* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့ချစ်အိပ်မက် *
* အပိုင်း ၁၀ *“ ဟင် ထပ်ပြီးတော့ကြက်ဥကြော်နဲ့ထမင်းပြန်လား ”
ဇွန်းနှစ်ချောင်းကိုကိုင်ကာ သူချပေးတဲ့ပန်းကန်ကိုကြည့်ပြီးဆူပုတ်လာတဲ့ကောင်လေး။ သူ့ရှေ့ကိုပန်းကန်ချပေးအပြီး ထယ်ယောင်း ထိုအကောင်ပေါက်စရဲ့နှာခေါင်းကို လက်နဲ့ဆွဲညှစ်လိုက်သည်။
“ သုံးရက်ပဲရှိသေးတာကို ငြီးငွေ့နေပြီ ... နောက်ဆို မင်း ငါ့ကို ငြီးငွေ့လာမှာ ”
“ Hyung .. တူလို့လား ...
ကြက်ဥကြော်နဲ့Hyungက တူလို့လား ကျွန်တော်ငြီးငွေ့ရအောင် ”“ မတူဘူးလား .. ”
“ Hyungက ကျွန်တော့်အတွက် စတော်ဘယ်ရီသီးလေးပါနော် ... ဘယ်တောမှမငြီးငွေ့ဘူး ... Hyungက ကျွန်တော့်အတွက် ... ”
“ အေး သိပြီမို့ စကားဆက်မများနဲ့တော့ .... ”
စကားတွေဆက်တိုက်ပြောချလာမဲ့ ဂျောင်ကုအကြောင်းကိုသိတာမို့ ထယ်ယောင်း တားလိုက်သည်။ သူတို့နှစ်ယောက် တွဲတာ သုံးရက်ရှိပါပြီ။ ဒီသုံးရက်အတွင်း ထယ်ယောင်းဘယ်မှမသွားဖြစ်သလို မိုက်မိုက်ကန်းကန်းအလုပ်တွေလဲမလုပ်ဖြစ်။ အစားအသောက်တွေရယ် ဂျွန်ထယ်လို့ သူခေါ်ရတဲ့ကောင်လေးနဲ့သာ အချိန်ဖြုန်းနေမိသည်။ တနေ့တနေ့ ဘေးနားမှာနေကာ စကားတတွတ်တွတ်များသည်မို့ ထယ်ယောင်းပျင်းရတယ်ဆိုပြီးမရှိ။ ရည်းစားအသစ်ရတာနဲ့မတူဘဲ ကလေးတစ်ယောက်ကောက်ရသလိုဖြစ်နေသည်။
ထယ်ယောင်းကိုကာကွယ်မယ်ဆိုပြီး အခုကျတော့ မနက်စာ နေ့လည်စာ ညစာပါ တာဝန်ယူရတဲ့အပြင် အိပ်တဲ့အခါကျရင်လဲ အိပ်မပျော်လို့ ချော့သိပ်ရတာကရှိသေး။ စဉ်းသာစဉ်းစားကြည့်တော့ ... ဘယ်လို အူကြောင်ကြောင်နိုင်လှတဲ့ကောင်လေးလဲ ... ။ ဒါပေမဲ့ ထယ်ယောင်းပျော်သည်။ ဒီကောင်လေးရဲ့ အရေးမပါတဲ့စကားသံတွေ ရယ်သံတွေကပဲ သူ့ဘဝကိုစိုပြေလာစေတာမို့လေ...။
YOU ARE READING
Under The Moonlight Dream【 Completed 】
Fiksi Penggemar𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...