Episode 24

3.5K 364 24
                                    

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၄ *

ဟိုတယ်ထဲကနေ သွေးရူးသွေးတန်း ပြေးထွက်လာမိခဲ့တဲ့သူ။ ကြားရတဲ့နားကိုပဲ ဖြတ်ပစ်ချင်မိလောက်တဲ့အထိ သူ့ခံစားချက်တွေရောထွေးနေခဲ့သည်။ ဂျောင် ဟိုတယ်ကို ခေါ်ကတည်းက ထယ်ထယ်နဲ့ပတ်သတ်တဲ့မကောင်းတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ ခံစားမိပေမဲ့ ဒီလိုမြင်ကွင်းမျိုးကို မြင်ရမယ်လို့မထင်။ သူရောက်ရောက်ချင်း ပို့လာတဲ့အခန်းနံပါတ်အတိုင်းသွားမိတော့ ထိုအခန်းရှေ့ရောက်ရောက်ချင်း ကြားလိုက်မိတဲ့အသံက ထယ်ထယ့်အသံ။

" ဒယ်.. ဒယ်ဒီ..!! အချိန်.. အချိန်မဆွဲပါနဲ့လား... ဘေဘီ .. ဘေဘီမရတော့ဘူး ... "

မဟုတ်ဘူးလို့ သူ့ကိုယ်သူ ငြင်းနေတဲ့အချိန်မှာပဲ မီးလင်းသွားတဲ့ထိုအခန်းငယ်ကြောင့် အထဲ လူနှစ်ယောက်ရဲ့ အရိပ်ကိုအထင်းသား မြင်နေရသည်။ တံခါးလက်ကိုင်ကို မရဲတရဲသွားကိုင်မိတော့ မီးပိတ်ခိုင်းတဲ့ထယ့်အသံ။ သူ့ရင်တွေ ပူလောင်ပြီး မဟုတ်နိုင်ပါဘူးလို့ပဲ တစ်ဖက်ပိတ်အယုံသွင်းခဲ့မိတာ။ သို့ပေမဲ့ ဆက်ကြားလိုက်ရတဲ့အသံတွေ

" ဒီည ကိုယ်မင်းကို အဝကြည့်ချင်တာ ဘေဘီ "

" ဟင် အင်း.. ပိတ်ပေးပါ အ့ ... "

" မီးပိတ်ခိုင်းရင် ဘေဘီ လိုချင်တာ ကိုယ်မပေးဘဲနေမှာနော် "

" ပေးပါ .. "

" ဘာပြောတယ် ဘေဘီ .. "

" အချိန်မဆွဲ‌ဘဲ .. ဘေဘီ့ကိုပေးပါတော့ "

ထိုအသံတွေကြောင့် တံခါးကို အသာလေးဆွဲဖွင့်ပြီး စိတ်ကိုအတတ်နိုင်ဆုံးခိုင်ခိုင်ထားကာ ဖွင့်မိသည်။

" အ့ .. "

" ဘေဘီ အရမ်းလိုချင်ရင် ကိုယ်တိုင်ယူလေ "

ခပ်ဟဟတံခါးကြားက မြင်လိုက်ရတဲ့ပုံရိပ်က အဝတ်မပါတဲ့လူသားနှစ်ယောက်။  ပြီးတော့ ဂျောင့်လက်တွေက ထယ်ထယ့်ခါးကိုမချီကာ အပေါ်ဘက်ပို့ရင်း
ဆောင့်ချလိုက်တဲ့ပုံရိပ်။

Under The Moonlight Dream【 Completed 】Where stories live. Discover now