ပထမဆုံးမို့ Part4

21 6 0
                                    

              သဲ၁ယောက်အိမ်ကိုပြုံးရွှင်စွာနဲ့ပြန်လာခဲ့တယ်
ချစ်ကလည်းသဲကိုလိုက်ပို့ပြီး ပင်ပန်းလို့ဆိပြီးအိမ်ကိုတန်းပြန်သွားခဲ့တယ် သဲသဲကပြုံးနေပေမယ့် သဲမေမေသဲကိုဒေါကြီးမောကြီးနဲ့အိမ်ရှေ့မှာ မတ်တပ်ရပ်နေတယ် သဲမေမေကိုသဲမြင်ပြီး လန့်သွားတယ် (ခုနကပျော်နေတဲ့အပျော်တွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး)
'သဲသဲ နင်ဒီကိုခဏလာပါအုံး´လေသံမာမာနဲ့ပြောဆိုမှုကြောင့်သဲအိုပြီးလန့်သွားခဲ့ရတယ်
'ဟုတ် မေမေ´ဆိုပြီးအနားတိုးလိုက်တော့
'ဖြန်း´သဲမေမေသဲကိုပါးရိုက်လိုက်တယ်(တော်တော်လေးကိုဒေါသထွက်နေတာ☹️☹️)
'မေမေ သမီးကိုဘာလို့ရိုက်တာလဲ😢😢´
'အော် ညည်းကသိချင်နေတယ်ဆိုတော့လည်း ပြောပြရမှာပေါ့ ညည်းကျောင်းမှာရည်းစားရနေပြီဆို ဟုတ်လား
ငါအမှန်တိုင်းသိပြီးပြီ ငါ့ကို လိမ်ဖို့မကြိုးစားနဲ့´
'ဟုတ် မေမေပြောတာမှန်ပါတယ် ´
'ဘာ  ငါကတော့ ညည်းကိုကလေးလို့ထင်ထားတာ ညည်းက ခုတော့ လုပ်ချင်တိုင်းကိုလုပ်နေတာပဲ´
'မေမေ အဲ့လိုမဟုတ်...........´
'တော်တော့ ငါနင့်ရဲ့ဖြေရှင်းချက်တွေကိုနားမထောင်ချင်ဘူး  ငါ့သမီးလေးလိမ္မာလှပြီထင်နေတာ နင်က ငါ့နောက်ကွယ်မှာဖြစ်ချင်တိုင်းကိုဖြစ်နေတာပဲ ဒီမှာ သဲသဲ
ငါနောက်ထပ်ဘယ်သူ့ဆီကမှ ဘာသံညာသံမှ မကြားချင်ဘူးနော် ခုချက်ချင်းအဲ့အကောင်နဲ့အဆက်သွယ်ဖြတ်ပါ
အဆက်သွယ်မဖြတ်ရင် သိတယ်မလား ငါ့အကြောင်းကို´
'ဟုတ် ...ဟုတ်ကဲ့ပါ မေမေ´
'အေးပါ မဖြတ်လို့ကတော့ သူ့မိဘတွေဆီသွားပြီးသောင်းကျန်းပစ်မှာ ငါဘာလဲဆိုတာ အကုန်လုံးသိသွားစေရမယ်´သဲသဲအမေဆိုသူမှာ ခေသူမဟုတ် ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့အကျင့်ရှိတယ်
'သဲ ငါပြောတာနားလည်လား ?ငါနောက်ထပ်ဘာသံမှမကြားချင်ဘူးနော် နောက်ထပ်အသံကြားလို့ကတော့ နင်ရောအဲ့ကောင်ရောသေပြီသာမှတ်  ´
'ဟုတ်  ဟုတ် ဟုတ်ကဲ့ပါမေမေ´
'သဲသဲနင့်ဖုန်းကိုငါ့ပေးစမ်း´
'ရှင်....´
'ရှင်....မနေနဲ့ ခုပေးဆိုပေး´
'အော် ဟုတ်.........´ကြောက်ကြောက်နဲ့ပေးလိုက်ရတယ်
'ငါနင့်ဖုန်းကိုခန သိမ်းထားတယ် ဒါမဲ့နင့်ရဲ့နေပုံထိုင်ပုံကိုကြည့်ပြီး ပြန်ပေးရင်လည်းပြန်ပေးမယ် ဆင်ဆင်ခြင်ခြင်နေပါ မိသဲ´
ငါ့မေမေ ငါ့ကိုအရင်ကထက်ပိုပြီးတင်းကြပ်တော့မှာပါလား
ဆိုတာ သဲသဲသိလိုက်တယ်
သဲသဲမေမေသဲကိုငေါက်ရင်းနဲ့ ညတစ်ညတာ ပြီးဆုံးသွားခဲ့တယ်
သဲအခန်းထဲမှာတစ်ရှုး တွေအပြည့်နဲ့ ဝမ်းနည်းပက်လက်ငျိုနရှာတယ် ငါရဲ့မနက်ဖြန်ကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ
ငါမနက်ဖြန်ကိုမရောက်ချင်ဘူး ငါကို့ကိုလမ်းမခွဲရက်ဘူး
ငါဘယ်လိုလုပ်ရမလဲ ခုချိန်ကာအိပ်ရင်းနဲ့နိုးထမလာတော့ရင်သိပ်ကောင်းမှာပဲဆိုသောအတွေးတွေနဲ့ပြည့်နှက်နေပြီး
ရှိုက်ကြီးတငင်ငင်နဲ့ ငိုနေခဲ့တယ် တစ်ညလုံးလည်းတွေးနေလို့အိပ်မရခဲ့ပါ
မနက်ရောက်သော်...................
