နောက်နေ့မနက်အတန်းရောက်တော့ သဲနဲ့ချစ်စကားပြောနေကြတယ် သဲတို့ဆီကိုလူတစ်ယောက်ချဉ်းကပ်လာတာတွေ့ရတယ် အဲ့လူက တခြားလူတော့မဟုတ်
မီမီဆိုတဲ့ကောင်မလေးသာဖြစ်တယ်
'ဟဲ့ သဲ ငါနင့်ကိုတစ်ခုမေးလို့ရမလား'လို့မီမီကမေးလိုက်တယ်
'အေး မေးလေ'
'နင်နဲ့ဇင်ကိုနဲ့တွဲနေကြတယ်ဆို အဲ့တာဟုတ်လား'
'အေး ဟုတ်တယ်လေ ဘာလို့လဲ'
'ဘာမှမဟုပါဘူး ဒီတိုင်းသိချင်လို့မေးကြည့်တာ'
'အော် အေး'
ဒီနေ့သဲနဲ့ကိုနဲ့တွဲတာ၁လပြည့်တဲ့နေ့ပေါ့ ကိုကသဲကို တွေ့နေကြနေရာမဟုတ်တဲ့ စားသောက်ခေါလိုက်တယ် သဲရောက်လာတော့ စားသောက်ဆိုင်ကြီးက မှောင်မဲနေတယ် 'ကြည့်ရတာ ဒီဆိုင်က ပိတ်များပိတ်ထားတာလား မသိဘူး 'ဆိုပြီးတွေးလိုက်မိတယ် အဲ့အချိန်မှာ
ကိုကထွက်လာပြီး 'သဲ အထဲဝင်ခဲ့ ဘာရပ်လုပ်နေတာလဲ'ဆိုပြီးပြောတယ် 'အော် သဲက ဆိုင်ပိတ်ထားတယ်မှတ်လို့😆😆' သဲလည်းဆိုင်ထဲဝင်လာရော မီးတွေဖွင့်လိုက်ပြီး ကိုက သဲကို နှင်းဆီပန်းစည်းလေးနဲ့'သဲ ဒီနေ့ကိုတို့ရဲ့ 1monthပြည့်တဲ့နေ့လေ'လို့ပြောပြီး ပန်းစည်းလေးကို သဲဆီပေးရင်းပြောတယ် သဲကလည်းပြုံးနေတယ်
'သဲ မျက်လုံးခဏမှိတ်ထား ကို သဲကိုပေးစရာရှိတယ်'
'ဘာများလဲ ကို'
'မှိတ်ထားပါဆို'
'အင်း မှိတ်လိုက်ပြီ'
'ဖွင့်မကြည့်ရဘူးနော် ကို ဖွင့်လို့ရပြီလို့ပြောတဲ့အချိန်မှဖွင့် ဟုတ်ပြီလား'
'အင်းပါ'
သဲရဲ့လည်ပင်းမှာဆွဲကြိုးလေးဆွဲပေးလိုက်တယ် သဲနဲ့ကိုတို့ coupleလက်စွပ်လေးကလည်းပါသေးတယ်
လက်စွပ်လေးမှာလည်း T&Kဆိုပြီးထွင်းထားသေးတယ်
'သဲဖွင့်ကြည့်လို့ရပြီ'
'ဟာ ကို့ဒါဘယ်တုန်းကလုပ်တာလဲ သဲဒါမျိုး ကိုနဲ့အမြဲဝတ်ချင်နေခဲ့တာ'
'သိနေတယ်လေ ကိုက သဲကိုsupriseဖြစ်အောင်လုပ်ပေးလိုက်တာ'
'သဲသဘောကျရဲ့လား'
'သဘောကျတာကိုလွန်လို့😅😅'
'ကို သဲကို အရမ်းချစ်တယ်နော် သဲကို့ကို ထားမသွားရဘူးနော်'
'အင်းပါ ကိုလည်းသဲကိုထားမသွားရဘူးနော်'ပြောပြီး
အပြန်အလှန်၂ယောက်သားကတိတွေတောင်းနေကြတယ်
'သဲ အိမ်ပြန်တော့မယ် ကို '
'သဲကပြန်တော့မှာလား'
'အင်းလေ နောက်ကျနေရင် မေမေငေါက်မစိုးလို့'
'အင်းပါ သေချာဂရုစိုက်ပြီးပြန်နော် ဒါနဲ့သဲ၁ယောက်ည်းပြန်မှာလား'
'မဟုတ်ဘူး ချစ်လာခေါမှာလေ'
'အော် '၂ယောက်သားစကားပြောနေတုန်း ချစ်ရောက်လာတယ်
