* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၁၈ *“ ကိုယ် ဒီနေ့အလုပ်စဆင်းရမယ် ပြီးတော့ ကိုယ် ဒီည မင်းနဲ့အတူတူရှိပေးနိုင်မှာမဟုတ်ဘူး ကိုယ်အိမ်ပြန်ရမယ် ဂျွန်ထယ် ”
မနက်စောစောစီးစီး မနက်စာအတွက် ကြော်လှော်နေရင်းမှ အနောက်ကနေ အိပ်မှုန်စုံဖွားနဲ့ ခါးကိုအတင်းဖက်ကာ ချွဲနေတဲ့ဂျွန်ထယ်ကြောင့် ထယ်ယောင်း မပြောရသေးတဲ့အလုပ်အကြောင်းစကားစမိတော့သည်။
“ ဟမ် !! အလုပ်!! ဘာအလုပ်လဲ ဘာလို့ ကျွန်တော့်ကိုမပြောတာလဲ ဘာလို့သွားမဲ့မနက်မှ ပြောတာလဲ ဘယ်ကုမ္ပဏီလဲ ... ဘာလုပ်တဲ့နေရာကလဲ ဘာရာထူးလဲ "
တဆက်တည်းမေးချသွားတဲ့ ကောင်လေးကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်။ ဒီလိုစကားထွက်လာပုံအရ သူ့ဂျွန်ထယ်လေး အိပ်ယာကရှင်းရှင်းကြီးနိုးလာပြီဆိုတာ သူသိလိုက်သည်။
“ မေးခွန်းတွေက များလိုက်တာ ... အရင်က ကိုယ့်အမ ကုမ္ပဏီပါ အခုတော့ ကိုယ့်ယောက်ဖက ဦးစီးတာပေါ့ အမရှိတုန်းကလဲ အဲ့မှာလုပ်ဖူးပါတယ် ... MDမို့လို့ ခင်ဗျားလေး ကျုပ်ကိုစိတ်ချလို့ရပါတယ် ... ”
ထယ်ယောင်းဖြေရှင်းချက်ထုတ်ပေမဲ့ အသေးလေးက ကျေနပ်တဲ့ပုံမပေါ်ပါ။ ခါးကိုတင်းနေအောင်ဖက်ကာ သူ့ပါးပြင်တွေကို ထယ်ယောင်းကျောပြင်မှာအပ်ထားဆဲ ....။
" ဘာဖြစ်လို့ရုတ်တရက်ကြီးအလုပ်ထလုပ်တာလဲ ကလပ်လဲရှိနေတာကို ... ငွေအရမ်းလိုနေလို့လား ... ကျွန်တော်ရှာပေးမှာပေါ့ "
တစ်ချိန်လုံးငွေရှာပေးနိုင်တယ်ပြောတတ်တဲ့ကောင်လေးကြောင့် ထယ်ယောင်း ရယ်လိုက်မိသည်။ မနက်စာတောင်ကောင်းကောင်းပြင်မတတ်တဲ့ကောင်လေး... တစ်ခုခုဆို အလန့်လွန်တတ်တဲ့ကောင်လေးက ငွေရှာနိုင်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ....
“ တော်စမ်းပါ ဂျွန်ထယ်ရယ် ... ကိုယ်အလုပ်လုပ်တာ မင်းအတွက်ပဲဟာကို ... မင်းကဖြင့်ကျောင်းတက်စရာရှိတာ အေးအေးဆေးဆေးကျောင်းတတ်စမ်းပါ... နောင်ရေးအေးဖို့အတွက် ကိုယ်ရှာပါ့မယ် "
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfiction𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...