ပထမဆုံးမို့ part 2

58 6 1
                                    

ကျွန်တော်မနက်ရောက်တော့သဲကိုအရင်ဆုံးစဉ်းစားမိတယ် သတိဝင်လာလို့နာရီကြည့်လိုက်တော့
'ဟာသွားပြီ ၈နာရီတောင်ထိုးနေပြီ သဲတော့ငါ့ကိုစိတ်ဆိုးနေတော့မှာပဲ'ဆိုပြီး အဝတ်စားမြန်မြန်လဲပြီး
ပြေးလာခဲ့ရတယ် ကျွန်တော်တို့တွေ့နေကျ ကျောင်းရှေ့ကပန်းခြံလေးမှာပေါ့ သဲကိုမတွေ့ခင် သဲရဲ့ငယ်ပေါင်းသူင်ချင်း ချစ်က ပန်းခြံရှေ့မှာရပ်နေတယ် ချစ်ကကျွန်တော်လည်းတွေ့ရော 'ဟာ နင်ကလည်း ဘာလုပ်နေတာလဲကြာလိုက်တာ ဟိုမှာသဲက စိတ်တွေဆိုးနေပြီ'လက်ပုတ်ပြီးကျွန်တော့်ကိုပြောတယ် 'ငါ ငါ ငါ ဘယ်လိုလုပ်ရမလဲ''အမလေး စကားတွေကလည်းထစ်နေလိုက်တာ
ဘာမှလုပ်မနေနဲ့ သွားချော့လိုက် သူကနင်ချော့ရင်စိတ်ဆိုးပြေလောက်မှာပါ ချော့မရရင်တော့Kissလေးဘာလေးပေးလိုက်ပေါ့နော့်''အော် အေး''အဲ့တာဆိုနင်တို့၂ယောက်အေးအေးဆေးတွေ့နေကြနော်😆😆'
'ငါမုန့်သွားဝယ်စားလိုက်အုံးမယ်'ဆိုပြီး ရှောင်ထွက်သွားလေတယ် သဲရဲ့ငယ်ပေါင်းသူငယ်ချင်း ချစ်ဆိုတဲ့ကောင်မလေးကတော့ ကျွန်တော်တို့၂ယောက်ရဲ့အောင်သွယ်တော်ဆိုလည်းမမှားပါဘူး သဲအပေါလည်းအလွန်ကိုကောင်းပါတယ် နားလည်မှုလည်းပေးတယ် အနစ်နာခံတတ်တဲ့ကောင်မလေးပါ
ကျွန်တော်သဲဆီရောက်တော့ သဲကကျွန်တော့်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်တယ်
'အား .....နာလိုက်တာသဲရယ် ရင်ဘတ်ထဲကစူးအောင့်နေတယ်'
'ကို ဘာဖြစ်တာလဲ ဘယ်နားကနာတာလဲ သဲဘာလုပ်ပေးရမလဲ'ဆိုပြီးစိုးရိမ်တကြီးနဲ့မေးရှာတယ်
'သဲ ကို့ကိုမျက်စောင်းထိုးလို့ရင်ဘတ်ထဲကဒဏ်ရာရသွားပြီ'
'ကိုကလည်း အကောင်းမှတ်လို့ဒီကစိတ်ပူပေးနေတဲ့ဟာကို စိတ်တိုနေတဲ့ဟာတောင်ဘယ်နားရောက်သွားမှန်းမသိတော့ဘူး'လို့နှုတ်ခမ်းစူပြီးပြောနေတဲ့သဲကို ကျွန်တော်
သဲပါးလေးကိုကိုင်ပြီး
'သဲရယ် ကို့ ကိုစိတ်မဆိုးပါနဲ့နော် ကိုဒီနေ့အိပ်ရာထနောက်ကျသွားလို့ပါကွာ နောက်ဒီလိုမဖြစ်စေရပါဘူး
ကိုကတိပေးပါတယ်'
