* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၁ *// ဂျွန်ထယ်လေး ... ဒီညကိုယ်ပြန်လာခဲ့မယ်နော်... ဘာစားချင်လဲပြော //
မနက်စောစောစီးစီး ဖုန်းထဲဝင်လာတဲ့မက်ဆေ့ခ်ျကြောင့် ဂျောင်ကု ကမ္ဘာကြီးရပ်တန့်သွားသည်။
ဟင် !! ထယ်ထယ်!! ထယ်ထယ်က သူ့ကို ... သူ့ကိုမက်ဆေ့ခ်ျပို့တယ်ပေါ့လေ!! ထူးထူးဆန်းဆန်း.. အလုပ်သွားရင်တောင် တခါမှဖုန်းမဆက်တဲ့ ထယ်ထယ်က သူ့ကို အခုလိုမျိုး မက်ဆေ့ခ်ျပို့တယ်ဆိုတော့...
“ အား!!!! ”
ဆိုဖာပေါ်မှာ ထိုင်နေရင်းနဲ့တင် အသံကုန်အော်မိတော့သည်။ ထို့နောက် ဖုန်းကိုပြန်ကြည့်ကာ ဖုန်းနံပါတ်ကို တစ်လုံးချင်းစီရွတ်ကာ ထပ်ခါထပ်ခါပြန်စစ်မိသည်။
" 0 2 - 9 9 6 - 7 8 9 6 .... 0 2 - 9 9 6 - 7 8 9 6 .... ဟုတ်တယ် .. ဒါ ထယ်ထယ့်ဖုန်းနံပါတ်ပဲလေ ... တကယ်ကြီး တကယ်ကြီး မက်ဆေ့ခ်ျပို့လိုက်တာပဲ ”
ပျော်မဆုံးရွှင်မဆုံးဖြစ်နေတဲ့ ဂျောင်ကုက cushionကိုအတင်းဖျစ်ညစ်ကာ ကိုက်မိတော့တဲ့အထိ ပျော်နေတုန်းမှာပဲ နောက်ထပ်ဝင်လာတဲ့ မက်ဆေ့ခ်ျတစ်ကြောင်း...
// ဘာလုပ်နေတာလဲ Seenပြပြီး Replyတောင် မပြန်နိုင်ဘူးလား.. ဂျွန်ထယ် အမောပြေလေး!! //
ဒီတစ်ခါတော့ ဂျောင်ကု ချက်ချင်းစာပြန်မိတော့သည်။
// " မဟုတ်ဘူးထယ်ထယ်!! ရုတ်တရက်ကြီး ထယ်ထယ်ပို့လာတယ်ဆိုတော့ ပျော်သွားလို့... ကျွန်တော်.. ထယ်ထယ့်ဆီ ပို့လို့ရတာလားဟင် ... ကျွန်တော်စာပြန်ပို့ရင်ကော စိတ်မဆိုးဘူးဟုတ်... အနှောင့်အယှက်မဖြစ်ဘူးဟုတ်... ထယ်ထယ် .. အား.. တကယ်ပဲ ... ထယ်ထယ်စာပို့မယ်တောင် မထင်ထားမိဘူး " //
// "" ထယ်ထယ် ပြန်လာမယ်ဆိုရပြီ ... ထယ်ထယ်ကလွဲလို့ ဘာမှမလိုဘူး... ဒါပေမဲ့လို့ပေါ့နော် အိမ်မှာက ကျွန်တော်တစ်ယောက်တည်းဆိုတော့ ဘာမှမရှိဘူးလေ ... အဲ့ဒါကြောင့် ထယ်ထယ်စားချင်တာတွေခပ်များများလေးဝယ်ခဲ့လေနော်... ကျွန်တော်က ထယ်ထယ့်ကိုပဲ စောင့်နေမှာ သိတယ်မဟုတ်လား ထယ်ထယ် .. " //
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfiction𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...