'ချစ် ဒါနဲ့လေ ငါမသိတာတခုရှိတယ်သိလား´
'အင်း ပြောလေ ဘာလဲ´
'တကယ်တမ်းဆိုရင်လေ ငါတို့၂ယောက်အကြောင်းကို
ငါတို့ကလွဲပြီး တခြားဘယ်သူမှမသိဘူးလေ အဲ့တာကို ငါ့မေမေက ဘယ်လိုများသိလဲမသိဘူးနော် ´
'နင်ကလည်း ဘယ်သူရှိရမှာလည်း သာသနာဖျက်မ မီမီနေမှာပေါ့ဟ သူကနင့်ကိုနဂိုတည်းက မနာလိုနေတာလေ ´
'အေး ဟုတ်တယ်နော် ငါလည်းသူ့ကိုမစဉ်းစားမိဘူး
ဒါမဲ့ ငါနဲ့ကိုနဲ့က ဘယ်တော့မှမဖြစ်နိုင်တော့ဘူးဆိုတာငါသိတယ် အဲ့တာကြောင့် မီမီလိုချင်ရင်လည်းယူရင်ယူပါစေတော့ ငါလှူတယ်လို့ပဲ သဘောထားလိုက်တော့မယ်´
'မယ်မင်းကြီးမ အလှူအတန်းတွေတအားရက်ရောလွန်းလို့ နင်ပိုင်ဆိုင်သမျှဟာတွေလည်းအကုန်ပါသွားအုန်းမယ် သတိထားနေ ခ်ခ်´
'အေးပါဟယ်´
သူငယ်ချင်၂ယောက်စကားထိုင်ပြောနေတာတော်တော် တောင်ကြာသွားတယ် နေ့လည်တောင်ရောက်လို့ရောက်သွားမှန်းမသိ။
'ချစ်ကြည့်စမ်း ငါတို့၂ယောက်စကားကောင်းနေတာ နေ့လည်တောင်မှ ကျော်သွားပြီ ကဲ...ငါကိုနဲ့သွားတွေ့လိုက်အုံးမယ် နောက်တောင်ကျနေပြီပဲ ချစ် တာာ့တာနော်´
'ကြွပါ ကြွပါရှင် မယ်မင်းကြီးမ´
သဲ၁ယောက်ပြေးသွားတဲ့ ပုံကိုကြည့်ပြီး'နင့်အစား ငါရင်လေးမိတယ် သဲရယ် ဒီလိုပုံစံမျိုးနဲ့သာဆိုရင် နင်နောက်ထပ်
ပြသနာတွေအများကြီးရင်ဆိုင်ရမှာ ငါကြိုသိနေတယ်သဲရယ်´ကော်ဖီသောက်ရင်းချစ်၁ယောက်စိတ်ထဲရေရွတ်နေမိတယ်
ဇင်ကို၁ယောက်စောင့်နေရတာကြာသော်
'သဲဘာများဖြစ်နေပြီလဲမသိဘူး ငါစိတ်ပူလိုက်တာကွာ
တော်တော်ကြာနေပြီ ဖုန်းဆက်တာလည်းမကိုင်ဘူး´
'sorry ကို သဲနောက်ကျသွားတယ် ခ်ခ်´
'ဘာလို့နောက်ကျနေတာလဲ ကို့မှာစိတ်ပူနေတာ´
'ဟို......လမ်းမှာကားပိတ်နေလို့ အဲ့တာကြောင့်´
'အင်းပါ သဲဘာမှမဖြစ်ရင်ပြီးရော´
'ပြောပပါအုံး ရုတ်တရက်ကြီးကို့ကိုချိန်းရတဲ့ကိစ္စလေး´
'ဘာလဲ ကိုယ့်ရည်းစားကိုမချိန်းရဘူးလားပြော´
'မဟုပါဘူး ကိုယ်က သဲဘက်က အရင်တုန်းက တခါမှမချိန်းဖူးတော့ ကိစ္စ၁ခုခုရှိမယ်ထင်လို့´
'အော် ကိစ္စလားရှိတာပေါ့ ရှိတာမှ အကြီးကြီးကိုရှိတာ´
'အင်း ပြောလေ´
'ဇင်ကို´