ကို့ သဲကိုလွှတ် ကိုသဲပါးကိုဆွဲတော့ သဲနာနေပြီ'
'အာ့ဆိုစိတ်ဆိုးပြေပြီလား စိတ်ဆိုးပြေရင်ကိုလွှတ်ပေးမယ်'
'အင်း စိတ်ဆိုးပြေပြီ'
'တကယ်လား'
'အင်း တကယ်ပေါ့'လို့ပြောတော့ ကျွန်တော်လည်း သူ့ကိုအူယားလာတာနဲ့ နဖူးလေးကိုနမ်းလိုက်တယ်
'ကို့ အဲ့တာဘာလုပ်တာတာလဲ'
'အော် ဘာလုပ်တာလဲဆိုတော့ နမ်းတာပေါ့'
'နမ်းတာတော့ သိတာပေါ့ကိုကလည်း ဘာလို့နမ်းတာလဲလို့'
'ချစ်လို့နမ်းတာပေါ့သဲရဲ့ ကိုနဲ့သဲကရည်းစားဖြစ်တာတစ်ပတ်တောင်ရှိနေပြီ ခုချိန်ထိနမ်းမှမနမ်းရသေးတာ '
'အော်'
'ဘာအော်လဲ ကိုကသဲကိုနမ်းတာမကြိုက်ဘူးလား
သဲမကြိုက်ရင် ကိုမနမ်းတော့ပါဘူး'
'ဟာ ကိုကလည်း သဲကအဲ့လိုသဘောမျိုးပြောတာမဟုပါဘူး'
'ဒါဆို သဲသဘောကျတယ်ပေါ့😁😁'
'အင်း😁😁'
'အာ့ဆို ကို သဲကို ထပ်နမ်းလို့ရမလား'လို့မေးတော့ သဲကရှက်ပြုံးလေးပြုံးပြီး'အင်း'အဲ့လိုအနမ်းတွေဖလှယ်နေကြတဲ့အချိန်မှာ သူတို့၂ယောက်အနောက်ကနေဒေါသမီးတွေကြည့်နေတဲ့ကောင်မလေးတယောက်ရှိတယ်ဆိုတာ သူတို့၂ယောက်သတိမထားမိခဲ့ပေ။အဲ့ကောင်မလေးနောက်ကကြည့်နေတဲ့ မုန့်စားပြီးပြန်လာတဲ့ ချစ်ကိုတော့သူသတိမထားမိပေ။ချစ်ကလည်းအကင်းပါးတော့
'ဟဲ့ မီမီ နင်ဘယ်အတွဲကိုကြည့်ပြီးအဲ့လောက်တောင်ဒေါသထွက်နေရတာလဲဟမ်'ဆိုပြီး ချစ်ကမီမီ့ကိုမေးလိုက်တယ် အဲ့တော့မှရှက်ကိုးရှက်ကန်းနဲ့
'ငါဘယ်မှာဒေါသထွက်နေလို့လဲ'
'နင့်ကြည့်ရတာ ဒေါသမထွက်ဘူးသာပြောတယ် မျက်လုံးကမီးတောက်တဲ့မျက်လုံးတွေနဲ့'
ဟာ မဟုတ်ပါဘူး ချစ်ကလည်း '
'အေးပါ မဟုတ်ရင်ပြီးရော '
'အာ့ဆို ငါသွားတော့မယ်နော်'
'အေးအေး'ဆိုပြီး မီမီလည်းထွက်သွားတာနဲ့ ချစ်ကလဘ်းသဲတို့ရှိရာဆီကိုပြေးပြီး
'ဟဲ့ သဲ သဲ သဲ ငါနင့်ကိုပြောစရာရှိတယ်'
'ဟဲ့ဖြေးဖြေးပြောပါဟ နင်ကလည်းဘယ်သူမှလည်းလုမပြောပါဘူး နင့်ကြည့်ရတာလည်းမောတာ ကို့ချစ်ကိုရေပေးလိုက်ပါအုံး'
'အော် အေး'
'ချစ် ဘာပြောမလို့လဲ ပြောလေ'
'အေးပြောရမယ်သဲ ဟဲ့ နင်တို့၂ယောက်သတိထားနေကြတော့'ချစ်ရဲ့ပြောစကားကြောင့်ကျွန်တော်တို့၂ယောက်လုံးမျက်လုံးပြူးသွားတယ်