   'သဲ ...ရော့ သမီးကြိုက်တဲ့ကြက်သားဟင်းလေးအမေချက်ထားတယ် ရော့အများထည့်စား´ဆိုပြီး မနေ့ကဘာမှမဖြစ်ခဲ့တဲ့အတိုင်းဟဟင်းတွေံအများကြီးထည့်ပေးနေတယ် သဲသိပါတယ် မေမေခုလိုလုပ်လ်ုနေတာက သဲကိုချော့နေတယ်ဆိုတာလည်းသဲသိတာပေါ့ သဲကောင်းဖို့အတွက်မေမေပြောတေယ် သဲအပြည့်အဝနားလည်ပါတယ်
နောက်ဆုံးမှာတော့သဲ မေမေ့စိတ်တိုင်းကျနေဖို့ဆုံးဖြတ်လိုက်တယ်
ထမင်းစားပြီးသော်.....
'ငါ့သမီးလေး မျက်တွင်းတွေညိုနေပါ့လာ ညက အိပ်ရေးမဝဘူးလား´
'ဟုတ်.....အိပ်မပျော်လို့´
'အော် ..... အေး ဒါဆိုvitaminဆေး၁လုံးလောက်သောက်သွားအုံး´
'ဟုတ်´
သဲအိမ်ကထွက်ခါနီး.....
'သဲသဲမေမေ မနေ့ကမှာတာမမေ့နဲ့နော်´
'ဟုတ် မေမေ´
'သဲကျောင်းသွားပြီနော် မေမေ´
'အေးအေး သမီးတို့၂ယောက်ဆိုင်ကယ်ကိုဂရုစိုက်မောင်းကြနော်´
'ဟုတ်ကဲ့ အန်တီ´လို့ချစ်ကပြောလိုက်တယ် ချစ်ကအရိပ်ကဲတ်တာမြန်တော့ 'သဲ ဘဖြစ်တာလဲ´ဆိပြီးမေးလိုက်တယ် 'coffeeဆိုင်ကိုအရင်မောင်း ဆိုင်ရောက်မှ အကြောင်းစုံပြောပြမယ်´
'အင်းပါ´
Coffeဆိုင်သို့ရောက်သော်.......