'သဲ ကို့ကိုဘယ်လိုကြီးခေါနေတာလဲ သူစိမ်းဆန်လိုက်တာ အရင်ကသဲဒီလိုမခေါဖူးပါဘူး ကိုယ် ဘာအမှားလုပ်ထားလို့လဲဟင်´
'ဇင်ကို နောက်လည်းငါနင့်ကို ဒီလိုပဲသူစိမ်းဆန်တော့မှာ
အဲ့တာကြောင့်.....ငါတို့လမ်းခွဲရအောင်´
'ဘာ.....မဖြစ်နိုင်တာကွာ သဲရာ သဲကိုယ့်ကိုနောက်နေတာမလား ဟုတ်တယ်မလား ဟုတ်တယ်မလားလို့ ကိုယ့်ကိုဟုတ်တယ်လို့ပြောနော်´မျက်နှာပျက်စွာဖြင့်သဲကို မေးနေမိတယ်
'ဒီမှာ ဇင်ကိုငါနင့်ကို အတည်ပြောနေတာ ငါ့ရုပ်ကနောက်နေတဲ့ပုံနဲ့တူလို့လားဟမ်´
'အေးပါ အာ့ဆိုလည်း ငါ့ကိုခိုင်လုံတဲ့အကြောင်းပြချက်ပေး နိုင်မှကိုယ်သဲကို လမ်းခွဲပေးမယ် ´
'အေးအာ့ဆိုလည်း ငါပြောမယ် ငါနင့်ကိုမချစ်တော့ဘူးဇင်ကို´ခပ်တည်တည်ဖြင့်ပြောလိုက်တယ်
'ဘာ ကိုယ်တို့မနေ့ကထိကိုချစ်ခဲ့ကြတယ်လေ သဲဘာတွေပြောနေတာလဲခုမှရုတ်တရက်ကြီး...´
'ဘယ်ကသာရုတ်တရက်ကြီးဖြစ်ရမှာလဲ ငါပြောပြမယ်သေချာနားထောင်ဇင်ကို နင်ငါ့ကိုအဖြေတောင်းတုန်းကငါလွယ်လွယ်နဲ့နင့်ကိုအဖြေပေးခဲ့တယ် နင်စဉ်းစားကြည်လေ ဘယ်မိန်းကလေးကမှယောက်ျားလေးတယောက်ကို လွယ်လွယ်နဲ့အဖြေမပေးဘူးဇင်ကိုရဲ့ အေး ငါနင့်ကိုအပျော်သက်သက်ပဲကစားခဲ့တာ နင့်ကိုဘယ်တုန်းကမှ အတည်မချစ်ခဲ့ဖူးဘူး ငါနင့်ကိုတွေ့ရင်စိတ်လှုပ်ရှားတာကို
ငါ့ကိုယ်ငါချစ်တယ်ဆိုပြီးလုံးဝကိုအထင်မှားခဲ့တာ ဒါမဲ့အခုတော့သေချာသိလိုက်ပြီ ငါနင့်အပေါလုံးဝမချစ်တော့ဘူးဆိုတာ အရှင်းဆုံးပြောရရင်ငါနင့်ပေါချစ်တယ်ဆိုတာ ဟန်ဆောင်ခဲ့တာပဲ ငါလုပ်ခဲ့တဲ့အပြုအမူတွေ အကုန်လုံးက
အလိမ်အညာတွေချည်းပဲ ငါနင့်အပေါသံယောဇဉ်တစ်မျှင်တောင်မရှိဘူး ရှင်းလားးးး´
'မင်းးးးးးလုပ်ရက်လိုက်တာကွာ ငါ့ကိုဘာလို့အဲ့လိုလုပ်ရတာလဲ မင်းတော်တော်ရက်စက်တဲ့မိန်းမပဲ´ငိုသံဖြင့်မေးတယ်
'ငါနင့်ကိုမုန်းးလို့´
'ဘာ မုန်းလို့ဟုတ်လား´
'အေး ဟုတ်တယ် ငါနင့်ကိုစမြင်ကတည်းက ကြည့်မရခဲ့တာ ခုချိန်ထိပဲ´
'အေးပါ မင်းလိုမိန်းမနဲ့နောက်ထပ်မဆုံစည်းပါရစေနဲ့လို့ ငါဆုတောင်းတယ်သိလား ဖြစ်နိုင်ရင် မင်းနဲ့ငါဘယ်တော့မှထပ်မတွေ့ချင်တော့ဘူး ´လို့ပြောပြီး ကော်ဖီဆိုင်ထဲမှဇင်ကို၁ယောက်ထွက်သွားခဲ့တယ်