ပထမဆုံးမို့ part 8

20 2 3
                                    

               သဲကျောင်းပြန်လာရင်းနဲ့ နေ့လည်က မီမီ

ပြောတဲ့စကားတွေကိုစဉ်းစားနေမိသည် မီမီပြောတဲ့စကား

တွေက်ုကြားပြီး စိတ်ထဲအလိုလိုဝမ်းနည်းလာပြီး

မျက်ရည်ကျလာသည် ရင်ဘက်ထဲကလည်းအောင့်လာ

သည် ကိုယ့်ကိုကိုယ် မာကျောချင်ယောင်ဆောင်ခဲ့ပေမယ့်

နှလုံးသားကတော့ ခံနိုင်ရည်မရှိဘူး😭😭

သွားရင်းနဲ့ လမ်းမှာခုံလေးတွေ့တာနဲ့ ထိုင်ပြီးငိုနေမိတယ်

ဇင်ကိုရယ် ငါနင့်အများကြီးချစ်ခဲ့ပေမယ့် ဒီလိုဖြစ်လာဖို့

အထိတော့ငါခံနိုင်ရည် မရှိသေးဘူးထင်တယ်

ဘယ်လိုဖြစ်ဖြစ်ငါဒီလောက်တော့ပေးဆပ်ရမယ်ဆိုတာ

ငါကြိုတွေးပြီးသားပါ ငါနင့်အရမ်းချစ်တယ်ဆိုတာ

နင်မသိပေမယ့် ငါ့ကိုယ်ငါအသိဆုံးပဲ နင်ငါ့ဆီက

ထွက်သွားတဲ့နေ့တည်းက အမြဲငိုကြွေးနေမိတယ်

ငါနင့်ကိုမေ့ရတဲ့နေ့တနေ့မှမရှိခဲ့ဘူး ဇင်ကို အခုထိလည်း

ငါနင့်ကိုနေ့တိုင်း လွမ်းနေခဲ့ပါတယ် ဒါမဲ့ ငါနင့်ကို

မတွေ့ရတဲ့ကြာတဲ့နင့်ရဲ့မျက်နှာလေးကိုငါမြင်ချင်နေမိ

တယ်  ဘယ်လိုပဲဖြစ်ဖြစ်နင်ပျော်နေတာမြင်ရင်

ငါကျေနပ်ပါတယ် နဂိုတည်းကငါ့ရဲ့အချစ်က ပေးဆပ်ဖို့

အတွက်ဖြစ်တည်လာတာမို့ ဇင်ကိုနင်ကငါ့ရဲ့ပထမဦးဆုံးနဲ့

နောက်ဆုံးအချစ်ပါ ငါနင့်ကိုအဝေးကကြည့်နေလည်း

ကျေနပ်ပါတယ် အတွေးများကို ရပ်တန့်စေပြီးအိမ်သို့

ပြန်လာခဲ့တယ်

'သမီး မျက်နှာလည်းမကောင်းပါ့လား ကျောင်းမှာဘာဖြစ်

လာတာလဲ´

'ဘာမှမှမဖြစ်ပါဘူး သမီး ခေါင်းနည်းနည်းကိုက်လို့ပါ ´

'အော် သမီးထမင်းစားပြီးရင်ဆေးသောက်အုံးနော်´

ပထမဆုံးမို့Where stories live. Discover now