'ပြောပါအုံး ဘာဖြစ်တာလဲဆိုတာ´ချစ်၁ယောက် coffeသောက်ရင်း မေးလိုက်တယ်
'ငါ့မေမေက ငါနဲ့ကို့အကြောင်းတွေအကုန်သိသွားပြီ´
မျက်နှာလေးမဲ့ပြီးပြောနေတယ်
'ဘာ´ချစ်၁ယောက်အသံကျယ်ကြီးနဲ့ပြောလိုက်မိတယ်
ချစ်ရဲ့အသံကြောင့် ဆိုင်ထဲကလူတွေအားလုံးချစတို့၂ယောက်ကိုစိုက်ကြည့်နေကြတယ်
'နင်ကလည်းတိုးတိုးပြောပါဟ တခြားလူတွေငါတို့ကိုဝိုင်းကြည့်နေပြီဟ´
'အော်.....အေး ငါလန့်သွားလို့ပါဟ´
'အေး´
'ဒါနဲ့ အန်တီက နင့်ကိုဘာမှမပြောဘူးလား´
'မေးရက်လိုက်တာ...မပြောပဲဘယ်နေပါ့မလဲ ပြောတာပေါ့ဟ ငါ့ကိုအဆက်ဖြတ်ခိုင်းတယ်လေ´
'ဟမ် ...အဲ့တော့နင်ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ´
'ဘာကိဘယ်လိုလုပ်ရမှာလဲ မေမေပြောတဲ့အတိုင်းနေရမှာပေါ့´
'နင်...ဇင်ကိုနဲ့အဆက်ဖြတ်ပြီးနေနိုင်ပါ့မလား´
'မေးတတ်လိုက်တာ...မနေနိုင်လည်း နေနိုင်အောင်နေရမှာပဲလေ ငါ့မေမေပြောတဲ့အတိုင်းသာမလုပ်ရင် ငါအိမ်ပေါကခေါင်းနဲ့ဆင်းနေရလိမ့်မယ် အရူးမရဲ့´
'အင်းပါ နင်ဇင်ကိုနဲ့တွေ့ပြီးပြီလား´
'ဟင့်အင်း မတွေ့ရသေးဘူးလေ´
'အော်´
'နင်ခုပြောရင်းနဲ့ဝမ်းမနည်းဘူးလား?ငါသာနင့်နေရာမှာပြောရင်းနဲ့မျက်ရည်ကျမိမှာသေချာတယ် ´
'ငါအခုဝမ်းမနည်းတော့ဘူး .....မနေ့ညကအဝငိုပြီးပြီလေ😁😁´
'နင်မနေ့ညက မအိပ်ရဘူးမလား´
'နင်ဘယ်လိုသိလဲ?´
'နင့်မျက်ကွင်းတွေညိုနေတယ်လေ ဒီလောက်တော့ငါလည်းသိပါတယ်ဟာ´
'ဟမ်...အဲ့လောက်တောင်သိသာနေတာလား´
'အေး ဒါနဲ့နင်ဇင်ကိုနဲ့ဘယ်တော့တွေ့မလဲ´
'နေ့လည်လောက်တွေ့ဖြစ်မယ်ထင်တယ်´
'aww´
'ချစ် ငါလေ ကို့ကိုတွေ့ရင်ပြောမထွက်မှာလည်းကြောက်တယ် ကို့ရှေ့မှာငိုမိမှာလည်းကြောက်တယ် ငါသူ့ကိုလမ်းမခွဲရက်ဘူးချစ် ငါဘယ်လိုလုပ်ရမလဲဟမ်´ဆိုပြီးသဲမျက်နှာငယ်လေးနဲ့ချစ်ကိုမေးနေမိတယ်
'သဲကလည်းစိတ်မကောင်းမဖြစ်ပါနဲ့ ဒီကိုလာ...ငါပြောပြမယ်´
'အင်း´
'နင်ဇင်ကို့ကို အရမ်းချစ်တယ်မလား´
'အင်း ချစ်တာပေါ့ဟ ´
'အေး နင်သူ့ကိုများများချစ်ရင်များများစွန်လွှတ်နိုင်ရမယ်လေ မဟုတ်ဘူးလား´
'ဟုတ်ပါတယ် ဒါမဲ့......´
'ဒါမဲ့တွေလုပ်မနေနဲ့ သူနင့်ကိုပြတ်စေချင်ရင် သူစိတ်နာမယ့်စကားလုံးတွေပဲရွေးပြော ဟုတ်ပြီလား ´
'သူခံစားသွားရင် ....ဘယ်လိုလုပ်မလဲ´
'သဲကလည်း သူခံစားလည်းဘယ်လောက်ကြာမှာမို့လို့လဲ
အလွန်ဆုံး ၂လ၃လထက်ပိုမကြာဘူး´
'အင်ား ငါနင်ပြောတဲ့အတိုင်းလုပ်ပါ့မယ်´
   

         နောက်နေ့မှဆက်တင်ပေးပါ့မယ် voteလေးပေးပေးပါ အမှားယွင်းပါရင်တောင်းပန်ပါတယ်နော်
အားပေးတဲ့လူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ကြိုက်တာဖြစ်ဖြစ် မကြိုက်တာဖြစ်ဖြစ် commentမှာေ ရးလို့ရပါတယ်

ပထမဆုံးမို့Where stories live. Discover now