* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၀ *“ မင် ... ကိုယ်အပြင်ခဏသွားမယ် ... တစ်ယောက်တည်းနေခဲ့လို့ဖြစ်တယ်မဟုတ်လား ”
လပ်တော့တစ်လုံးနဲ့ ဘာလုပ်နေမှန်းမသိတဲ့ဂျီမင်ကိုကြည့်ပြီး ပြောလိုက်တော့ မျက်လွှာလေးလှန်တင်ကာ သူ့ကိုကြည့်လာတဲ့ဂျီမင်း။
" အရင်တုန်းကလဲ ထားသွားနေကျပဲကို အခုမှဘာထဖြစ်တာလဲ "
မျက်မှောင်ကြုတ်ပြီးပြောတော့ သူစိတ်ထဲ တမျိုးလေးခံစားရသည်။ ရှင်းရှင်းပြောရရင် အခုတလော ပက်ဂျီမင်းဟာ ဘာကိုအလိုမကျလို့ မကျနေမှန်းသူမသိ။ ဟိုတစ်ခါနောက်ဆုံးအပြင်ထွက်လို့ ဓားထိုးခံရပြီးကတည်း ဂျီမင်းဟာ သူ့အပေါ်ကို စိမ်းလာသလိုခံစားရသည်။
“ ကိုယ်ပြောပြတာပါ... ကဲ ... ကိုယ်သွားပြီ မင် ကြိုက်တဲ့ ဝိုင်လေးတွေဝယ်ခဲ့မယ် "
သူပြောတော့ သူ့ကို ဂရုမစိုက်ဘဲ လက်ပ်တော့သာကြည့်နေခဲ့တဲ့မင့်ကို သက်ပြင်းချရင်း သူအခန်းထဲကနေ ထွက်လာလိုက်တော့သည်။ တကယ်တော့ သူ့ဦးတည်ချက်က လီမင်ဂျွန်းဆိုတဲ့အကောင်ရှိနေတဲ့ ခြေမချချင်ဆုံး မင်အိမ်တော်...။ အိမ်တော်ထဲရောက်တာနဲ့ သူ့ကိုဆီးကြိုနေသူက မင်ဟွန်ဂျေး ။
“ လီမင်ဆိုတဲ့အကောင် ဘယ်မှာလဲ ”
ခပ်ဆတ်ဆတ်မေးမိတော့ လေးစားရပါတဲ့ဝန်ကြီးချုပ်က သူ့ကို ပြုံးပြသည်။ ရိုးရိုးအပြုံးပေမဲ့ သူ့စိတ်ထဲမှာတော့ လှောင်ပြုံးလို့သာသတ်မှတ်ထားသည်။
“ ဘာတွေဖြစ်လာတာလဲ မင်ယွန်ဂီ "
" ခင်ဗျားသားကို ခင်ဗျား သေချာထိန်းသိမ်းမတတ်ဘူးလား မင်ဟွန်ဂျေး "
" မဟုတ်မှ ... ငါ့သားကိုကြည့်ရတာ ထပ်ပြီးတော့ ပက်ဂျီမင်ကြောင့်ပဲလား "
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfiction𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...