'အမယ် နင်တို့၂ယောက်ပျော်မှပျော်ကြရဲ့လား'ဆိုပြီးမေးငေါ့ပြီးပြောနေတယ်
'အင်း'
'ဟဲ့ ဇင်ကိုနင်ငါ့ကို ဘာမှလည်းဝယ်မကျွေးဘူးနော် ငါလည်းလုပ်ပေးရသေးတယ် ဟွန့်😏😏'
'အေးပါကွာ မနက်ဖြန်ကျရင်ဝယ်ကျွေးပါ့မယ် '
'အေး ပြီးရော'
'ကဲ ဒီနေ့ဖို့ငါပြန်ရအုံးမှာလားချစ် တွေ့တာနဲ့အစားကြောင်းပြောနေတာပဲ😏😏'
'အေးပါ နင်ကလည်း ကဲအာ့ဆိုငါတို့ပြန်ပြီနော်'
'အေး'လို့နှုတ်ဆက်ပြီး ၂ယောက်သားပြန်လာခဲ့ကြတယ်
သဲနဲ့ကိုတို့ တွဲလာတာ ဘာလိုလိုနဲ့၁နှစ်တောင်ကြာသွားပြီ ဆိုပြီးသဲ၁ယောက်ထမင်းစားရင်းစဉ်းစားခန်းဝင်နေလေတယ်
'သဲသဲ သဲသဲ'သဲမေမေကခေါနေသော်လည်း သဲမကြား
သဲအာရုံတွေတခြားသို့ပြန့်လွှင့်နေတယ် သဲမေမေက'ဖြန်း'နဲ့ရိုက်လိုက်တော့မှ သဲ၁ယောက်လူတစ်ကိုယ်ကျင်တက်သွားပြီး အသိစိတ်ပြန်ဝင်သွားခဲ့တယ်
'မေမေ သမီးကိုဘာလို့ရိုက်တာလဲ နာတာကိုပဲ'လို့ လက်ကိုပွတ်ပြီးမေ့မေ့ကိုပြောနေမိသည်
'ဟဲ့ ငါခေါတာကြာလှနေပြီကို ဘာလို့မထူးတာလဲ
ဘာတွေအဲ့လောက်တောင်စဉ်းစားနေရတာလဲဟမ်'
ဆိုပြီးမေးလေတယ် 'မေမေကလည်း ဘာမှမစဉ်းစားပါဘူး''ဘာမှမစဉ်းစားဘူးဆိုရင်လည်း ထမင်းကိုမြန်မြန်စား''ဟုတ်ကဲ့ မေမေ'လို့ပြောပြီးထမင်းစားလက်စသတ်လေတယ် ထိုအချိန်ချစ်၁ယောက်ရောက်လာပြီး
'ဟဲ့ ဒီအချိန်ကြီးဘာလာလုပ်တာလဲ'
'နင့်လာခေါတာလေ'
'ဟမ် ဘာလို့လဲ'
'သွားစရာရှိလို့ပေါ့ဟ နင်ကလည်း'
'အန်တီ သမီး သဲနဲ့မုန့်သွားစားချင်လို့ခေါသွားလို့ရတယ်မလား'
'အေး ၂ယောက်သားသွားမယ်ဆိုလည်းစောစောပြန်လာခဲ့ နောက်မကျစေနဲ့ ကြားလား ဆိုင်ကယ်လည်းဖြေးဖေ့းမောင်းအုံး'
'ဟုတ်ကဲ့ အန်တီ အာ့ဆိုသမီးတို့သွားတော့မယ်နော်'
'အေးအေး'နှုတ်ဆက် သဲအိမ်မှထွက်လာခဲ့ကြတယ်
'ဟဲ့ ချစ်ဘယ်သွားမလို့လဲ'
'ရောက်ရင်သိလိမ့်မယ် မမေးနဲ့'
'အေးအေး'
'ဟဲ့ နင်ဘာလို့ ငါ့ကိုကစားကွင်းခေါလာတာလဲ'
'ရောက်ရင်သိလိမ့်မယ် မရောက်သေးဘူး လာ'ဆိုပြီးချစ်က သဲကိုဆွဲခေါသွားလေတယ်
'ဟော ရောက်ပြီ'
'ဒီမှာ ဘာများထူးခြားလို့လဲ ချစ်ရဲ့'
'ထူးခြားတယ် နင့်ကိုအမှတ်ရစေမယ့်နေရာလေး'
'ဟမ်'
'ဟမ် မနေနဲ့ အနောက်ကိုလှည့်ကြည့်လိုက် '
'ကို့'ဆိုပြီး ပြေးဖက်မိတယ် ကို့ရင်ခွင်ထဲသဲရောက်သွားတယ်
'ကိုက ဒီကိုဘယ်လိုလုပ်.......'