'ဘာဖြစ်လို့လဲ ချစ်ရဲ့'
'ခုနကနင်တို့၂ယောက်kissပေးနေတာကိုနင်တို့နောက်ကနေ ဒေါသအပြည့်နဲ့နင်တို့ကိုကြည့်နေတဲ့ လူတယောက်ရှတယ်သိလား'
'ဟင် ဘယ်သူလဲ'လို့စိုးရိမ်တကြီးမေးလိုက်တယ်
'ဘယ်သူရှိရမှာလဲ နင့်ရဲ့ရန်သူတော်ဘက်ကြီး မီမီပေါ့'
'ဟင် ဘာလို့သူကငါတို့၂ယောက်ကိုအဲ့လိုကြည့်နေရတာလဲ'
'နင်ကလည်း အ လိုက်တာ ဇင်ကို့ကိုကြိုက်နေလို့ပေါ့ဟ နင်ကလည်း 'ချစ်ရဲ့အပြောကြောင့်ကျွန်တော်တို့စိုးရိမ်ထိတ်လန့်နေရတယ် မီမီဆိုတဲ့ကောင်မလေးက သဲကိုအရာရာမနာလိုနေတဲ့သူတစ်ယောက်ပေါ့
ချစ်ရဲ့စကားတွေကြောင့်သဲမျက်နှာလေးညိုးသွားတာ
ကျွန်တော်သတိထားမိတယ် 'သဲရယ်စိတ်ထဲထားမနေပါနဲ့'လို့ကျွန်တော်ကပြောလိုက်တယ်
'ကိုရယ် စိတ်ထဲမထားလို့ရမလား မီမီကြောင့် ကို သဲကိုထားသွားရင်ဘယ်လိုလုပ်မလဲ'ဆိုပြီးသဲရဲ့အမေးကြောင့်
'စိတ်ချ ကို သဲကို ဘယ်တော့မှမထားသွားဘူး ကိုကသဲတယောက်တည်းကိုပဲချစ်တာ တခြားဘယ်သူ့ကိုမှမချစ်ဘူး ဟုတ်ပြီလား'ကျွန်တော်သဲကိုရင်ခွင်ထဲထွေးပိုက်ပြီးပြောနေလိုက်မိတယ် 'အေး နင်တို့၂ယောက်ပြောလို့ပြီးပြီမလား အာ့ဆိုမုန့်သွားစားရအောင်'
'ချစ် နင်အခုလေးတင်ပဲမုန့်စားလာတာမဟုဘူးလား'
'ဟုတ်တယ်လေ ဒါမဲ့စားသလောက်ကိုမဝင်ဘူးဖြစနေတာ သဲရဲ့😆😆'
'ဇင်ကို ငါ့မှာပိုက်ဆံမရှိတော့ဘူး ငါ့ကိုမုန့်ဝယ်ကျွေးရမှာနော်'
'အေးပါ နင်ကလည်း လာ သွားကြမယ်'
မုန့်ဆိုင်ရောက်တော့'ဟဲ့ ဇင်ကို ငါကြိုက်သလောက်စားလို့ရတယ်မလား'
'ဟုတ်ကဲ့ အဝသာစားပါ မယ်မင်းကြီးမရယ်😆😆'
မုန့်လည်းစားပြီးတော့'ဟဲ့ သဲ ၄နာရီထိုးနေပြီ'
'အာ ဟုတ်သားပဲမေ့နေတာ'
'ဘာဖြစ်လို့လဲ သဲရဲ့'ကျွန်တော်မေးလိုက်တော့
'အော် မေ့မေ့ကို၎နာရီအရောက်ပြန်လာမယ်လို့ပြောခဲ့တာလေ အဲ့တာကြောင့်မို့ ကို သဲသွားတော့မယ်နော်'
'အင်း'
'သဲ ငါတို့၂ယောက်တော့နင့်အိမ်ပြန်ရောက်ရင်နင့်အမေငေါက်တာ ခံရမလားတောင်မသိဘူးနော်'
'အေး'
