* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
[ သတိ ။ ။ မတတ်တခေါက် Mature Scene ပါဝင်သည် ]
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၁၅ *စားပွဲပေါ်က ကဒ်လေးတစ်ကဒ်ရယ်...
ခြောက်ကပ်ကပ်အခန်းထဲမှာ ငြိမ်သက်စွာထိုင်နေတဲ့ကောင်လေးတစ်ယောက်ရယ် ....
ဒီနေ့လဲ ပြန်မလာဘူးတဲ့လား Hyung...
အဲ့ဒါက သာမာန်စကားတစ်ခွန်းပဲ ဒါပေမဲ့ သူ့အတွက် မျက်ရည်ကျလောက်တဲ့အထိ ခိုင်လုံနေတဲ့အကြောင်းပြချက်တစ်ခု.... ။ တကယ်ဆိုရင် သိရဲ့လား ကိုကိုဂျီမင်ကိုအကြောင်းပြပြီး အိမ်ကထွက်လာတဲ့သူဟာ သာမန်လူတွေလို ရိုးရှင်းမနေ။ သူ့အကြောင်းကိုမပြောပြချင်တာမို့ Hyungအကြောင်းကိုလဲ သူမမေးမိခဲ့တာ ။ ရှင်းရှင်းပြောရင် Hyungဟာ KM Groupရဲ့ သူဌေးလေးဆိုတာကလွဲပြီး ကျန်တာမသိ။ အရင်ကနူးညံ့ခဲ့သလောက် အစ်မဖြစ်သူသေဆုံးပြီးနောက်မှာ ကြမ်းတမ်းလာခဲ့တဲ့လူသားလေးတဲ့။
ဒါတွေအကုန်လုံးကို အစ်ကိုကြီးဆီကတဆင့်သိထားခဲ့တဲ့အကြောင်းအရာလေးတွေ။ ဒါတောင် သူစုံစမ်းခိုင်းခဲ့တာမဟုတ်။ Hyungကို ပန်းချီပြခန်းခေါ်သွားတဲ့နေ့က သူ့အစ်ကိုကြီးနဲ့ တစ်ဖက်လှည့်မိတ်ဆက်ပေးခဲ့တာကို အစ်ကိုကြီးက Hyungအကြောင်း မြေလှန်စုံစမ်းခဲ့ပုံရသည်။
" ဟင်း "
ဂျောင်ကု သက်ပြင်းချလိုက်ရင်း စိတ်ရှုပ်စေမဲ့အကြောင်းအရာတွေကိုခေါင်းထဲထုတ်လိုက်ပစ်လိုက်သည်။ Hyungက သူ့ကိုမချစ်နိုင်လဲ ဘာဖြစ်တာမို့လဲ သူပိုချစ်ပေးလို့ရတာပဲ .... ငယ်ငယ်လေးကတည်းက တလောကလုံးအချစ်ကိုခံလာတာ ... အဲ့ဒါကြောင့် လူတစ်ယောက်ဆီက အချစ်မရရုံနဲ့ သူပြိုလဲမသွားပါဘူး အဓိကက သူချစ်ပေးနိုင်ဖို့ပဲလိုတာ ...
ထိုခဏ မြည်လာတဲ့ဟန်းဖုန်းလေးကြောင့် သူကောက်ကိုင်လိုက်မိသည်။ တခြားတော့မဟုတ် ... အစ်ကိုကြီး။
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfic𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...