'ကိုက ချိန်းခိုင်းလိုက်တာသဲရဲ့'
'အော် အဲ့တာများငါ့ကိုမပြောဘူး'
'နင့်ကို အံ့သြအောင် လုပ်ချင်လို့ပါဟာ ကဲဒါဆိုငါသွားပြီ'
'ချစ်က ဘယ်လဲ'
'သွားဆော့မို့လေ'
'အေးပါ'
'ကို သဲကိုပေးစရာရှိတယ်'
'ဘာလဲ ကို'
'ရော့ ဒီမှာ သဲအတွက်'
'အယ် ဘွတ်ဖိနပ်လေးပါလား ကို'
'ဟုတ်တယ် သဲသဘောကျရဲ့လား သဲနဲ့လိုက်လောက်မယ်ထင်လို့ ဝယ်လာတာ'
'အင်း ကို သဲအတွက်ဝယ်ပေးတာ ဘာမဆိုသဘောကျတယ်'
'အင်း သဲကြိုက်ဖို့ပဲလိုတာပါ သဲကြိုက်ရင် ပြီးရော'
..................သဲတို့အပြင်ထွက်လည်နေတဲ့အချိန်
တစုံတယောက်သဲအိမ်သို့ ဦးတည်ပြီး သွားလေတယ်
တခြားသူတော့မဟုတ် မီမီဆိုတဲ့ကောင်မလေးပါ
'အယ် သမီး သဲသဲမရှိဘူးကွယ့်'
'ဟမ် ဟုတ်လားအန်တီ'
'အတော်ပဲအန်တီ သမီးကသဲသဲဆီလာတာမဟုတ်ပါဘူး
အန်တီ့ဆီလာတာပါ'
'အော် သမီးအထဲဝင်ထိုင်လေ သမီးကအန်တီ့ကို ဘာများထွေထွေထူးထူးပြောစရာရှိလို့လဲ'
'သမီး အန်တီ့ကို ပြောရမှာလည်းအားနာပါတယ်'
'ဘာများလဲ သမီးရဲ့ပြောပါ အားမနာပါနဲ့'
'သမီးအခုပြောမှာက သဲသဲအကြောင်းပါ အန်တီ'
'ပြောပါ သမီးပြောစရာရှိတာပြောပါ'
'အန်တီ သဲသဲအခုရည်းစားထားနေတယ်'
'ဟမ် ဘယ်သူနဲ့ပြောစမ်း အန်တီ့ကို'
'ဟို........ဇင်ကိုနဲ့ပါအန်တီ'
'အော်အေး သဲသဲပြန်လာရင်သေအုံးမယ်'ဆိုပြီးသသဲအမေဒေါသထွက်ပြီးကြိမ်းနေတယ်
'အန်တီ သမီးလာပြောတယ်ဆိုတာ သဲသဲကိုပြန်မပြောပါနဲ့ သမီးကသူကောင်းဖို့အတွက် အန်တီ့ကိုလာပြောတာပါ
(မနာလိုနေတာ😒😒)'
'အေးပါကွယ် ပြန်မပြောပါဘူး'
'အဲ့တာဆို သမီးပြန်လိုက်ပါအုံးမယ် အန်တီ'လို့နှုတ်ဆက်ပြီး ပြုံးပြီးသဲအိမ်မှပြန်လာခဲ့တယ်
ဒီနေ့အပိုင်းတိုသွားတယ်ထင်တယ် တောင်းပန်ပါတယ်နော် ညမှဆက်တင်ပေးပါ့မယ် အားပေးကြပါအုံး
ဝေဖန်ပေးကြပါ😁😁