချက်က မျက်လုံးချင်းဆုံမိရင် တစ်ဖက်လူ အေးခဲသွားနိုင်လောက်သည်။ လက်သူကြွယ်မှ တစ်ကွင်းတည်းသော လက်စွပ်ကို ဖိပွတ်ရင်း အံကြိတ်ထားသည့်ကြားမှာ ပါးပြင်ပေါ် ပေါက်ကနဲ့ ကျလာတာ မျက်ရည်။
ဘာလို့ရက်စက်တာလဲ
သုံးနှစ်တာထားခဲ့တဲ့ သူ့အချစ်တွေကများ မလုံလောက်လို့လား ဂျောင်....
ပေးအပ်ခဲ့တဲ့ဘဝနဲ့ဖြူစင်ခြင်းတွေက မလေးနက်လို့များလား ဂျောင်...
ဒါမှမဟုတ် ...
အစကတည်းက တမင်သက်သက်ကစားခဲ့တာများလား ဂျောင်...အကြင်နာတွေကြား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးပြနေတဲ့ သတိုးသားနဲ့သတိုးသမီးကြောင့် သူမဲ့ပြုံးပြုံးရင်း နေရာကနေ ဇွတ်ကနဲ့ကောက်ထသည်။ ထို့နောက် တစ်ချက်မှ လှည့်မကြည့်ဘဲ လျှောက်လမ်းအတိုင်း ကျက်သရေရှိလှတဲ့မင်္ဂလာပွဲကို ကျောခိုင်းခဲ့တော့ ပရိတ်သတ်တွေကြား ထွက်လာတဲ့ဝေဖန်သံတွေက နားထဲအလျှိုလျှိုတိုးဝင်သည်။
" ကောင်လေးက သူ့အမကို တော်တော်ချစ်ပုံရတယ် ငိုသွားတာ ကြည့်စမ်း "
" ဟုတ်ပါ့.. အေးလေ သူကလေးဘဝကတည်းက ဒီအစ်မကအဖေ ဒီအစ်မကအမေပဲမဟုတ်လား "
" အင်း သူ့အစ်မ လက်ထပ်တော့ နှမြောနေတာထင်တယ် ကောင်လေးကလှလိုက်တာ
သူ့ယောက်ဖနဲ့ရော အဆင်ပြေပါ့မလား သူကအမကိုတအားချစ်တော့လေ "
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfiction𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...