အိမ်ပြန်ရောက်တော့ 'သမီးတို့ဘာစားပြီးကြပြီလဲ'ဆိုတဲ့
သဲအမေရဲ့အမေးကြောင့်သဲရောချစ်ရောလန့်သွားခဲ့ရတယ် 'အော် အန်တီချစ်တို့ ဘာမှမစားရသေးပါဘူး'
'ဘာမှမစားရသေးရင် တခါတည်းစားသွားလေ သမီး'
'ဟုတ်ကဲ့ အန်တီ'ဆိုပြီးဝင်စားနေတယ် သဲကတော့
ချစ်ကို စိတ်လေတယ်ဆိုတဲ့ မျက်နှာနဲ့ခေါင်းခါပြပြီး
ကြည့်နေတယ် 'ချစ် နင်လူရောဟုရဲ့လား စားလည်းစားနိုင်တယ်နော်'
'ဟာ နင်ကလည်း မစားရင်အန်တီငါတို့ကိုသံသယဝင်သွားမှာပေါ့ ပါးစပ်ထဲ မဝင်ဝင်အောင်သွပ်ရမှာပေါ့😆😆(တော်တော်လည်းအစားကြီးပါ့နော့်)
'အန်တီ သမီးပြန်လိုက်ပါအုံးမယ်'
'ချစ်ပြန်တော့မို့လား'
'ငါကမပြန်လို့ဘာလုပ်နေရမှာလဲ'
'အေး အာ့ဆို ကောင်းကောင်းပြန်နော်'
'အေး'
ညရောက်တော့ ကို့ဆီကMessage၁စောင်ဝင်လာတယ်'သဲအိပ်ပြီလား'
'မအိပ်သေးပါဘူး ကိုရဲ့ ဘာလို့လဲ'
'ကိုက သဲကိုအကြောင်းရှိမှပြောရမှာလား'
'မဟုပါဘူး ပြောလေ ကို'
'သဲတို့အိမ်ပြန်ရောက်တော့ သဲတို့ကို သဲမေမေကငေါကိသေးလား'
'မငေါက်ပါဘူး ချစ်ကိုထမင်းတောင်ကျွေးလိုက်သေးတယ် ချစ်လည်းထမင်းစားပြီးမှပြန်သွားတာ😆😆'
'အဲ့ကောင်မလေး ပါးစပ်ထဲဝင်သေးတယ်ပေါ့ဟုတ်လား'
'ဟုတ်တယ် သဲလည်းချစ်ကိုအဲ့တာပြောနေတာ'
'အင်း သဲ ညဥ့်နက်တဲ့ထိgameမဆော့နဲ့'
'ဘာလို့လဲ ကိုရဲ့'
'ကိုယ့်ချစ်သူလေး အိပ်ရေးမဝမှာကြောက်လို့ပေါ့'
'အင်းပါ အရမ်းချစ်တယ်နော် ကို'
'သဲ ဘာဖြစ်နေတာလဲ'
'ဘာလို့လဲ ကိုရဲ့'
'သဲကဒီနေ့ကျမှ သဲဘက်ကအရင်ချစ်တယ်ပြောလို့လေ'
'သဲစိတ်ကူးပေါက်လို့ပါ နောက်နေ့ကျရင်လည်း သဲစိတ်ကူပေါက်ရင်ပေါက်သလို သဲအရင်ပြောမယ် ဟုတ်ပြီလား'
'အင်းပါ ကိုလည်း သဲကိုအများကြီးချစ်တယ်နော်'
'Good nightကို😍😍သဲကိုအိပ်မက်ထဲထည့်မက်နော်'
'အင်း good nightသဲ ကို့လည်းအိပ်မက်ထဲထည့်မက်နော်😍😍'
'အင်း သဲအိပ်တော့မယ်နော်'
'အင်း'

ကျွန်မရဲ့ficလေးကိုအားပေးကြအုံး အမှားပါရင်လည်းခွင့်လွှတ်ပါ တောင်းပန်ပါတယ် ဝေဖန်ပေးကြပါ

ပထမဆုံးမို့Where stories live. Discover now