Episode 13

3.4K 414 27
                                    


* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့ချစ်အိပ်မက် *
* အပိုင်း ၁‌၃ *








ထယ်ယောင်းနိုးတာနဲ့ အပျင်းကြောဆန့်လိုက်မိသည်။ အိပ်နေကျအိပ်ရာမဟုတ်တာမို့ စောစောနိုးနေပေမဲ့ ဘေးက အတူအိပ်တဲ့မင်ဂျွန်းကိုကြည့်လိုက်တော့ ဒီကောင်မရှိတော့။

အစောကြီးနိုးတတ်ပါလား ဒီသေနာလေးက ...



ထပ်ပြီးလဲမအိပ်ချင်တာမို့ ထယ်ယောင်း ထထိုင်လိုက်တော့ ရေချိုးခန်းထဲက ထွက်လာတဲ့ မင်ဂျွန်း။

" နိုးပြီလား ထယ်ယောင်း မနက်စာတော့မရှိဘူး အပြင်မှာစားမှရမယ် "


" ရတယ် ငါ ပြန်စားမယ် "

" ပြန်စားမယ်??? ဘယ်ကိုပြန်စားမှာလဲ "


" ကိုယ့်အခန်းကိုယ်ပြန်မှာပေါ့ "

"  အေးလေ မင်းက ပြန်မဲ့နေရာများနေလို့ မေးနေတာပေါ့ ခွေးကောင်ရဲ့ "

အင်္ကျီတစ်ထည်ကောက်စွပ်ကာ ပြန်ဖြေလာသည့် မင်ဂျွန်းက စိတ်မရှည်တော့။

" ငါ့ကွန်ဒိုဆီပြန်မှာ ... "


ဒီတစ်ခါတော့ မင်ဂျွန်းမမေးတော့ ။ တကယ်ပြောရရင် လက်ရှိ ဂျောင်ကုဆိုတဲ့ကောင်လေးနဲ့နေနေတဲ့နေရာက ဂျီမင်းအပိုင်ဖြစ်သည်။ လတ်တလောမှာ ဂျီမင်က ယွန်းဂီနဲ့အတူနေနေတာမို့ ထိုအခန်းတွင် သူနဲ့ဂျောင်ကုနေနေတာ ဖြစ်သည်။ အခုဆိုရင်ဖြင့် သူ့ဟာသူသီးသန့်ဝယ်ထားတဲ့ကွန်ဒိုဆီကို ပြန်မှာပင်။


" လိုက်ပို့ပေးမယ် ရေချိုးချင်ချိုးလိုက် ... ငါအပြင်ကစောင့်မယ် "


ခပ်သွက်သွက်ပြောလာတဲ့မင်ဂျွန်းစကားကြောင့် ထယ်ယောင်းခေါင်းညိတ်လိုက်မိသည်။ ထို့နောက် ရေမိုးချိုးပြီးတာနဲ့ မင်ဂျွန်းနဲ့အတူ ကွန်ဒိုဆီက ဆင်းလာခဲ့တော့သည်။  ကားပါကင်အရောက်မှာ

Under The Moonlight Dream【 Completed 】Where stories live. Discover now